2019.11.08TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း

ညောင်ဦးဖီးအကြောင်းရေးမယ်လို့စဉ်းစားလိုက်တော့မိုးတွင်းသွားလို့မရတော့လို့မိုးကုန်ခါနီးမှရေးမယ်လို့တွေးလိုက်တာပဲ။ဒါပေမယ့်လည်းbudgetသမားတွေပိုက်ဆံကြိုစုရအောင်လို့အခုကတည်းကရေးပေးလိုက်ပါတယ်။တကယ်တော့ညောင်ဦးဖီးကျွန်းဆိုတာကိုယ်လိုအရမ်းbudgetသွားတဲ့သူအတွက်တောင်နေရတာတန်လိုက်တာပိုက်ဆံကုန်ရတာတန်လိုက်တာဆိုပီးပြောမဆုံးပေါင်တောသုံးတောင်ဖြစ်ရတဲ့ကျွန်းပါပဲ။
ဘယ်မှာရှိတာလဲ
မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်းမြိတ်ကျွန်းစုတွေထဲကကျွန်းပေါင်း(၈၀ဝ)ကျော်မှာတစ်ကျွန်းပါဝင်တာဖြစ်တယ်။ကော့သောင်းမြို့ကနေတစ်ဆင့်သွားရတာဖြစ်တယ်။ညောင်ဦးဖီးကျွန်းပေါ်မှာVictoria cliff Hotel(Nyaungoophee)ဆိုပီးResortဆောက်ထားတာပါ။





ဘယ်လိုသွားရတာလဲ
ကော့သောင်းကနေမှ ညောင်ဦးဖီးကျွန်းကို Daytrip Overnight tripဆိုပီးမိမိနှစ်သက်သလိုသွားလို့ရပါတယ်။ညောင်ဦးဖီးကျွန်းကိုသွားချင်ရင်ကျွန်းရဲ့sale&serviceကိုစီမံခန့်ခွဲနေတဲ့TZK Hotel & Toursမှာpackageဝယ်ရပါတယ်။ကိုယ်သွားခဲ့တာကတစ်ညအိပ်packageပါ။packageထဲမှာကော့သောင်းကနေကျွန်းကိုအသွားအပြန်၊ကျွန်းပေါ်မှာနေတဲ့အချိန်အစားအသောက်ဘူဖေး၊snorkellingလုပ်တာတွေရော၊လှေလှော်တာတွေအတွက်ရောအကုန်အပီးအစီးပါဝင်ပီးသားပါ။overnight tripဆိုရင်အခန်းအမျိုးအစားလိုက်ဈေးကွာပါတယ်။ကိုယ်တွေတည်းခဲ့တာကတော့river view tentမှာပါ၊အဲဒါကဈေးအသက်သာဆုံးpackageပါ။အခြားVilla တို့ ဘန်ဂလိုတို့ဆိုရင်ဈေးကပိုများသွားပါတယ်။
Riverview tent➡️တစ်ယောက်ကို $228ပါ
Tentတစ်ခုမှာခုတင်နှစ်လုံးပါ ပါတယ်။တကယ်လို့သုံးယောက်မို့လို့extra bedထိုးချင်ရင် extra bedအတွက်က $214ပါ။စနေ တနင်္ဂနွေဆိုရင် $10ဈေးကြီးပါတယ်။ကြားရက်ဆိုရင်ဒီဈေးပါပဲ။

Tent ဆိုပေမယ့် အိမ်သာ၊ရေချိုးခန်းအကုန်တွဲရက်ပါတယ်။အဲကွန်းတော့မရှိဘူး၊air coolerထားပေးထားတယ် ၊မှန်တင်ခုံတွေဘာတွေနဲ့ပြည့်ပြည့်စုံစုံပါပဲ။ကျေးငှက်အသံတွေနဲ့တောထဲမှာအိပ်နေရသလိုပဲ။ကိုယ်တော့tentမှာတည်းရတာပိုသဘောကျတယ် ပင်လယ်မြင်ကွင်းနဲ့ဘန်ဂလိုတို့ဘာတို့ကချောင်းသာတို့မောင်းမကန်တို့မှာတည်းလည်းရတာပဲလေ။အဲလိုtentနဲ့ပြည့်ပြည့်စုံစုံတောထဲအိပ်ရတာမျိုးကသိပ်မရှိဘူးလေ။လူကြီးတွေ မိသားစုတွေနဲ့သွားရင်တော့ ဘန်ဂလိုတို့ villaတို့ကပိုအဆင်ပြေပါတယ်။


Credit-Khant Zin Wai
ကျွန်းပေါ်မှာညဆိုရင်မီးအကတွေလည်းကြည့်လို့ရတယ်။အခြားအကတွေ ဖျော်ဖြေတာတွေလည်းအစုံပါပဲ။ညစာလေးစားရင်းအဆိုအကဖျော်ဖြေတာတွေ မီးအလှပြကတာတွေကြည့်လို့ရပါတယ်။



Snorkellingလုပ်ရင် မသွားခင်သူတို့ကမ်းခြေမှာtrainingပေးပါတယ်။ရေမကူးတတ်တဲ့သူတွေကိုလည်းငုပ်နည်းသေချာလေးကိုသင်ပေးတာ။ကိုယ်ဆိုရေမကူးတတ်ဘူး ဒါမယ့် ဘောကွင်းလေးကိုင်ပီးငုပ်တာ အရမ်းအဆင်ပြေတယ်။ရေအောက်ကအလှတွေဆိုတာလှချက် ကိုယ်ဆိုခေါင်းတောင်မဖော်ဘူး ငုပ်တာငုပ်တာဆိုတာလေ😂😂









Kayakingလုပ်ဖို့အတွက်လည်းလှေလေးတွေထားပေးထားတယ်။တကယ်လို့ကိုယ်က ဖန်ကြည်လှေလေးတွေနဲ့လှော်ချင်ရင်တော့ပိုက်ဆံထပ်ပေးရတယ်။အဲကြောင့်ကိုယ်တော့ရိုးရိုးဖိုင်ဘာလှေလေးတွေနဲ့ပဲလှော်ခဲ့တယ်။
Divingလုပ်ချင်ရင်တော့သီးသန့် training ထပ်လုပ်ရပီးပိုက်ဆံလည်းထပ်ပေးရတယ်။
ကျွန်းတစ်ကျွန်းလုံးမှာအကြိုက်ဆုံးကတော့ပင်လယ်ပြင်ကြီးကြည့်ပီးရေကူးကန်မှာရေစိမ်ရတာပဲ။မိုက်ချက်ဆိုတာလေ ကိုယ်တွေရေကန်ထဲကကိုမတက်ဘူး။ကျွန်းပေါ်ရောက်ကတည်းကပျော်တာဆိုတာ vitamin seaရဲ့အဓိပ္ပါယ်ကိုအဲရောက်မှပဲသဘောပေါက်သွားတော့တယ်။



ရန်ကုန်➡️ကော့သောင်း
-လေယာဉ်လက်မှတ်အသွားအပြန်နှစ်သိန်းကျော်လောက်ရှိပါတယ်
-ကားနဲ့ဆိုရင်တော့တိုက်ရိုက်expressတွေရှိတယ်
မိုးကောင်းကင်Expressစီးလို့ရပါတယ် 45500ပါ နာရီ20ကျော်လောက်စီးရပါတယ်
-ကော့သောင်းလမ်းကအကွေ့အကောက်အတော်များပါတယ်
ကော့သောင်းမှာတည်းခိုဖို့
-Victoria Cliff Hotel(Kawthaung)
-Mingalar panoramic sea view Hotel
-Pinguin Hotel
-Garden Hotel
-Budgetသမားတွေအတွက်ကတော့ Pinguinနဲ့Gardenမှာတည်းလို့ရပါတယ်
-ကော့သောင်းကVictoria cliff resortကတော့ရေကူးကန်နဲ့seaview နဲ့ဆိုတော့ တစ်သိန်းနှစ်သောင်းဝန်းကျင်လောက်ပေးရတယ် ဒါမယ့်ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ဝန်ဆောင်မှုကအရမ်းတန်ပါတယ်။အဲအတွက်bookingလုပ်ချင်ရင်Agodaကနေတိုက်ရိုက်လုပ်လို့ရပါတယ် အဲဒါကပိုသက်သာတယ်။သူတို့ဆီတိုက်ရိုက်bookingလုပ်တာအချို့အခန်းတွေမရှိတော့ပေမယ့် Agodaကလုပ်တော့အခန်းတွေရှိနေတတ်တာမျိုးလည်းရှိပါတယ်။
ကော့သောင်းကလည်စရာတွေ
-ဝိတိုရိယအငူ
-ဘုရင့်နောင်ကုန်း


-မလိဝမ်းရေတံခွန်
-အောင်သပြေရေပူစမ်း
-သူဌေးကျွန်းအပန်းဖြေဟိုတယ်
-ပြည်တော်အေးစေတီ
-ငါးသုံးလုံးတောင်
အဲဒါတွေလည်လို့ရပါတယ်
ကိုယ့်အစီအစဉ်နဲ့ကိုယ်မလာချင်ရင်TZK Tour မှာရန်ကုန်ကနေကော့သောင်းအလည်အပတ်အပီးအစီးpackageဝယ်လို့ရတယ်ပြောတယ် အသေးစိတ်ကို TZK Tour မှာစုံစမ်းလို့ရပါတယ်။ကိုယ်တွေကမြိတ်ကနေသွားတာတစ်ယောက်ကိုငါးသိန်းဝန်းကျင်လောက်ကုန်ပါတယ်။ညောင်ဦးဖီးမှာတစ်ည၊ကော့သောင်းvictoriacliffမှာတစ်ည၊သူဌေးကျွန်းဟိုတယ်မှာတစ်ညအိပ်ခဲ့တယ်။
My itinerary
Day1➡️ မြိတ်-ကော့သောင်း
Day2➡️ကော့သောင်း-ညောင်ဦးဖီးကျွန်း
Day3➡️ညောင်ဦးဖီးကျွန်း-သူဌေးကျွန်း(ကော့သောင်းမှာပြန်အိပ်လည်းရပါတယ် သူဌေးကျွန်းမရောက်ဖူးလို့သွားလည်ရင်းနေဖြစ်သွားတာ သိပ်အဆင်မပြေပါဘူး)
Day4➡️သူဌေးကျွန်း-ကော့သောင်း-မြိတ်
မရှင်းလင်းတာများ ထပ်မံသိလိုသည်များရှိပါကcbမှာလာရောက်မေးမြန်းနိုင်ပါတယ်။အသေးစိတ်သိလိုပါက TZK Tourကိုလည်းမေးမြန်းလို့ရပါတယ်။အရမ်းစိတ်ရှည်ပီးသဘောကောင်းပါတယ်။Kawthaung Victoria cliff ကော ညောင်ဦးဖီးvictoriacliff အတွက်ကောသူတို့ကိုအားမနာတမ်းမေးလို့ရပါတယ်။
TZK Tour (Kawthaung )➡️09262230660
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ