fb_icon

bnr_tob_1

2019.10.31TRAVEL

တောင်ဇလပ်တို့ရဲ့ အမိမြေ ချင်းပြည်နယ်မြောက်ပိုင်းက လေသာတောင် (ခေါ်) ကနေဒီတောင်ထိပ်ဆီသို့

ကနေဒီတောင်ဆိုတာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နားမှာရှိတဲ့ တောင်တစ်ခုပါ။လေသာတောင်တန်းပေါ်မှာရှိတဲ့ တောင်ထွတ်တစ်ခုဖြစ်ပြီး အမြင့်ပေ ၈၈၆၈ပေရှိပါတယ်။ အင်္ဂလိပ်ဗိုလ်ချုပ်ကြီးကနေဒီက ဂျပန်တွေနဲ့ စစ်တိုက်ရင်းနဲ့ပဲကျဆုံးသွားလို့ ကနေဒီတောင်လို့ ခေါ်ဆိုကြပါတယ်။ ချင်းဘာသာစကားနဲ့ကတော့ ထွမ်းဗုမ်းတောင်လို့ခေါ်ကြပါတယ်တဲ့။

ကနေဒီတောင်ကိုဘလိုသွားမလဲ?

တောင်တက်အဖွဲ့တွေကတော့ ကနေဒီတောင်ကို Hiking အနေနဲ့ တစ်ညအိပ်နှစ်ရက်တက်ကြပါတယ်။ အဲ့ဒါကတော့လုံးဝ Hiking စစ်စစ်ပါ။ သဒ္ဓါတို့က အဲ့လိုလဲမတက်နိုင်ဘူးဆိုရင်တော့ ရန်ကုန် – ကလေးကားစီးပြီး ကလေးကနေ ကနေဒီကိုသွားလို့ရပါတယ်။
ကလေးမြို့ကနေ ၂နာရီခွဲလောက်မောင်းရင် ကနေဒီတောင်ကိုရောက်ပါတယ်။ သိုင်းငင်ရွာနဲ့ တီးတိန်မြို့ကြားမှာတည်ရှိပါတယ်။ ရိဒ်ရေကန်သွားမယ့်လူတွေကတော့ လမ်းကြောင်းအသင့်ပါပဲ။ အဲ့ဒါကြောင့် ရိဒ်သွားမယ်ဆိူရင် ကနေဒီကိုတက်ဖို့လဲမမေ့ကြနဲ့နော်။

ကနေဒီတောင်တက်ကြမယ် 🌺

တောင်တက်လမ်းက Hiking လမ်းကြမ်းကြီးလိုမစုတ်တဲ့အတွက် အရမ်းစိတ်ပူစရာမရှိပါဘူးနော်။ ပြီးတော့ လမ်းတစ်ဝက်ကနေဖြတ်တက်တာဆိုတော့ မခက်ခဲပါဘူးဂ သဒ္ဓါတို့တက်တုန်းကဆို အသက် ရဝကျော်တောင်ပါသေးတယ်။ လမ်းကကျောက်သား ဆိုင်ကယ်လမ်းလေးဆိုတော့ အရမ်းကြီးမပင်ပန်းပါဘူး။Trekking shoe လေးနဲ့ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့နော်။ ကနေဒီတောင်ခြေမှာ ဆိုဇန် ဆိုတဲ့ ရွာလေးတစ်ခုတော့ရှိပါတယ်။ ပန်းသီးရွာလို့လဲခေါ်ကြတယ်။ ပန်းသီး၊ လိမ္မော်သီးနဲ့ organic အရွက်မျိုးစုံ ရောင်းကြတဲ့ရွာလေးပါ။ အဲ့ရွာလေးနားကနေ စတက်မယ့်နေရာကိုသွားရပါတယ်။ အတက်အဆင်း ၂ နာရီခွဲလောက်ပဲကြာပါတယ်။လမ်းတစ်လျှောက်လုံး ဘေးနားကရှုခင်းတွေ ငေးနေရတာနဲ့တင် မောလို့မောမှန်းသိမှာမဟုတ်ပါဘူး။နိုဝင်ဘာလကုန်လောက်ကနေ ဇန်နဝါရီလောက်ထိ တစ်တောင်လုံးမှာ တောင်ဇလပ်ပန်းတွေကို တွေ့မြင်ရမှာပါ။ တောင်ထိပ်နားလေးမှာ ဘိုတဲလေးလဲရှိပါတယ်။ ဘိုတဲမြင်ရင်တော့ တောင်ထိပ်ရောက်ဖို့ သိပ်မလိုတော့ဘူးလို့ မှတ်လို့ရပီပေါ့။ 😁

ဘိုတဲလေး
ပန်းသီးရွာမှာပန်းသီးဝယ်ကြမယ်
တောင်ထိပ်မရောက်ခင်လေး
ရှေ့မှာလာခဲ့လမ်းလေး

ချင်းပြည်ရဲ့တောင်တန်းတွေက ရှမ်းရိုးမကတောင်တန်းတွေနဲ့တော့မတူပါဘူး။ အမြင်လဲမတူသလို ခံစားရတာချင်းလဲမတူပါဘူး။ ကနေဒီတောင်ကိုရောက်ရင် အထီးကျန်တဲ့ ခံစားချက်လေး ခံစားရပါတယ်။ ခေါနူးစုမ်လို လူသူအရောက်အပေါက်ကလဲ မများတော့ လမ်းမှာကိုယ်တွေအဖွဲ့နဲ့ နွားနောက်ပဲရှိပါတယ်။ တစ်ခါတစ်လေတော့ တောင်ဆိတ်အုပ်လိုက်ကြီးကိုတွေ့ရမှာပါ။
တောင်ကမ်းပါးယံကနေ တက်တက်လာကြတဲ့ နွားနောက်တွေကြောင့်လဲ လန့်ပီး တောင်ကုန်းတေပေါ်က်ု ပြေးပြေးတက်ရတာလဲအမောပါ😖😖 အမှန်တော့ သူတို့ပါသူတို့နေတာပါ။ ကိုယ်တွေကိုဘာမှမလုပ်ပါဘူး။ တောင်ထိပ်ရောက်ပီဆိုရင်တော့ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုရယ်၊ စေတီတစ်ဆူရယ်၊ ဘုန်းကြီးကျောင်းတစ်ခုရယ်ကိုတွေ့မြင်ရမှာပါ။ တောင်ထိပ်ကိုရောက်အောင်တက်ပါ။ အဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရပါဘူးနော် 🥰 သဒ္ဓါ သုံးလလောက်ဆက်တိုက်ရောက်ဖူးပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် တွေ့ရတဲ့ အလှချင်းကမတူတော့ပါဘူး။ အဲ့ဒါကြောင့် တောင်ထိပ်ကိုရောက်အောင်တက်ပါနော်။

8868 ft
တောင်ဇလပ်တောအုပ်လေးထဲ
တောင်ဇလပ်ကြွေကြမြေခ
တောင်ဇလပ်ရယ် ကိုယ်ရယ်
Tee from Burmesevispo Clothing
ကျောက်နံရံကြီး
ဆရာမ ပုညခင် ရဲ့ တောင်တန်းတွေရဲ့အလွန်

ကနေဒီရဲ့ တိမ်ပင်လယ်☁️

တိမ်ပင်လယ်ကြီးနဲ့

တကယ့် အမေးဇင်း ပါနော်။ တိမ်ပင်လယ်ဆိုရင်နောင်ချိုတိမ်ပင်လယ်လောက်ပဲ မြင်ဖူးခဲ့တာ။ ကနေဒီရဲ့တိမ်ပင်လယ်နဲ့ကျမှပဲ အသက်ရှူတောင်ရပ်သွားမလိုပဲ။ တိမ်တိုက်အထူကြီးတွေနဲ့ ညနေခင်း တိမ်ပင်လယ်ကြီးကိုမြင်ရတဲ့ အရသာကတော့ ရူးခါလောက်အောင်ပါပဲ။ မျက်စိတစ်ဆုံးမြင်နေရတဲ့ တောင်ပြာတန်းတွေရယ် နေလုံးကြီးက တိမ်ပင်လယ်ထဲဝင်သွားတဲ့အတွက် ပုဇွန်ဆီရောင်သန်းနေတဲ့ ကောင်ကင်ကြီးရယ်၊ တောင်ဇလပ်တွေရယ် လှရက်လိုက်တာ။ တိမ်ပင်လယ်မြင်ရဖို့ကတော့ သဒ္ဓါလဲအတိအကျအာမ မခံပါဘူးနော်။ အောက်တိုဘာလကနေ စပြီးမြင်ရပါတယ်။ တစ်ခါတစ်လေ မြူအရမ်းများတဲ့ရက်ဆိုရင်တော့ မမြင်ရပါဘူး။
တိမ်ပင်လယ်ရှိလားမရှိလားဆိုတာ လမ်းမှာတည်းက ကောင်းကင်ကိုကြည့်ပြီးခန့်မှန်းလို့ရပါတယ်။ ☺️☺️

လှရက်လိုက်တာ အပြင်မှာပိုလှ
တောင်တန်းတွေရဲ့အလွန်
ကဲ pre wedding တေလာရိုက်ကုန်ပီ
Friendship goal
ဟိုးမှာ တောင်ထိပ်လေး
တောင်ထိပ်ပေါ်မှာ လုပ်ချင်တာ လုပ်နေကြသောဘူတစ်စု
တောင်ပြာတန်းတွေမှိုင်းနေတာပဲ —

ကနေဒီတောင်အဆင်းလမ်း

သဒ္ဓါတို့က ၂နာရီခွဲလောက်မှစတက်ဖြစ်တာမို့ အပြန်ကတော့ ၆နာရီလောက်ထိုးသွားပါတယ်။ တောင်စောင်းတစ်လျှောက် ကျက်စားနေတဲ့ နွားနောက်ကြီးတွေရဲ့ ခလောက်သံလေးနဲ့ တောင်ထိပ်ရဲ့ ချမ်းစိမ့်စိမ့်အရသာလေးနဲ့ တက်ညီလက်ညီပြန်ဆင်းလာကြပါတယ်။ အဆင်းခရီးကတော့ အကုန်လုံးသာသာယာယာပါပဲ 😁 အရမ်းတော့ ညမိုးမချုပ်စေနဲ့နော်

IG မှာလဲ ခရီးသွားဓာတ်ပုံတွေကြည့်လို့ရပါတယ်နော်
အဆုံးထိကြည့်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်🥰🥰🥰

ဆောင်ရန် / ရှောင်ရန်များ 📌📝

🔗 တောင်ဇလပ်ပန်းများကိုလုံးဝမခူးပါနဲ့။ တောင်ဇလပ်နဲ့ဓာတ်ပုံရိုက်ချင်ရုံနဲ့ ပန်းကိုမခူးဖို့ မေတ္တာရပ်ခံပါတယ်နော်။

🔗 အမှိုက်လုံးဝပစ်မချပါနဲ့ နော်

🔗 တောင်ကကျောက်သားတောင်မလို့ တောင်တက်မယ်ဆို trekking shoeကအသင့်တော်ဆုံးပါ။

🔗 ရေဘူးလေးတွေယူသွားပါ။ တောင်ပေါ်မှာဘာမှမရှိပါဘူး။

🔗 နွားနောက်သတိထားပါ။ မိုးနဲနဲရှိရင် ကျွတ်ပေါပါတယ်။ မိုးမရွာရင်တော့ ဘာမှမရှိပါဘူး။

🔗 လမ်းမှားတတ်လို့ လမ်းကြောင်းသေချာသိတဲ့လူနဲ့သွားပါနော်။

🤗🤗 ကဲ ဒီလောက်ဆို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် တောင်တက်ဖို့အတွက် အထောက်အကူလေးတစ်ခုဖြစ်မယ်ထင်ပါတယ်။
မြို့ပြရဲ့ဆူညံမှုတွေအဝေးကနေပြေးထွက်ပြီး တောင်တန်းတွေရဲ့အလွန်ကို တစ်ခေါက်လောက် စိတ်အပန်းဖြေကြည့်ပါ။ အသက်ငယ်တုန်း ကျန်းမာတုန်း မိမိကိုယ်မိမိ တခါလောက်တော့ ပြန်လည်ရှာဖွေကြည့်ပါ။ အကြံညဏ်အသစ်တွေ ထွက်လာမှာသေချာပါတယ်။ 😍

အချိန်ပေးပြီး အဆုံးထိဖတ်ပေးတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင့် 🥰🥰🥰

TDsTravelNotes #Kennedypeak

NorthernChin #Travelholic #Myanmar

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img