fb_icon

bnr_tob_1

2020.01.17FEATURE

ရန်ကုန် နေချင့်စဖွယ်မကောင်းဘူးလား

  • ဒေါက်တာကျော်လတ်

၂၀၁၉ နှစ်ကုန်ပိုင်းတွင် မီဒီ ယာ ပေါင်းများစွာက စာရေးသူကို ‘ရန်ကုန်မြို့သည် နေချင့်စဖွယ် မကောင်းဆုံးသော မြို့များထဲတွင် ပါဝင်ခြင်းဟုတ်ပါသလား’ ဆိုသော မေးခွန်းကို မေးလာကြပါသည်။ နိုင်ငံခြားမှ မီဒီယာတစ် ခုခုမှ ဤသို့ ရေးသားသည်ဟုဆို ကြသည်။ ‘နေချင့်စဖွယ်ကောင်း သည်၊ မကောင်းသည်’ဆိုသော Statement ခေါ် ထုတ်ဖော်ချက် သည် လွန်စွာသိပ္ပံနည်းမကျစွာ ပြောဆိုခြင်းဖြစ်သည်ဟု စာရေး သူယူဆပါသည်။
ပထမဦးစွာ ‘နေချင့်စဖွယ် ကောင်းသည်၊ စားချင့်စဖွယ် ကောင်းသည်၊ ပျော်စရာကောင်း သည်’ အစရှိသော ထုတ်ဖော်ချက် များသည် Subjective State-ment ခေါ် လူတစ်ဦးနှင့်တစ်ဦး ခြားနားသော ခံယူချက်ပေါ် မူတည်သည့် ဖော်ထုတ်ချက်များ ဖြစ်သည်။ အကယ်၍ မြို့တစ်မြို့ လုံး၊ ဒေသတစ်ရပ်လုံးကို အကျုံး ဝင်သော ထုတ်ဖော်ချက်ဖြစ်ပါမူ တာဝန်ကျေသော၊ ကျင့်ဝတ်ရှိ သော မီဒီယာများဖြစ်ပါလျှင် ထို မြို့၊ ထိုဒေသနေသူတို့၏ မည် သည့်ရာခိုင်နှုန်းသည် ဤအယူ အဆရှိသည်၊ ထိုအချက်ကို မည် သို့ ကောက်ခံရရှိခဲ့သည်တို့ကို ပါ ထည့်သွင်းဖော်ပြသင့်ကြပေ သည်။ ဤကဲ့သို့သောအချက်များ ဖြစ်သည့် ‘ကြိုက်သည်၊ နှစ်သက် သည်’စသည့် လူတို့ဆန္ဒနှင့် ခံစား မှုတို့သည် Opinion Survey ခေါ် လူအများ၏ အယူအဆကောက်ခံ ချက်များကသာ အဆုံးအဖြတ်ပေး နိုင်မည်ဖြစ်သည်။
ဤသို့ဆိုခြင်းသည် မိမိတို့ မြို့တွင် အစစအရာရာ အဆင် ပြေနေပါသည်ဟု မဆိုလိုဘဲ မိမိ တို့၏ အခြေအနေကို သိပ္ပံနည်းကျ ဖော်ထုတ်ကြရန် လိုအပ်ကြောင်း ကို ဆိုလိုပါသည်။ အောက်ပါတို့ တွင် မိမိတို့ ရန်ကုန်မြို့၏ ရေတို၊ ရေရှည်ဖြေရှင်းကြရန် အဓိကစိန် ခေါ်မှုများကို တင်ပြအပ်ပါသည်။
ရေပေးဝေရေး
ရန်ကုန်မြို့တွင် မြို့တော် စည်ပင်မှ နေ့စဉ် ရေဂါလန် သန်း ၂၀၀ ကျော် ပေးဝေလျက်ရှိသည်။ ထိုပမာဏမှာ ပုံမှန်စံနှုန်းအတိုင်း လူတစ်ဦး နေ့စဉ်ဂါလန် ၃၀ နှင့် တွက်လျှင် လုံလောက်သည့်အ ပြင် ပိုလျှံပါသည်။ သို့သော် ရန် ကုန်မြို့၏ မိသားစု ၁ ဒသမ ၁ သန်းခန့်မှ ၀ ဒသမ ၃၃ သန်းခန့်၊ ရာခိုင် နှုန်းနှင့်ဆိုသော် ၂၈ ရာခိုင်နှုန်းခန့် သာလျှင် Connections ခေါ် အိမ်အထိ ရေဆက်သွယ်မှုရရှိကြသည်။ အခြားသော ၇၀ ရာခိုင်နှုန်းတို့မှ အများစုမှာ မြေအောက်ရေ နှင့် အခြားနည်းလမ်းမှရသော ရေကို အသုံးပြုကြသည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဖြစ်ပါ သည်။
မြေအောက်ရေသုံးစွဲမှု
မြေအောက်ရေကို များစွာ အသုံးချခြင်းသည် များစွာသော ဆိုးကျိုးများရှိပါသည်။ ထိုအချက် သည် ကမ္ဘာတဝန်း သိရှိပြီး သက် သေထူပြီးသော ကိစ္စဖြစ်ပါသည်။
လျှပ်စစ်ဖြန့်ဖြူးရေး
လျှပ်စစ်ဖြန့်ဖြူးရေးတွင် လည်း ရန်ကုန်မြို့တွင် မိသားစု ၁ ဒသမ ၁ သန်းခန့်မှ ၀ ဒသမ ၆၆ သန်းခန့်သော အိမ်ထောင်စု ၆၁ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီတာ များနှင့် တိုက်ရိုက်ရရှိကြသည်။ ၂၀၁၄ ခုနှစ်စာရင်းဖြစ်ပါသည်။
မိုးတွင်းချိန်ခါ ရေကြီးခြင်း
ရန်ကုန်မြို့၏ ၅၀ ရာခိုင်နှုန်း ခန့်သော နေရာများတွင် မိုးတွင်း ချိန်ခါ ရေကြီးသဖြင့် လူများနေ ထိုင်သွားလာရေးတွင် အခက်အ ခဲများနှင့် ကြုံနေကြရပါသည်။ ကျန်းမာရေးတွင်လည်း ထိခိုက် ကြပါသည်။
နေ့စဉ်သွားလာရေး
ရန်ကုန်မြို့တွင် အလုပ်လုပ် သော နေ့ရက်များတွင် ယာဉ် ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြော စီးဆင်းမှု နှေးကွေးခြင်း စသည်တို့ ကြောင့် နေ့စဉ်သွားလာရသူများ သည် အထူးသဖြင့် ၈၄ ရာခိုင်နှုန်း ခန့်သော ဘတ်စ်ကားဖြင့် သွား လာကြရသော လူထုတို့သည် နေ့စဉ်ခရီးသွားချိန် အသွားအပြန် နှစ်နာရီမှ လေးနာရီခန့်အထိ အ ချိန်ယူခရီးသွားလာကြရပါသည်။ အလုပ်လုပ်ချိန် ရှစ်နာရီနှင့် ပေါင်း စပ်လျှင် နေ့စဉ် ၁၀ နာရီမှ ၁၂ နာရီခန့် မိသားစုနှင့် ခွဲခွာနေကြရ သည်။ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှု နှေးကွေး ခြင်း စသည်တို့ကြောင့် စွမ်းအင် ပိုကုန်ခြင်း၊ လေထုညစ်ညမ်းမှုကို တိုးပွားစေခြင်းတို့လည်း တွဲဖက် ပါဝင်လာတော့သည်။
နေ့စဉ်သွားလာရေး
မိမိတို့တွင် မြို့ပတ်ရထားရှိ သော်လည်း သယ်ယူပို့ဆောင်မှု စွမ်းအားမှာ နေ့စဉ် ခရီးသည်များ ၏ ၅ ရာခိုင်နှုန်းသာရှိပါသည်။ ဤအချက်သည်လည်း ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်း မှု နှေးကွေးခြင်းတို့ကို ထပ်ဆင့် ပံ့ပိုးလျက်ရှိသည်။ ဤသည်မှာ ၂၀၁၄ ခုနှစ်စာရင်းဖြစ်ပါသည်။
နေ့စဉ် သွားလာရသူများမှ အထူးသဖြင့် ၈၄ ရာခိုင်နှုန်းခန့် သော ဘတ်စ်ကားဖြင့် သွားလာကြရသော လူထုတို့သည် နေ့စဉ်ခရီး သွားချိန် အသွားအပြန် နှစ်နာရီမှလေးနာရီအထိ အချိန်ယူခရီးသွား လာကြရပါသည်။ အလုပ်လုပ်ချိန် ရှစ်နာရီနှင့် ပေါင်းစပ်လျှင် နေ့စဉ်၁၂ နာရီခန့် မိသားစုနှင့် ခွဲခွာနေ ကြရသည်။
ရန်ကုန်မြို့၏ ဈေးများနှင့်စီးပွားရေးအဆောက်အအုံများ
ရန်ကုန်မြို့၏ ဈေးများ၊ ဆိုင်များ စသောစီးပွားရေးအဆောက် အအုံများမှ ၄၆ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ ဧရိယာ၏ ၁၀ ရာခိုင် နှုန်းခန့်သာရှိသော ဆူးလေဘုရား ပတ်ဝန်းကျင်ရှိ မြို့ထဲပိုင်းနှင့် စမ်း ချောင်း၊ ဗဟန်း၊ ကြည့်မြင်တိုင် စသော မြို့အတွင်းပိုင်းဇုန်များ တွင် စုပြုံနေရာယူထားကြသည်။ ထိုသည်ကို အခြေခံ၍ ၄၃ ရာခိုင် နှုန်းသော အလုပ်လုပ်ကိုင်သူတို့ သည် ထိုမြို့ထဲပိုင်းနှင့် မြို့အတွင်း ပိုင်းသို့ နေ့စဉ်သွားလာကြသဖြင့် ထိုနေရာများသို့ ဦးတည်သော လမ်းများနှင့် ထိုလမ်းကြောသွား ဘတ်စ်ကားလိုင်းများသည် နေ့စဉ်အလုပ်သွားအလုပ်ဆင်းချိန်များ တွင် အထူးပိုမိုကျပ်တည်းကြ သည်။
အလုပ်အကိုင်
ထိုသည်၏ အဓိကအ ကြောင်းတစ်ရပ်မှာ ရန်ကုန်မြို့ တွင် အလုပ်လုပ်ကိုင်သော လူဦး ရေ ၉ ရာခိုင်နှုန်းသည်သာ ထုတ် လုပ်မှုကဏ္ဍ၊ စက်ရုံ၊အလုပ်ရုံကြီး များတွင် လုပ်ကိုင်ကြ၍ ၁၁ ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများဖြစ် သည်။ အခြား ၈၀ ရာခိုင်နှုန်းမှာ အရောင်းအဝယ်နှင့် ပံ့ပိုးမှုကဏ္ဍ တွင် လုပ်ကိုင်ကြရသည်။ ထိုအ ချက်မှာ လမ်းဘေးဈေးသည်များ ပေါများခြင်းကိုလည်း အထောက် အကူပြုလျက်ရှိသည်။ တိုင်းပြည် ၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို လည်း လျော့နည်းစေသည်။
စက်မှုကဏ္ဍဖွံ့ဖြိုးရေး
စက်မှုကဏ္ဍဖွံ့ဖြိုးရန်မှာ စက်မှုမြေကွက်ဈေးများကြီးခြင်း၊ စွမ်းအင်ရရှိရန် ခက်ခဲခြင်း စသော ပြဿနာများနှင့် ရင်ဆိုင်နေရ သည်။ စက်မှုမြေကွက်ဈေးမှာ ၂၀၁၆ တွင် တစ်ဧကခန့်ရှိ မြေ တစ်ကွက်လျှင် ကျပ်သိန်း ၈,၀၀၀ အထက်ရှိသည်။ စက်မှုမြေကွက် များ ဈေးကြီးသော်လည်း ရန်ကုန် မြို့တွင် စက်ရုံ၊ အလုပ်ရုံများအ တွက် သတ်မှတ်ထားသော မြေ ကွက်ပေါင်း တစ်သောင်းကျော်ရှိ ပြီး ထိုမှ ၄၀ ရာခိုင်နှုန်းခန့်သည် အသုံးမပြု၊ လစ်လပ်လျက်ရှိသည်။
စက်မှုကဏ္ဍတွင် လုပ်သား အင်အားတိုးပွားရန် လစ်လပ် လျက်ရှိသော စက်မှုမြေကွက်များ ကို ထိရောက်စွာ အသုံးချခြင်း၊ စက်မှုမြေကွက်သစ်များ ဖော် ထုတ်ခြင်း၊ စွမ်းအင်တပ်ဆင်ပြီး စက်မှုမြေကွက်များကို အမှန် တကယ် အသုံးချမည့်သူများကို စာချုပ်ဖြင့် သက်သာသောဈေး ဖြင့် ငှားရမ်းခြင်း၊ ရောင်းချခြင်း စသည်တို့ကို ဆောင်ရွက်သင့် သည်။
အမှိုက်စွန့်ပစ်ရေး
အမှိုက်စွန့်ပစ်ရေးတွင်လည်း အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ရေး၊ အမှိုက်မှ မြေဩဇာထုတ်လုပ်ရေး စသောခေတ်မီအကျိုးရှိနည်းစနစ် များကို အသုံးချနိုင်ခြင်းမရှိသေး ဘဲ ရှေးနည်းဖြစ်သော စုပုံစွန့်ပစ် စနစ်ကိုသာ အသုံးချနေကြရ သည်။ စုပုံစွန့်ပစ်နေရာအခက်အ ခဲနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများလည်း ပေါ်ပေါက် လျက်ရှိသည်။
အမှိုက်စီမံထိန်းကွပ်မှု
အမှိုက်စွန့်ပစ်ရေးတွင် အချို့သောသူတို့သည် ပလတ်စတစ် ရေပုလင်းများကို စည်းကမ်းမရှိ စွန့်ပစ်ကြ၍ ရေမြောင်းများ ပိတ် ဆို့လေ့ရှိပြီး မြို့တွင်းရေကြီးရေ လျှံခြင်းကိုလည်း အထောက်အ ကူပြုလျက်ရှိသည်။ ရေရောင်း သောသူများကလည်း ရေပုလင်း များ ပြန်လည်ဝယ်ယူသင့်သည်။ ပလတ်စတစ်များ သုံးစွဲစွန့်ပစ်ကြ ခြင်းကိုလည်း စီမံထိန်းချုပ်သင့် ပေသည်။
အိမ်ရာကဏ္ဍ
အိမ်ရာကဏ္ဍတွင် မြေဈေး သည် ပုံမှန်မရှိပါဘဲ အတက်အကျ များသည်။ ဆောက်လုပ်ရေး စရိတ်များနှင့်ပတ်သက်၍ တန်ဖိုး ကြီး ဆောက်လုပ်ရေးပစ္စည်းတို့ နိုင်ငံခြားမှ တင်သွင်းကြရ၍ နိုင်ငံ ခြားငွေ အတက်အကျပေါ်တွင် မူတည်၍ ဖြည်းညင်းစွာသာ တက်လျက်ရှိသည်။ ယခု ၂၀၁၆ ခု နောက်ပိုင်းမှစ၍ မြေဈေးများ ကျဆင်းပြီး တိုက်ခန်းများလည်း အရောင်းခက်လျက်ရှိသည်။ ထို သည်နှင့်တွဲဖက်၍ ဆောက်လုပ် ရေးကဏ္ဍမှ လုပ်သားများ အလုပ် အကိုင်အခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။
ပညာရေးကဏ္ဍ
ပညာရေးကဏ္ဍနှင့် ပတ် သက်၍ ရန်ကုန်မြို့တွင် များစွာ သော ကျောင်းများတွင် အတန်း တစ်တန်းလျှင် မြန်မာပြည်၏ စံနှုန်းဖြစ်သော ကျောင်းသား ၄၀ ထက် ပိုမိုသော ကျောင်းများစွာ ရှိသည်။ ဤသည်မှာ လက်ငင်း အခြေအနေ၏ လိုအပ်ချက်သာ ဖြစ်ပြီး ကျောင်းမတက်သော ကလေးများနှင့် နောင်တိုးပွားလာ မည့် ကလေးများအတွက် လိုအပ် ချက်များကိုပါ ထည့်သွင်းတွက် ချက်ကြရပါမည်။ ယခု ကျောင်း တက်နေသော အသက် (၅)နှစ်မှ (၁၅)နှစ် ကလေးပေါင်း ၆ ဒသမ ၆၅ သိန်းခန့်ရှိ၍ နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ဖြင့် တိုးပွားလျက် ရှိသဖြင့် နှစ်စဉ် ကျောင်းသား ပေါင်း ၁၆,၆၀၀ ခန့်၊ စာသင်တန်း ပေါင်း ၄၁၅ တန်းခန့်၊ အတန်း ၂၀ ရှိသော ကျောင်းပေါင်း ၂၀ ခန့် နှစ်စဉ်တိုးချဲ့ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။ မြို့တစ်မြို့ တွင် လူဦးရေ တိုးပွားခြင်းကြောင့် ကျောင်းများ၊ ရေပေးရေးစနစ် များ၊ သယ်ယူပို့ဆောင်ရေးစနစ် များလည်း တိုးချဲ့ဆောက်လုပ်ကြ ရန် စီမံကိန်းများ ထားရှိသင့်ပေ သည်။
ကျောင်းများ လိုအပ်ချက်နှင့် ပုဂ္ဂလိကကဏ္ဍ
တိုးပွားလျက်ရှိသော ကျောင်းသားဦးရေအတွက် ပုဂ္ဂလိကကျောင်းများကို အားထားနိုင် သင့်ပေသည်။ သို့သော် အခက် အခဲမှာ ကျောင်းများ ဖွင့်လှစ်ရန် မြေဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်တွင် မြို့မြေအဖြစ် သိမ်း သွင်းပြီး အသုံးမပြုသော မြေဧက ၁၇,၀၀၀ ခန့်ရှိသော်လည်း ထိုမြေ များကို ဖွင့်လှစ်၊ လျော်ကြေးပေး ၍ အသုံးချရန် လိုအပ်လျက်ရှိ သည်။ အမှန်အသုံးမချမည့်သူ များကို စာချုပ်ဖြင့် မြေများရှိစေ သောစနစ် ကျင့်သုံးသင့်သည်။
ရန်ကုန်မြို့တွင်း မညီမျှမှုများ
မြို့လူဦးရေ သိပ်သည်းမှု သည် တောင်ဘက်နှင့် အလယ် ဘက်ခြမ်းတွင် လွန်စွာမြင့်မား၍ အရှေ့ဘက်မြို့နယ်များဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လူဦးရေ သိပ်သည်းမှုများစွာ လျော့နည်းသည်။ တောင်ဘက် နှင့် အလယ်ဘက်ခြမ်းတို့တွင် စတုရန်း ၁ မိုင် လူဦးရေ ၅၀,၀၀၀၊ ၁၀၀,၀၀၀ ခန့်ရှိ၍ အရှေ့ဘက်ရှိ မြို့သစ်များတွင် ပျမ်းမျှ ၇,၀၀၀ ခန့်သာရှိသည်။ တိုးချဲ့မြို့နယ် များဖြစ်သော ဒဂုံမြို့သစ်တောင် ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံ မြို့သစ်အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာတို့ တွင် လူဦးရေ ၁ ဒသမ ၇ သန်း ခန့်၊ ရန်ကုန်မြို့ လူဦးရေ၏ ၃၄ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်။ ထိုလူထုမှာ ရေရရှိရေး၊ လျှပ်စစ် ရရှိရေး၊ ရေကြီးရေလျှံခြင်း၊ နေ့ စဉ်သွားလာရေး စသည်တို့တွင် အများဆုံးခံစားရသော အုပ်စုဖြစ် သည်။ (အသေးစိတ်ပညာပိုင်း ဆိုင်ရာများမှာ ဤဆောင်းပါး၏ အတိုင်းအတာအရ ချန်လှပ်ပါ မည်)
ရန်ကုန်မြို့နှင့် လေထုညစ်ညမ်းမှု
မြို့လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့သည် အခြားများစွာသော သန်းပေါင်း များစွာနေထိုင်သော မြို့ကြီးများ နှင့် နှိုင်းစာသော် လွန်စွာမဆိုး သော အခြေအနေတွင်ရှိသည်ဟု ဆိုရပေမည်။ လေထုညစ်ညမ်းမှု တိုင်းတာခြင်းများတွင် နည်းအမျိုး မျိုးရှိကြသည်။ အတိအကျသိပ္ပံ နည်းကျစွာ တိုင်းတာခြင်းတွင် PM10, particles having diameter of less than 10 micrometres နှင့် PM2.5, particles having diameter of larger than 2.5 micrometres တို့ဖြင့် တိုင်းတာကြသည်။ ယေ ဘုယျအားဖြင့် Air pollution index နည်းဖြင့်သာ တိုင်းတာကြ ရာ အမေရိကန်တိုင်းတာနည်း များအရ API သည် (၀ မှ ၅၀) သည် ကောင်းမွန်သည်၊ (၅၁ မှ ၁၀၀)သည် Moderate ခေါ် လက်ခံနိုင်သည်၊ (၁၀၁ မှ ၂၀၀)သည် Unhealthy range ကျန်းမာရေး ထိခိုက်နိုင်သည်၊ (၂၀၁)အထက် သည် Unhealthy and Hazar-dous ဟူ၍ရှိရာ ရန်ကုန်မြို့သည် ၁၀၀ ဝန်းကျင်တွင် ရှိပါသည်။ သို့ သော် ရန်ကုန်မြို့၏ ယာဉ်သွား လာမှုများသော မြို့တွင်းပိုင်း စီးပွားရေးဇုန်တွင် နေ့အချိန်များ တွင် ပိုမိုနိုင်ပေမည်။
စိမ်းလန်းဧရိယာများ
လူများ အနားယူအပန်းဖြေ ရန်လည်းကောင်း၊ လေထုသန့် ရှင်းမှုတွင် အထောက်အကူပြုရန် လည်းကောင်း ရန်ကုန်မြို့တွင် စိမ်းလန်းဧရိယာသည် လူတစ်ဦး လျှင် ၁၉ စတုရန်းပေရှိသည်။ များစွာသော မြို့တို့တွင် ထိုနှုန်း သည် ၁၀၀ စတုရန်းပေအထက် တွင်ရှိသည်။
အထက်တွင် တင်ပြခဲ့သော အချက်တို့မှာ အကျဉ်းချုံးဖော်ပြ ခြင်းသာဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူလူထု နေ့စဉ်သိရှိစဉ် ခံစားနေကြရသော အချက်များဖြစ်ပါ သည်။ ထိုရန်ကုန်မြို့၏ များစွာ သော လိုအပ်ချက်များမှာ လွန်ခဲ့ သော နှစ်ပေါင်းများစွာ လျစ်လျူ ရှုခဲ့သောကြောင့်သာဖြစ်ပြီး ယခု အခါ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော အစိုးရ လက်ထက်တွင် ဦးစားပေးအနေ နှင့် ဆောင်ရွက်သင့်ပေသည်။ အများပြည်သူ အကျိုးအတွက်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်သင့်ပေ သည်။ အထက်တွင်တင်ပြခဲ့သော လိုအပ်ချက်များမှာ ဖြေရှင်းရန် နည်းလမ်းများလည်းရှိပြီး ပြဿ နာအများစုတို့မှာ သင့်တော်သော တန်ဖိုးဖြင့်၊ သင့်တော်သော အ ချိန်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများသာဖြစ်ပါသည်။ ထို အချက်များကို ဦးစားပေးဖြေရှင်း ကြခြင်းသည် မိမိတို့၏ အဓိက လုပ်ငန်းရပ်ဖြစ်ပြီး ရန်ကုန်မြို့ သည် နေချင့်စဖွယ်ကောင်းသည်၊ မကောင်းသည်ကို ဆွေးနွေးနေ ခြင်းသည် အကျိုးမရှိ၊ အချိန်ကုန် ခြင်းသာဖြစ်သည်။ မိမိတို့မြို့တွင် နေထိုင်ကြသော လူတို့သည် နေ ချင့်စဖွယ် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိတို့နေ ထိုင်နေကြရမည်။ မိမိတို့၏ လုပ် ငန်းသည် မိမိတို့မြို့ မိမိတို့ပတ် ဝန်းကျင် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရန်သာဖြစ်သည်။။
(ဒေါက်တာ ကျော်လတ်သည် မြို့ပြရေးရာ ပညာရှင်ဖြစ်သည်။)

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img