bnr_tob_1

2020.03.05ENTERTAINMENT

မြန်မာ ရုပ်ရှင်နှစ် ( 100 )ပြည့်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေ နဲ့ ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်

(Japanese Classic Film Festival) ကို ရန်ကုန်မြို့ ၊ဆူးလေဘုရားလမ်းမှာရှိတဲ့ နေပြည်တော် ရုပ်ရှင် ရုံမှာ မတ်လ ( 6 ) ရက်ကနေ ( 8) ရက်အထိ ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်မှာ 1935 ခုနှစ်က အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာဦးညီပုနှင့် ပူးတွဲ ဂျပန်ဒါရိုက်တာ မစ္စတာ အဲဒမာဆယိုရိုရှိ တို့ရိုက်ကူးထားတဲ့ ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားကြီးကို ပြသသွားမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကြီးဟာ ပထမဦးဆုံး မြန်မာ ဂျပန် ရုပ်ရှင် ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကတော့ သရုပ်ဆောင် ဦးညီပု၊ မောင်မောင်စိုး၊ မောင်စံညွန့်နဲ့ ဂျပန်မင်းသမီး မိဆုကိုတကရို တို့ က ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

ဂျပန့်ရင်သွေး ရုပ်ရှင်ကားကြီးရဲ့ ဖလင်ကားထုပ်ကို ဂျပန် နိုင်ငံ အမျိုးသား ရုပ်ရှင်မော်ကွန်းတိုက်မှ သိမ်းဆည်းထားခဲ့တာဖြစ်ပြီး JMA GICA Lab.Inc က ဒစ်ဂျစ်တယ် စနစ် ကိုကူးပြောင်းဖို့ လုပ်ဆောင်ပေးခဲ့ပြီး အေဝမ်းဖလင်နဲ့ Save Myanmar Film တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရုပ်ရှင်ကားကြီးဟာ ဖလင်ရုပ်ရှင်ကနေ ခေတ်မီနည်းစနစ်တွေနဲ ့ ဒစ်ဂျစ်တယ် စနစ်ရုပ်ရှင်ကို ပြန်လည်ပြု ပြင် ထိမ်းသိမ်းထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး ( 88) မိနစ်ကြာတဲ့ အဖြူအမည်း အသံထွက် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။

ဂျပန် ရင်သွေ ရုပ်ရှင်ကားကြီးနဲ အတူ ဂျပန်ရုပ်ရှင်ကားတွေဖြစ်တဲ့ My Neighbor Totoro ( 1988) ၊ Godzilla ( 1954) ၊ Rashroom ( 1950) ၊ Tora -san, The Lovable Tramp ( 1969) နဲ Tokyo Story ( 1953 ) စတဲ့ ရုပ်ရှင်ကား ( ၆ ) ကားကို ပြသသွားမှာ ဖြစ်ပါတယ်။

ဒီ ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော်ကို ဂျပန်အစိုးရ အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Agency For Cultural Affairs၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို ့က
ကြီးမှူးကျင်းပတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ဝသာန် ရုပ်ရှင် ပွဲတော်နဲ့ Save Myanmar Film တို့က မြန်မာ့ရုပ်ရှင် နှစ် ( 100) ပြည့် အထိမ်းအမှတ် အနေနဲ့. ပူးတွဲကျင်းပတာပဲ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတော့ မတ်လ ( 6) ရက် ညနေ ( 5း30) မှာ ပြုလုပ်မှာဖြစ်ပြီး ဂျပန် ရင်သွေး ရုပ်ရှင်ကားရဲ့( DCP ) ကို ဂျပန်သံရုံးမှ ပြန်ကြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။

အဖွင့်ရုပ်ရှင်ဇာတ်ကားကို ဂျပန် ရင်သွေးဇာတ်ကားဖြင့် မတ်လ ( 6) ရက် ညနေ ( 5း30) ဖွင့်ပွဲအပြီး ညနေ ( 6း30) မှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်ကားတွေကို နေပြည်တော်ရုပ်ရှင်ရုံမှာ အခမဲ့ ပြသပေးမှာဖြစ်ပြီး ပွဲမစတင်မီ တစ်နာရီအတွင်း လက်မှတ်တွေကို လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img