2020.01.21FOOD
ကရင်အစားအစာများနဲ့ ကရင်ခေါင်ရည်၊ ကယားခေါင်ကျရည်များ ရှိရာ

ရန်ကုန်မှာ ရိုးရားအစားအစာတွေက နောက်ပိုင်းအစားများလာကြပါတယ်။ အနောက်တိုင်းအစားအစာတွေတောင်စားပြီး မြန်မာပြည်ရဲ့ ပြည်နယ်ခွဲတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်က အစားအသောက်တွေကို မစားဖူးသေးရင် မြန်မာလူမျိုး မပီသရာ ကြမှပေါ့။ အခုပြောပြပေးမယ့်ဆိုင်လေးက ကရင်ရိုးရာအတိုင်း စားသောက်ရမယ့် ဆိုင်လေးတစ်ဆိုင်ပါ။

အစားအစာများထဲမှ ဒီတစ်ခါတော့ Yangon Style တို့ရောက်ရှိခဲ့တဲ့ နော်တယာဆိုတဲ့
ကရင်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အစားအစာတွေဆိုရင် ရိုးရာအတိုင်းချက်ပြုတ်ပါတယ်။ စားခဲ့တဲ့အထဲကဆိုရင် ဆီပါတာဆိုလို့ ဟင်း တစ်ခွက်ပဲ ပါပြီး ဒါတောင် ပါတယ်ဆိုရုံပါတဲ့။ ဟင်း အကုန်လုံးက ဆီလုံး၀ သုံးမထားဘဲ အရသာရှိအောင်ချက်ထားတာပါ။ ဈေးတွေလည်း နှစ်ခါပြန်ကြည့်ရအောင် တန်လွန်းနေပြန်ပါတယ်။
သောက်စရာတွေအနေနဲ့ ကရင်ခေါင်ရည်ရသလို ကယားခေါင်ကျရည်လည်း ရလို့နေပြန်ပါတယ်။
၀န်ဆောင်မှုကောင်းသလို လိုလေသေးမရှိပါဘဲ။

ဓာတ်ပုံရိုက်ချင်သူတွေအနေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ကရင်အင်္ကျီလေးတွေ ၀တ်ပြီး ရိုက်လို့ရပါသေးတယ်။ ကရင် ရိုးရာ ပစ္စည်းလေးတွေ အမှတ်တရ၀ယ်ယူချင်ရင်လည်း ၀ယ်ယူလို့ရသေးတယ်။
အားနည်းချက်ဆိုရင် ဆိုင်လေးက နည်းနည်းကျဉ်းတာလေးတစ်ခုပါပဲ။ ကျန်တာလိုလေသေးမရှိပါဘဲ။
အလုံဘက်ရောက်ဖြစ်ခဲ့ရင် မှတ်တိုင်က ဂျန်မခါနာမှတ်တိုင်နဲ့ နီးပြီး အေးလမ်းထဲမှာပါ။ အထက်က၀င်မယ်ဆိုရင် ၀င်ရုံလေးနားမှာပါ။

စကောထမင်း (၂)ယောက်စာ ၈၀၀၀

စားဖြစ်ခဲ့တာကတော့ အစုံပါတဲ့ စကောထမင်းစားဖြစ်ခဲ့တယ်။ ဝါး သူ့ထဲမှာလည်း အရံဟင်းလေးတွေအစုံပဲ တောင်ယာဟင်း(သို့)ကရင်တောချက်၊ အသားသုပ် (ကြက်၊ ၀က်)၊ တာလပေါ့ဟင်းရည်၊ အရွက်သုပ်တစ်မျိုး၊ ငါးပိရည် တို့စရာအစုံ သူ့တင်ကို ကရင်စာ စုံနေပြီ။
တာလပေါ့ ချဉ်စပ် ၂၀၀၀

ကရင်ဆိုင်ရောက်ရင် တာလပေါ့ဟင်းရည်က မပါမဖြစ် စားသင့်တဲ့ အထဲမှာပါတယ်။ တာလပေါ့ဟင်းရည်ကို အချို၊ ချဉ်စပ်ရပြီး ချဉ်စပ်လေး သောက်ဖြစ်ခဲ့တယ်။ အလွတ်ဆို ၂၀၀၀ပဲဖြစ်ပြီး အသားနဲ့ ပင်လယ်စာတစ်ခုခုထည့်မယ်ဆို ၁၀၀၀ကျပ် ထပ်ပေးရပါမယ်။ အဲ့တစ်ထောင်က တော်တော်တန်တယ်။ ပုစွန်မှာလိုက်တာ ကြီးပြီး အများကြီးပဲ။ တာလပေါ့ တစ်ပွဲက ၃ယောက်လောက် အေးဆေးသောက်လို့ရတယ်။

ကရင်တောချက် (၀က်) ၂၅၀၀

ကရင် ၀က် တောချက်လေးလည်း စားဖြစ်ခဲ့တယ်။ တောချက်ဆိုတဲ့အတိုင်း ထမင်းမိန်စေတယ်။ အဆီတော့များတယ်။
ငှက်ပျောဖူးသုပ် ( ကြက် ) ၂၀၀၀

ကရင်အစားအစားတွေမှာ တာလပေါ့ဟင်းနဲ့ ငှက်ပျောဖူးသုပ်က အဓိက ကနေ ပါ၀င်တာမို့ ကရင်ငှက်ပျောဖူးသုပ်လေးလည်း စားဖြစ်ခဲ့တယ်။ ကြက်သားနဲ့ ယူလိုက်ပြီး ခါးသက်သက် ဆိမ့်ဆိမ့်လေးနဲ့ လက်က မချချင်အောင်ပါပဲ။
ငါးဆုပ်ဆန်လျော်ဟင်း ၂၀၀၀

ငါးဆုပ်ဆန်လှော်ဟင်းက အနှစ်ကောင်းပေမဲ့ ငါးဆုပ်က နည်းနည်းလေးတယ်။ သိပ်တော့အဆင်မပြေခဲ့ဘူး။ စားမယ်လို့ ရည်ရွယ်ထားရင် အပေါ့လုပ်ခိုင်းပါ။

ဆိုင်လေး သွားစားဖြစ်ခဲ့ရင် ကယားခေါင်ကျရည်လေးလည်း သောက်ခဲ့ပါ။ အစားအသောက်တွေနဲ့ ကရင်ရောက်ပြီးပြီဆိုတော့ ကယားခေါင်ရည်လေးနဲ့ ပိုစုံတာပေါ့။ ကရင် ခေါင်ရည်က ၆၅၀၀ကျပ် ဖြစ်ပါတယ်။ ကယားခေါင်ရည်ဆိုရင် ဗူးသေး၊ ဗူးကြီးရှိပြီး ဗူးသေး ၁၀၀၀နဲ့ ဗူးကြီး ၂၀၀၀ကျပ်ပါပဲ။



ဆိုင်လိပ်စာလေးလည်း သိသွားပြီဆိုတော့ ရန်ကုန်မှာရှိတဲ့ ကရင်စာစစ်စစ်ရတဲ့ နော်တ
ယာမှာ ဆုံလိုက်ကြပါစို့ဗျာ။
ဆိုင်လိပ်စာလေးကတော့
“ နော်တယာ”
ကရင်ရိုးရာ အစားအစာဆိုင်
အမှတ်(၃၅)၊ အေးလမ်း၊ အလုံမြို့နယ်။
09-792243412, 09-788248939
By : Nay
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ