bnr_tob_1

2020.09.08SOCIAL

သနားစရာ လူသားများ

လူသားတစ်ယောက် ဖြစ်လာကတည်းက အခြေခံစိတ်ဓာတ်ဆိုတာ ပါလာစမြဲပါ။ အခြေခံစိတ်ဓာတ် အားနည်းသည့် လူများသည် အလွန်ကို သနားစရာကောင်းလွန်းလှပါတယ်။ ယခုခေတ်အခါသည် အပြိုင်အဆိုင်ပိုများခြင်းကြောင့် အကုသိုလ် စေတသိက်နှစ်ပါး ဖြစ်သော ဣဿာ၊ မစ္ဆရိယ (မနာလို၊ ဝန်တို) စိတ်တွေသည် ပိုမိုထွန်းကားနေပါတယ်။

ဘယ်လိုလူတွေက မနာလိုဝန်တိုစိတ် ဖြစ်ကြလဲ

“ ကိုယ်ထက်သာ မနာလို” ဆိုသည့် စကားအတိုင်းပါပဲ သူတို့ထက်သာလိုမနာလိုကြတာပါ။ တစ်နည်းပြောရရင်တော့ သင့်ဟာ အခြားသူတစ်ယောက်ရဲ့ မနာလိုခြင်းခံနေရပြီဆိုလျှင် သင်ဟာ သူတို့ထက်သာလွန်ခြင်း၊ သင်နှင့်ပတ်သက်ပြီး သူတို့မှာကြောက်စိတ်ရှိနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ခေတ်စကားအရဆို J ဝင်နေကြတာပေါ့၊ အဲဒီ J လူသားတွေသည် ကိုယ့်ကိုကိုယ် မလုံခြုံသည့် ယုံကြည်မှုပျောက်ဆုံးနေသည့် ခံစားမှုများ၊ ကြောက်ရွံ့အားငယ်သည့် ခံစားမှုတွေပါဝင်နေကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေခဲ့လျှင် သူများကိုမနာလိုစရာ အကြောင်းကိုမရှိပါဘူး။ မနာလိုစိတ်သည် အခြေခံစိတ်ဓာတ်အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ မနာလိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်းကို အခြေခံခြင်းကြောင့် စိတ်ရောဂါတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သတ်မှတ်ထားကြပါတယ်။

J လူသားတို့၏ စိတ်ခံစားချက် နှင့် သဘောသဘာဝများ

ထိုသူတို့သည် ကိုယ့်စိတ်ကို လိမ်ညာဖြေသိမ့်နေရသူတွေ ဖြစ်ပါတယ်။ မိမိသာ ကိုယ့်ကိုကိုယ် အကောင်းဆုံးထင်ရင် မနာလိုရသည့် သူဆိုတာ ပေါ်မလာခဲ့ဘူးဆိုတာကို J လူသားတို့လက်မခံနိုင်ခြင်း၊ သူတို့အပြစ်တင်ဝေဖန်နေသည့် သူအတိုင်း အတုခိုးနေထိုင်ခြင်း၊ အခြားသူအား အပြစ်တင်ဝေဖန်နေသော်လည်း မသိစိတ်မှာ ထိုသူထက် မိမိမှာနှိမ့်ကျနေတယ်လို့ ခံစားရခြင်း တို့ဖြင့် ကိုယ့်ကိုကိုယ်လိမ်ညာနေခြင်း ဖြစ်ပါတယ်။ J လူသားတို့ရဲ့ ပထမအဆင့်မှာ ဒေါသစိတ် နှင့် အကုသိုလ်တို့ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ဖြစ်ပေါ်လာတဲ့ ဒေါသမှတစ်ဆင့် မုန်းတီးခြင်းဟာ ထုထည်ကြီးမားစွာ ဝင်ရောက်နေပါပြီ။ အမုန်းတရားအားကြီးလာတဲ့အခါမှာတော့ အခြားသူရဲ့ ပျက်စီးရာပျက်စီးကြောင်းတရားတွေကို ဖန်တီးလာပါတော့တယ်။ နောက်ဆုံးဆင့်အနေဖြင့် အခွင့်အရေးရရင်ပဲဖြစ်ဖြစ်၊ အခွင့်အရေးကိုဖန်တီးယူတာပဲဖြစ်ဖြစ် ကြုံကြိုက်သည်နှင့် ချောက်ချခြင်း၊ ကုန်းတိုက်ခြင်း၊ အပုပ်ချခြင်း၊ မကောင်းသောနည်းလမ်းများသုံးခါ တိုက်ခိုက်ခြင်း စသည့် သိမ်ငယ်ယုတ်ညံ့သည့် လုပ်ရပ်များကိုပါ သံသရာမကြောက်ဘဲ လုပ်ဆောင်ပါတော့သည်။ သူတို့မသိခဲ့သည့်အရာကတော့ သူတို့ရဲ့မကောင်းသည့် လုပ်ရပ်များ တန်ပြန်ရောက်ရှိလာနိုင်ခြင်း နှင့် သူတို့ကိုယ်တိုင် အမြဲပူလောင်နေခြင်းတို့ပဲ ဖြစ်ပါတယ်။ မနာလိုစိတ်ရှိသည့် သူသည်အရှုံးသမား ဖြစ်ပါတယ်။ တခြားသူအား မကောင်းကြံပြီးမှ ရသောအခွင့်အရေး နှင့် အောင်မြင်မှုများအပေါ်မှာ တကယ့်ရော ကျေနပ်ဂုဏ်ယူနိုင်ပါရဲ့လား။

မနာလိုခြင်းကပေးသော ဆိုးကျိုးများ

မနာလိုသည့် လူဆိုတာ ပထမဦးဆုံး မိမိကိုယ်တိုင်ပူလောင်နေရသည့် လူများဖြစ်ပါတယ်။ ဘယ်သူ့အပေါ်မှာမှ ရိုးသားစွာမဆက်ဆံနိုင်သည့် အတွက် သူတို့တွေမှာ အမြဲဟန်ဆောင်ဖုံးကွယ်နေရသည့် ဒုက္ခမှာလည်းကြီးလွန်းပါတယ်။ အခြားသူတို့အား အမြဲပြိုင်ဆိုင်နေပြီး ထိုသူတို့လုပ်သမျှ၊ ပြောသမျှတိုင်းကို အသေးစိတ်ကအစ အပြစ်တင်ပြောဆိုနေရသည့် အတွက် မနာလိုသူတို့ရဲ့ အပြောအဆို အနေအထိုင်တို့သည်လည်း အပျက်သဘောဆောင်သောကြောင့် လူမှုဆက်ဆံရေးမှာလည်း အားနည်းလာတိုက်ပါတယ်။ မနာလိုခြင်းကြောင့် စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေသာမက ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အစာအိမ် နှင့် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာတွေ၊ သောကတွေကြောင့် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကို နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကိုလေ့လာခဲ့တဲ့ University Of Gothenburg ရဲ့ သုတေသနအရ သိရှိရပါတယ်။

သင့်ကို အသားလွတ်ကြီး မနာလိုလိုက်ဖြစ်နေတဲ့ သူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးနိုင်ပါတယ်။ အဲလိုလူတွေ ကျေနပ်အောင်၊ ကြိုက်နှစ်သက်အောင် ဘယ်လိုနေနေ သူတို့ကတော့ မုန်းနေဦးမှာပါပဲ။ ကိုယ့်ဘက်ကတတ်နိုင်သလောက် သည်းခံပေးပါ၊ မေတ္တာထားကြည့်ပါ၊ သနားစရာကောင်းတဲ့ လူတွေလိုသတ်မှတ်ထားလိုက်ပါ၊ နောက်ဆုံးဘယ်လိုမှ သူဘက်ကမပြောင်းလဲဘဲ မုန်းနေသေးရင် သင့်ရဲ့ ဘဝထဲကရော ခေါင်းထဲကရော ထုတ်ပစ်လိုက်ပါ။ သူတို့ကို လျစ်လျှုရှုထားလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ လျစ်လျုရှုထားခြင်းဆိုသည်မှာ သူတို့တွေကြောင့် သင့်ဘက်ကခံစားမနေဘဲ မသိချင်ယောင်ဆောင် ခိုင်းတဲ့သဘောပါ။ ထိုသူတို့ရဲ့ အနီးမှာရှိနေဦးမယ်ဆိုလျှင်တော့ သင့်ကိုအချိန်မရွေး အန္တရာယ်ပေးနိုင်သောကြောင့် သင့်ဘက်က အမြဲသတိရှိနေဖို့တော့ လိုပါတယ်။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img