2020.02.17FOOD
ကိုရီးယားလူမျိုးသူရ ရဲ့ ကိုရီးယားကြက်ကြော်ဆိုင်သို့အလည်တစ်ခေါက်

ကိုရီးယားလူမျိုး စာဖိုမှုးသူရ ကိုယ်တိုင်ချက်ပြုတ်တဲ့ Korean Thura ဆိုတဲ့ ကြက်ကြော်ဆိုင်လေးဟာ ဆိုင်ဖွင့်စမှာ ကတည်းက နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မဟာ ကိုရီးယားသူရ ရဲ့ ကြက်ကြော်ဆိုင်ကို သွားပြီး သူ့ဆိုင်မှာ ရနိုင်တဲ့ Menu တွေအားလုံးကို မြည်းစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Korean Thura Chicken ဆိုတဲ့ ဆိုင်နာမည်နဲ့လိုက်ဖက်အောင် ကြက်ကြော် အရသာ အစုံအလင်ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ စုစုပေါင်း ကြက်ကြော် ၆ မျိုးရှိပါတယ်။
Thura Chicken (Original Taste)
Soy chicken
Spicy chicken
Galbi chicken
Mala chicken
Salt chicken (without sauce) တို့ပဲဖြစ်ပါတယ်။



8 တုံးကို 3500 တည်းရယ်၊ spicy မို့ sauce က အစပ်ပေါ့၊ sauce တွေ လက်မှာမပေချင်ရင် လက်အိတ်တောင်းလို့ရပါတယ်, အရသာက အသားထဲထိဝင်
ပွဲသေးနဲ့ ပွဲကြီးအလိုက်ရှိပြီး ပွဲသေးကတော့ ကြက်ကြော် 8 တုံးကိုမှ 3500 / 4000 ၀န်းကျင်နဲ့ ပွဲကြီးကတော့ ကြက်ကြော် ၁၂တုံးကို ၅၂၀၀ ကျပ်နဲ့ ၆၀၀၀ ကျပ် အသီးသီးရှိပါတယ်။ တကယ့်ကို စျေးသက်သက်သာသာနဲ့ တဝကြီးစားလို့ရမှာပါ။ 8 တုံးရတယ်ဆိုပြီး အသားတုံးသေးသေးလေးတွေမထင်နဲ့နော် ။ အရွယ်ကအလတ်စားတွေနော်။ ကြက်ကြော်၈တုံး မှာတဲ့အခါ ၄တုံးကို အရသာတစ်မျိုးစီမှာလို့လည်းရပါတယ်။




Thura တို့ဆိုင်မှာ လူကြိုက်အများဆုံး ကိုရီးယားစတိုင်ကြက်ကြော်အစပ်အရသာလေးပါ! Original korea style chicken ကိုမှ အစပ်အပြင်းစားအနှစ်လေးပေါင်းစပ်ထားတာမို့ အစပ်ကြိုက်သူတွေနဲ့ အသည်းစွဲဖြစ်နေတာပေါ့


Soy Chicken ကတော့ ကျွန်မ အကြိုက်ဆုံးပါပဲ။ အမှန်တိုင်းပြောရရင် ဆိုင်မှာ သူလေးကို အစားနည်းကြတယ်တဲ့….” ချိုရဲရဲကြီးများလား? ပဲငံပြာရည်ဆိုတော့ အရမ်းငန်နေမလား? ပါးစပ်အရသာတွေ့ပါ့မလား???🤔 ” စိုးရိမ်ပြီး သိပ်မစားရဲကြဘူးထင်ပါတယ်…ဒါပေမယ့် သူ့အရသာလေးက ဘယ်လိုပြောရမလဲပေါ့နော်….လူကို စွဲလမ်းသွားအောင်လုပ်နိုင်တဲ့ အရသာမျိုးလေး… အရမ်းကောင်းလွန်းလို့ သူမှ သူပဲ ထပ်စားချင်နေရောပါပဲ။ မြန်မာပါးစပ်နဲ့ အကိုက် အရသာလေးလေးပင်ပင်ရှိချက်က အသက်ပါပဲ။


နောက်ထပ် Recommend ပေးချင်တာကတော့ Korea မှာ အရမ်းကို Popular ဖြစ်နေတဲ့ Galbi ကြက်ကြော်လေးပါ!သူ့ရဲ့ ထူးခြားချက်က အနံလေးက အရမ်းမွှေးနေတာပဲ!လူကို အနံလေးမွှေးမွှေးလေးနဲ့ လုံးဝဆွဲဆောင်သွားတာ! အရသာကတော့ ပြောမနေနဲ့ လျှာပေါ်မှာစွဲနေရောပဲပ
ပွဲကြီးတစ်ပွဲမှာ…ထမင်း
၂လုံးနဲ့ သူငယ်ချင်း ၂ယောက်လာစားမယ်ဆိုရင်တော့ အံကိုက်ပါပဲ။
ဗိုက်တင်းကားသွားနိုင်ပါတယ်။
နောက်ထပ် ပဲခေါက်ဆွဲနဲ့ ကိုရီးယား Menu တွေလည်းရှိပါတယ်။ ပဲခေါက်ဆွဲကတော့ ဆိုင်တွေမှာရောင်းတဲ့
ပဲခေါက်ဆွဲ ပုံစံပါပဲ။ သိပ် မထူးဆန်းပါဘူး။
ကျွန်မကတော့ လှည်းတန်းရောက်တဲ့အခါ သင့်ကို Korea Thura ဆိုင်ကိုအရောက်သွားပြီး စားကြည့်စေချင်ပါတယ်။
Happy Hour (6pm to 9pm) အချိန်မှာ လာစားရင် ထမင်းတစ်လုံးလက်ဆောင်ပေးပါတယ်။

ဆိုင်လိပ်စာ- No(507) , ပြည်လမ်း, လှည်းတန်း၊ကမာရွတ်မြို့နယ်။ (Hleden
Center နဲ့ မေတ္တာဦးမျက်စိဆေးဆန်းကြား)
☎ဖုန်း -095053207/
09799900712
DELIVERY လည်းရှိတာကြောင့် ဖုန်းဆက်ပြီး မှာ စားလို့ရပါတယ်နော်။
By : Theingi Kyaw
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ