fb_icon

bnr_tob_1

2019.10.10TECH

မြန်မာ ဈေးကွက်သို့ စတင်မိတ်ဆက်လာတဲ့ iphone 11

၂၀၁၉ စက်တင်ဘာလ ၁၃ရက်နေ့ကစတင် မိတ်ဆက်ခဲ့၍ ၂၀ရက်နေ့တွင်‌ရောင်းချခဲ့ပြီး ယခုအခါ မြန်မာပြည်၌ ရောင်းချနေပြီဖြစ်ပါတယ်။ မြန်မာ့ iphone ‌ဈေးကွက်မှာ iphone 11 ဝယ်လိုအားရှိပြီး iphone 11 pro နှင့်  iphone 11 pro Max တို့မှာတော့ ဝယ်လိုအားနည်း၍ ပစ္စည်းတင်သွင်းမှုလည်း နည်းပါးလျှက် ရှိပါတယ်။ iphone 11 မှာတော့ Apple A13 processor chip ကိုအသုံးပြုထားပြီး rate ကတော့ 2.65 GHz ရှိပါတယ်။ 3.83 V 11.91 Wh (3110 mAh) ရှိတဲ့ Battery ကိုအသုံးပြုထားသောကြောင့် အချိန်ကြာကြာ အသုံးခံပါတယ်။ အားသွင်းရာတွင် USB-C fast charger ကိုအသုံးပြုထားပါတယ်။ ထို့ကြောင့်အားသွင်းရာတွင် ပိုမိုမြန်ဆန်ပါတယ်။  Memory ကတော့ LPDDR4X RAM ကိုအသုံးပြုထားပြီး 4GB ပါဝင်ပါတယ်။ storage မှာတော့ 64GB, 128GB, 256GB ဟူ၍  (၃) မျိုးထွက်ရှိပါတယ်။ ရေစိုခံ၊ အကြမ်းခံပြီး ရေအောက် (၂)မီတာတွင် မိနစ်(၃၀) အထိထားရှိနိုင်ပါတယ်။

12MP Back Camera နှစ်လုံးပါဝင်ပြီး iphone 11 pro နှင့်  iphone 11 pro Max တို့မှာတော့ ကင်မရာသုံးလုံးပါဝင်လာပါတယ်။ ထို့ကြောင့် ဗီဒီယို ဖိုင်များကို editing နှင့် Screenshort ရိုက်ခြင်းတို့ အသုံးပြုနိုင်ပါတယ်။ zoom ဆွဲရာတွင်လည်း 120ဒီဂရီ အထိ ဆွဲချဲ့နိုင်ပါတယ်။ ထို့ပြင် portraits နှင့် panorama ရိုက်ကူးရာတွင်လည်း ရုပ်ထွက်အလွန်ကောင်းမွန်ပါတယ်။ front camera မှာလည်း 12MP ပါဝင်ပြီး selfie ရိုက်ကူးရာတွင်လည်း portrait , landscape ကို auto zoom out လုပ်ပေးပါတယ်။

Software ပိုင်းတွင်လည်း Siri, Face ID, Apple Pay နှင့် support Apple Card စသည်တို့ပါဝင်ပြီး Operation System မှာလည်း ios 13.1.2 ကိုအသုံးပြုထားပါတယ်။

Display ပိုင်းမှာတော့ screen ၆လက်မရှိပြီး အထူကတော့ 8.3mm ထူပါတယ်။ အလေးချိန်ကတော့ 194g (6.8 oz) ရှိပါတယ်။ Sim Card နှစ်ကဒ်ထည့် ပြီးအသုံးပြုနိုင်ပါတယ်။ iphone 11 မှာတော့ ခရမ်းရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ အဖြူရောင် နှင့် အနီရောင်တို့ထွက်ရှိထားပါတယ်။၎င်းတို့မှ မိမိကြိုက် နှစ်သက်တဲ့အရောင်ကို ‌ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ iphone 11၏ ပြည်တွင်းဈေးမှာတော့ ၁၂သိန်းမှ ၁၉သိန်းအထိ Storage နှင့် အရောင်ပေါ်မူတည်၍ ဈေးကွာခြားမှုရှိပါတယ်။

iphone 11 ၏ အမေရိကစျေးနှုန်းမှာတော့ 64GB ကို 699 ‌ဒေါ်လာ၊ 128GB ကို 749 ‌ဒေါ်လာ နှင့် 256GB ကို 849 ‌ဒေါ်လာပေးရပါတယ်။ ထိုကြောင့် iphone 11 ကိုမှကြိုက်နှစ်သက်တဲ့ Yangon Style ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img