bnr_tob_1

2020.07.01SOCIAL

ဂျပန်ရိုးရာဝတ်စုံ (သို့) Kimono

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ ယဉ်ကျေးမှုဓလေ့ထုံးစံများအရ ကိုယ်ပိုင်ရိုးရာဝတ်စုံများ ရှိကြပါတယ်။ မြန်မာနိုင်ငံ မှာလည်း မြန်မာရိုးရာဝတ်စုံရှိသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မိတ်ဆွေ ဂျပန်နိုင်ငံမှာလည်း ဂျပန်ရိုးရာ ဝတ်စုံဆိုတာ ရှိပါတယ်။ Yangon Style ကနေ စာဖတ်ပရိသတ်ကြီးကို ဂျပန်ရိုးရာဝတ်စုံ ကီမိုနိုအကြောင်း ကို ပြောပြပေးချင်ပါတယ်။

ကီမိုနို (Kimono) ဆိုရင်တော့ ဂျပန်ရိုးရာဝတ်စုံမှန်း လူတိုင်းနီးပါး သိကြမှာပါ။ ဂျပန်နိုင်ငံကို ကိုယ်စား ပြုတဲ့ ရိုးရာဝတ်စုံကီမိုနိုဟာ ကမ္ဘာနဲ့တဝှမ်းမှာ လူသိများထင်ရှားတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ ကီမိုနိုရဲ့ သဘာဝလှပ မှု၊ ဝတ်စုံမှာ ဖော်ကျူးထားတဲ့ ဒီဇိုင်း၊ အရောင်အဆင်းနဲ့ အသုံးပြုတဲ့ ပိတ်စရဲ့အရည်အသွေးတို့ဟာ ဂျပန်နိုင်ငံရဲ့ ရိုးရာကို အဆင့်အတန်းမြင့်မြင့် လူသိများစေခဲ့တာပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ရှေးယခင်က ဂျပန်လူမျိုးတွေဟာ ကီမိုနိုကို နေ့စဉ်ဝတ်စားဆင်ယင်ခဲ့ကြသော်လည်း ယ နေ့ခေတ်မှာတော့ နေ့စဉ်ဝတ်စားဆင်ယင်ခြင်းကနေ ရိုးရာအခမ်းအနားပွဲတွေမှာသာ ဝတ်ဆင်တဲ့ ရိုးရာဝတ်စုံအဖြစ် မြတ်နိုးစွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ကီမိုနိုကို များသောအားဖြင့် ရိုးရာအခမ်းအနားတွေ ဖြစ်ကြတဲ့ မင်္ဂလာဆောင်အခမ်းအနား၊ အရွယ်ရောက်သူများနေ့အခမ်းအနားနဲ့ တခြားသော အရေးကြီးပွဲအခမ်း အနားတွေမှာ ဝတ်ဆင်ကြပါတယ်။
ဂျပန်လူမျိုးတို့ရဲ့ ကီမိုနိုဝတ်စုံဟာ သမရိုးကျဝတ်ဆင်မှုထက်ပိုတဲ့ ထူးခြားတဲ့အဓိပ္ပါယ်တွေလည်း ရှိနေပါတယ်။

ကီမိုနိုဝတ်စုံကို အသက်အရွယ်နဲ့ အိမ်ထောင်ရေးအခြေအနေပေါ်မူတည်ပြီး အရောင်နဲ့ ပုံစံတွေ ကွဲပြားစွာ ခွဲခြားထားပါတယ်။ ကီမိုနိုဟာ အရှည်အားဖြင့် ၃၉လက်မကနေ ၄၃လက်မထိရှိပါတယ်။ အထပ် ပေါင်းများစွာ ပါဝင်ပြီးအလွန်လေးလံတဲ့ ရိုးရာဝတ်စုံဖြစ်ပါတယ်။ Kimono ဝတ်စုံမှာ Yukata ,Hakama, Furisode ဆိုပြီး အမျိုးအစား ၃မျိုး ရှိပါတယ်။ တစ်မျိုးစီမှာလည်း ထူးခြားတဲ့အဓိပ္ပါယ်တွေနဲ့ ဝတ်စားဆင်ယင်ပုံ တွေ မတူကြပါဘူး။

Yukata ဝတ်စုံက Kimono နဲ့ပုံစံတူသော်လည်း Kimonoကဲ့သို့လေးလံခြင်းမရှိပဲ ပေါ့ပါးလွတ်လပ်ပါ တယ်။ တန်ဖိုးအားဖြင့်လည်း သက်သာပါတယ်။ Yukata ဝတ်စုံကို ရှေးယခင်က ပေါ့ပေါ့ပါးပါး သွားလာရတဲ့ နေရာမျိုးတွေ၊ ဥပမာ -ဂျပန်ရိုးရာ ရေနွေးစိမ်ခန်းတွေ၊ တွေ့ဆုံပွဲတွေမှာ ဝတ်ဆင်လေ့ရှိကြပြီး နောက်ပိုင်းမှာ ရိုးရာဝတ်စုံအဖြစ်နဲ့ ပန်းပွဲတော်တွေ၊ မီးပန်းပွဲတွေလို ပျော်စရာပွဲအခမ်းအနားတွေမှာ ဝတ်ဆင်ခဲ့ကြပါတယ်။ အမျိုးသားတွေက အရောင်မှိုင်းမှိုင်း Yukata ဝတ်စုံတွေကို ရွေးချယ်ဝတ်တတ်ကြပေမယ့် အမျိုးသမီးလေးတွေ ကတော့ ချစ်စဖွယ်အရောင်ဒီဇိုင်းလေးတွေနဲ့ Yukata ဝတ်စုံတွေကို အဝတ်များတတ်ကြပါတယ်။

Hakama ဝတ်စုံက များသောအားဖြင့် အားကစားပြုလုပ်တဲ့နေရာမှာ အဝတ်များကြပါတယ်။ ရှေးခေတ် ကစစ်သူကြီးတွေ၊ တိုက်ခိုက်ရေးသမားတွေ အများဆုံးဝတ်ဆင်တတ်ကြပါတယ်လို့လည်း မှတ်သားရပါတယ်။ ယနေ့ခေတ်မှာတော့ Aikido , Judo , karate စတဲ့ဂျပန်ရိုးရာကိုယ်ခံပညာအားကစားတွေမှာ အများဆုံးဝတ် ဆင်ကြတဲ့အပြင် တက္ကသိုလ်ကျောင်းဆင်းပွဲတွေမှာလည်း ဂျပန်ရိုးရာဝတ်စုံ Hakama ကို ခမ်းခမ်းနားနား ဝတ်ဆင်ကြပါတယ်။

Furisode ဝတ်စုံကတော့ အထူးခြားဆုံးလို့ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတွေဝတ်ဆင်တဲ့ ရိုးရာဝတ်စုံပဲ ဖြစ်ပါတယ်။ Furisode ဝတ်စုံဟာ အလွန်ကောင်းမွန်တဲ့ ပိုး ချည်သားတွေကို အသုံးပြုရက်လုပ်ထားပြီး အရောင်အဆင်းနဲ့ ဒီဇိုင်းတွေကလည်း လှပပြီး ချစ်စဖွယ်ကောင်းအောင် ဖန်တီးထားကြပါတယ်။ ဂျပန်မိန်းမပျိုးလေးတွေဟာ အရွယ်ရောက်သူများနေ့မှာ Furisode ဝတ်စုံလေး ဝတ်ဆင်ပြီး ပွဲတက်တတ်ကြပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img