fb_icon

bnr_tob_1

2020.01.27FEATURE

ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပြီးနောက် လိုအပ်သော ဝန်ဆောင်မှုများပေးရန် ရန်ကုန်တိုင်းအစိုးရစီစဉ်

ရန်ကုန်မြို့၏ ဖွံ့ဖြိုးမှုအားအကောင်းဆုံး လှိုင်သာယာစက်မှုဇုန်ကို မြင်တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်သိမ်း

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များ ခွင့်ပြုပေးပြီးနောက် လိုအပ် သောဝန်ဆောင်မှုများကို ဆက် လက်ဆောင်ရွက်ပေးနိုင်ရန် ရန် ကုန်တိုင်းအစိုးရက အလုပ်ရုံဆွေး နွေးပွဲတစ်ခုပြုလုပ်သည်။


တိုင်းဒေသကြီးနှင့် ရင်းနှီး မြှုပ်နှံမှုကော်မတီက အတည်ပြု ပေးခဲ့သော စီးပွားရေးလုပ်ငန်း များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ် သောဥပဒေများ၊ လုပ်ထုံးလုပ် နည်းများအရ ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လိုင် စင်လျှောက်ထားမှု စနစ်မှန်ကန် စေရေး၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့်အခက်အ ခဲများစသည်တို့ကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ် ပြီး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက သ တင်းထုတ်ပြန်သည်။

 ရန်ကုန်တိုင်းတွင် လာ ရောက် ရင်းနှီးမြှုပ်နှံသူများနှင့်  တိုင်းအစိုးရအကြား အမြဲထိတွေ့ ဆက်ဆံရန် လိုအပ်သည်ဟု ဇန် နဝါရီ ၁၇ ရက်ကပြုလုပ်သောရင်း နှီးမြှုပ်နှံသူများ အတည်ပြုမိန့်ရရှိ ပြီးနောက်ပိုင်း ဆက်လက်ဝန် ဆောင်မှုပေးခြင်းဆိုင်ရာ အလုပ် ရုုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောသည်။

‘‘ကျွန်တော်တို့ဆီမှာ လာ လုပ်တဲ့သူတွေနဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ သူတို့ဘာဆက်လုပ်ချင် လဲ။ သူတို့ရဲ့အခက်အခဲတွေ ဘာရှိလဲ။ ကျွန်တော်တို့ ဘာကူညီ ရမလဲ။ ဒါတွေ ကျွန်တော်တို့ သိ ဖို့အရေးကြီးတယ်’’ ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

နိုင်ငံအတွင်း စီးပွားရေး လာ ရောက်လုပ်ကိုင်သူများကို အစိုးရ နှင့် မသက်ဆိုင်ဟု သတ်မှတ်ထား သည့်အချိန်ကာလတစ်ခုရှိခဲ့ပြီး ထိုအခြေအနေမျိုးမဖြစ်စေရန် ချိတ်ဆက်မှုကို အကောင်အထည် ဖော်လိုသည်ဟုလည်း ပြောကြား သည်။

တိုင်းအစိုးရနှင့် ရင်းနှီးမြှုပ်နှံ သူစီးပွားရေးလုပ်ငန်းရှင်များအ ကြား လူချင်းတွေ့ဆုံသည့်နည်း လမ်းဖြင့်ဖြစ်စေ၊ အွန်လိုင်းမှတစ် ဆင့်ဖြစ်စေ စသောနည်းလမ်းများ ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း ဝန်ကြီးချုပ်က ပြောပြ သည်။

ရင်းနှီးမြှုပ်နှံမှုများ အတည် ပြုခွင့်ပြုပြီးနောက် လိုအပ်ချက် များကို အစိုးရက စောင့်ကြည့် ကူညီပေးမည့်အစီအစဉ်သည် အ မှန်တကယ်လိုအပ်သည်ဟု မြန် မာနိုင်ငံ ကုန်သည်စက်မှုအသင်း ချုပ်မှ စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img