fb_icon

bnr_tob_1

2019.11.15TRAVEL

အဆင်းလှတဲ့ အင်းဝ….🏞

မယ်နုအုတ်ကျောင်း

ဒီတခါတော့ စာကိုအတတ်နိုင်ဆုံးတိုပေးထားတယ်နော်😁🙄

သဒ္ဓါတို့ သူငယ်ချင်းတွေ မန်းလေးရောက်တုန်း ဟော်တည်ကနေ မနက်၁၀ နာရီလောက် ဘုရားကြီးသွားမယ်ဆိုပီး ၃ ဘီးတစ်စီးငှားပြီး ထွက်လာရာက မထင်မှတ်ပဲ အင်းဝထိရောက်သွားကြတယ်😂

ပထမဆုံးခရီးလမ်းကြောင်း ☑️
ပိုက်ဆံကလဲသိပ်မပါဘူးလေ ဘုရားကြီးပဲ
လာတာဆိ်ုတော့ 😁 စီးနေတဲ့ ၃ဘီး driver ကြီးကို
မေးကြည့်တော့ ဦးလေး အင်းဝဘယ်လောက်လဲဆို
တော့ မန်းလေးတောင်ရယ်, ဈေးချို, ဘုရားကြီး, ကုသိုလ်တော်, အင်းဝရယ် ဦးပိန်မှာ sunset ကြည့်တာကိုမှ ၂၅၀ဝ၀ ပဲပေးဆိုတော့ ၄ ယောက်သား
သွားကြတာပေါ့😍 ကိုယ့်အတွက်တော့ တန်တယ်လေ တစ်ယောက်ကို ၆၅၀ဝ လာက်ပဲ
အစုံရောက်မှာဆိုတော့ အဲ့ထဲမှာကိုယ်မသွားချင်တာကို ဖြုတ်ပီးအေးဆေး သွားလို့လည်းရတယ်နော် ❤️
ကားနဲ့သွားလည်းရတယ်နော် ၃၅၀ဝ၀လောက်ပဲရှိတယ်

ပထမဆုံး မန်းလေးတောင် ဘာညာ အစုံသွားပီး
အင်းဝကိုသွားကြရာဝယ် မန်းလေးနဲ့ ၁ နာရီခွဲလောက်ပဲ မောင်းရတဲ့ တကယ်လှတဲ့ မြို့ဟောင်းလေး😍

မြန်မာ့ဗိသုကာလက်ရာတွေအပြည့်နဲ့ ခမ်းနားလှသော
တိုးတိုးဆိုတဲ့ ကလေးလေးရိုက်ပေးတာနော် သေဝါးမယ် ဘယ်နားကဘလိုရိုက်ရမလဲအကုန်သိ😂

အင်းဝမြို့ထဲရောက်တော့ မယ်နုအုတ်ကျောင်းရှေ့
ရပ်လိုက်တယ် ဘုရားတွေကို ၃ ဘီးနဲ့ ဆက်လည်လည်းရတယ် ဒါပေမဲ့ အဲ့နားမှာ မြင်းလှည်း သမားတွေရဲ့
ဆွဲဆောင်မှုကြောင့် မြင်းလှည်းလေးနဲ့ပဲပတ်ကြမယ်လို့ ဆုံးဖြတ်ပြီး မြင်းလှည်း ၂ စီးငှားလိုက်တယ်

မြင်းလှည်းတစ်စီးကို ၁၀ဝ၀ဝကျပ်ပါ တစ်စီးကို
၄ယောက်လောက်ထိုင်လို့ ရပါတယ် သဒ္ဓါတို့ ဈေး
ဆစ်လိုက်တော့ တစ်စီးကို ၈၀ဝ၀ နဲ့ရပါတယ်
မြင်းလှည်းတစ်စီးကိ်ုတော့ ၂ ယောက်ပဲစီးခဲ့ပါတယ် မြင်းတွေကိ်ု သနားလို့😰

ပီးရင် သူတို့ကဒ်ပြားမှာ ပါတဲ့ အတိုင်း ဘုရားတွေအစုံလိုက်ပို့ပါတယ် 🤩🤩🤩
သဒ္ဓါတို့ စီးခဲ့တဲ့ မြင်းလှည်းက အကိုနဲ့ အမက အရမ်းသဘောကောင်းပြီး စိတိရှည်တယ် မြင်းလှည်းနံပါတ်က
၁၈၇ တဲ့ မြင်းနာမည်က သက်မွန်မြင့်နဲ့ စုလှိုင်ဝင်းဆိုပဲ 😜😜 အဲ့မှာ မေးပြီးစီးလို့ရတယ်နော်
အဓိက အချက်ကတော့ သဒ္ဓါ့ရဲ့ပုံတေအကုန်လုံးကို
တိုးတိုးဆိုတဲ့ ကောင်လေးကရိုက်ပေးတာပဲ😍😍

သူငယ်ချင်းတွေ အကုန်ခေါက်ထားပေတော့ သူ့လက်ဆွဲပီး သွားတော့တာပဲ😂 ဓာတ်ပုံရိုက်တတ်တာနဲ့တင် တော်တော်ကြွေနေပီ သမိုင်းကြောင်းတွေလည်း အကုန်ရှင်းပြတယ် post တွေက အစ အကုန်သင်ပေးတာနော် 😍🙄 အထင်မသေးနဲ့ တိုးတိုးပုံကိ်ု အောက်မှာ တင်ပေးထားတယ်နော်. အပြန် မုန့်ဖိုး ၅၀ဝ၀ ပေးခဲ့လိုက်တယ် တန်တယ်လေ ပုံလေးတေအများကြီးရတော့ 😜

မြို့ဟောင်းရဲ့ ပထမဆုံး လမ်းတစ်နေရာရောက်တာနဲ့ မြင်လိုက်ရတဲ့ရှုခင်းလေးက အော်.. အင်းဝဆိုတာ မြန်မာပြည်က
ကမ္ဘောဒီးယားလေးပါလားလို့ ခေါင်းထဲဝင်လာတော့တာပဲ😍😍😍

ဗားဂရာတွင် ခွေးတစ်ကောင်နှင့် စာရေးသူ😂
ဗားဂရာကျောင်းမှာလဲ ဓာတ်ပုံရိုက်ချင်စရာနေရာတွေအများကြီးပဲ
ဗားဂရာ
မြင်းမိုရ်တောင်လို့ခေါ်တယ်တဲ့

ကြောင်လိမ်လှေကား, မြင်းမိုရ်တောင်,ရတနာဆီမီး, ဗားဂရာ, နန်းတွင်းမျှော်စင်, ဆင်ကျုံးခံတပ်, မယ်နုအုတ်ကျောင်း အစုံပဲ လိုက်ပို့တယ် မြင်းလှည်းလေးနဲ့ အညာရဲ့ အရသာကို ခံစားရင်း ရှေးခေတ်ဘုရင်တွေ နေထိုင်ခဲ့တဲ့ မြို့ဟောင်းရဲ့ အငွေ့အသက်လေးနဲ့ လာရတာ တန်လိုက်တာ ဆိုပြီး ဖြစ်သွားမယ်

မသိရင် ကမ္ဘောဒီးယားလိုလို
🤩🤩🤩ကလေးလေးရိုက်ချက်တွေ
မသိဘူး အပေါက်ထဲလဲ တိုးဝင်ပြီး ရိုက်မယ်😂
ကြောင်လိမ် အပေါ်ထက်မှာ
အင်းဝမြို့ဟောင်း
ကလေးလေးကို ကျေးဇူးတင်မိ
အင်းဝဟုခေါ်သည် 😍
အင်းဝဟုခေါ်သည် 😍
ရှေးခေတ် စေတီဟောင်းတွေ နာမည်မေ့သွားလို့ 😁
အမောပြေ အုန်းရည်သောက်လို့ရတယ် တလုံးမှ ၁၀ဝ၀ အထဲက အုန်းသီးနုနုလေးတွေပါစားလို့ရတယ်
အပြင်မှာ ပိုလှ😍
ကြောင်လိမ်
ပုဂံအသေးစားလေး
ကလေးလေးရဲ့ Panorama ရိုက်ချက်တွေ
အမယ် အမ လက်လေးဖြန့်လိုက်တဲ့ ဘာလုပ်ခိုင်းမှန်းမသိဘူး ကိုတေက ဖြန့်လိုက်တာပဲ ပီးမှ ဒီပုံလေးလာပြတယ်
ခရီးသွားတိုင်းဝတ်ဖြစ်တဲ့ အကျီ်လေး 😜
အမှန်တော့ ဘုရားကြီးပဲလာတာဆိုပီး သေချာမပြင်လာရဘူး စုတ်တီးစုတ်ပဲ့နဲ့ရောက်လာတာ
သက်မွန်မြင့်လေးနဲ့ တိုးတိုးနဲ့ 😂

ဘုရားတဆူပီးတဆူ ဂူဟောင်းတွေ မှောင်မဲနေတဲ့ လှေကားတွေကိုတက်လိုက်ဆင်းလိုက်နဲ့ ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာတွေကြီးပဲ 😍
ညနေအပြန်တော့ ဦးပိန်မှာ Sunset ကြည့်ဘာညာပေါ့🤩 ပီးရင် မန်းလေးက လက်ဆောင်ပစ္စည်းဝယ်လို့ရတဲ့ ဆိုင်တွေလဲ လိုက်ပို့ပေးသေးတယ်

သူတို့လိုက်ပို့တဲ့ ဘုရားတွေ
အဲ့ကဒ်ထဲကအတိုင်းပို့ပေးတယ်
ဒါက ကုသိုလ်တော်မှာ
သဒ္ဓါတို့ စီးခဲ့တဲ့ ၃ ဘီး
မန္တလေးတောင်
ဦးပိန် အရင်တပတ်လာတုန်းကပုံပါ နောက်ပုံကဂါနေလို့ 😁
အညာမြေရဲ့အလှ
Post card လေးလိုပဲ 😍
ဆင်ကျုံးခံတပ်
ဧရာဝတီမြစ်
ဆင်ကျုံးခံတပ်ကနေ လှမ်းရိုက်ထားတာ❤️
တိုးတိုး ဓာတ်ပုံလှလှလေးတွေရိုက်ပေးသူလေး
😍😍😍

သဒ္ဓါတစ်ခုတော့ စိတ်မကောင်းဖြစ်တယ်
ဒီလောက်လှတဲ့ အင်းဝမြို့ဟောင်းကြီးကို ဘာလို့မြန်မာတွေ အလာနည်းရတာလဲမသိ
လမ်းတစ်လျှောက်လုံး Foreigner တွေကြီးပဲ
မြန်မာခရီးသွားတွေ တော်တော်ရှားတယ် ☹️☹️

မန်းလေးရောက်ရင် အင်းဝကို လည်ဖြစ်အောင် လည်ခဲ့ပါနော် ❤️ တစ်ယောက်ကို ၁၀ဝ၀ဝ ကျော်ကျော်လေးပဲကုန်ပါတယ် ဓာတ်ပုံမရိုက်တတ်လဲ အဲ့ကလူတွေရိုက်ပေးပါတယ် တိုးတိုးဆို လူတိုင်းသိတယ်လို့ပြောပါတယ် အဲ့ကလေးလေးကိုသာရှာလိုက်ပါ ဓာတ်ပုံရိုက်ဖို့ လူမပါရင် 😂

အင်းဝကို ကိုယ့်အစီစဉ်နဲ့ကိုယ်သွားလည်တာကို အတိုချုံ့လေးရေးထားတာမလို့ တခြား သိချင်တာရှိရင်လဲ msg box မှာလာမေးလို့ရပါတယ်ရှင့်

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်❤️

TD’s Travel Notes

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img