fb_icon

bnr_tob_1

2019.11.18FEATURE

ရန်ကုန်ရဲ့ Japan Expo 2019

photo credit : 8th-japan-expo-2019-yangon

            ရန်ကုန်မြို့ကြီးတွင် လည်ပတ်စရာနေရာများ၊ပွဲတော်များနှင့်အထူး စည်ကား ပျော်ရွှင်ဖွယ် ကောင်းလှပါသည်။ ထိုသို့ပျော်ရွှင်ဖွယ်ရန်ကုန်တွင် ယခုအပတ်တွင်လည်း စိတ်ဝင်စားဖွယ်ရာများ သယ်ဆောင်လာမည့် ပြပွဲကြီးတစ်ခု ကျင်းပသွားမည် ဖြစ်ပါသည်။

            နိုဝင်ဘာလ ၁၅ရက်မှ ၁၇ရက်ထိ တပ်မတော်ခန်းမ၊ ရန်ကုန်တွင် (၈)ကြိမ်မြောက် ဂျပန်ထုတ်ကုန်ပစ္စည်း ပြပွဲကြီးကို စိတ်လှုပ်ရှားဖွယ် ကျင်းပသွားမှာ ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် ဂျပန်ထုတ်ကုန်များ၊လုပ်ငန်းများနှင့်ဝန် ဆောင်မှုဆိုင်ရာလုပ်ငန်းတွေကို အမျိုးအစားစုံလင်စွာဖြင့် တည်ခင်းပြသွားမည် ဖြစ်ပါသည်။

            Myanmar Promotional Service Co.,Ltd မှဉီးဆောင်ကျင်းပခြင်း ဖြစ်ပြီးမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Japan Foundation ၊ ဂျပန်နိုင်ငံပြည်ပကုန်သွယ်မှုဆိုင်ရာအဖွဲ့အစည်း (JETRO) တို့ကပံ့ပိုးကူညီထားကြသည်။  8th JAPAN EXPO 2019 Yangon ပြပွဲကြီးကို တပ်မတော်ခန်းမတွင် နံနက် ၉နာရီမှ ညနေ၅နာရီထိ ကျင်းပသွား မည်ဖြစ်ပါသည်။

            ဂျပန်ထုတ်ကုန်ပစ္စည်းစစ်စစ်များကို အဓိကပြသသွားမည်ဖြစ်ကြောင်းသိရပါသည်။ အထူးအစီအစဉ်များ အနေဖြင့် ဂျပန် Cosplay ပြိုင်ပွဲနှင့် ဂျပန်သီချင်းဆိုပြိုင်ပွဲ တို့ကိုထည့်သွင်းထားပြီး ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ လာရောက်ကြည့်ရှု့သူများကိုလည်း ငွေကျပ် ငါးသောင်းဖိုးနှင့်အထက် ဝယ်ယူသူတိုင်းကို Lucky Draw ကံစမ်းနိုင်မည့်အစီအစဉ်များ၊လက်ဆောင်များရယူနိုင်မည့် အစီအစဉ်များနှင့် အခြားစိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာကိုလည်း ထည့်သွင်းထားပါသည်။

            ရန်ကုန်မြို့မှ ဂျပန်နိုင်ငံ၏ အငွေ့အသက်တို့ကို တ၀ကြီးခံစားနိုင်မည့် ပြပွဲတစ်ခုဖြစ်သည့်အတွက် Yangon Style ပရိသတ်ကြီးကို အမြန်လက်တို့လိုက်ရပါသည်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img