fb_icon

bnr_tob_1

2019.08.20ENTERTAINMENT

Invasion Music Festival 2019

BlackJack Entertainment ကနေ Ravers တွေအတွက် နောက်တစ်ကြိမ်အနေနဲ့ Invasion Festival 2019 ကို စီစဉ်ပေးလိုက်ပြီနော်။ Invasion ကသာမာန် EDM ပွဲတွေနဲ့မတူဘဲ Dark Style ဖြစ်တဲ့ Arrangement တွေနဲ့ ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ EDM Industry ထဲမှာ ပထမဆုံး Hardstyle ပွဲတစ်ပွဲ ဖြစ်လာပါတယ်။

Invasion Festival ကို August 31 (Sunday) မှာ မနှစ်ကအတိုင်း The One Entertainment Park မှာပဲ ကျင်းပမှာဖြစ်လို့ သွားလာရ အဆင်ပြေပါတယ်။

ပါဝင်တဲ့ Artists တွေကတော့ PHASE 1 Lineup မှာ International Artists တွေအနေနဲ့ Gunz for Hire, Sub Zero Project ရယ် Show Performance နဲ့ Mc Exclusive အနေနဲ့ကတော့ Tomorrowland Belgium မှာပါဝင်ဖျော်ဖြေခဲ့တဲ့ Villain တို့က ပါဝင်မှာ ဖြစ်ပါတယ်။ Local Artists တွေကတော့ A L U X I O N B2B ROXA, INV/\DER, I’m Player, Scream, YL တို့ ပါဝင်မှာဖြစ်ပါတယ်။

PHASE 2 Lineup မှာဆိုရင်တော့ International က Wildstylez (PHASE 2 Headliner), Wasted Penguinz, DJ Adaro, Code Black, Hosted by Villain တို့ဖြစ်ပြီး Local အနေနဲ့ကတော့ FreakY SeveN7, Core Monkeyz, Twenty One Bass B2B Nicky နဲ့ B-Noize တို့ပါဝင်ပါတယ်။
Artists အကြမ်းကြီးတွေ နာမည်ကြီး DJ တွေပါဝင်တာကြောင့် တကယ်မိုက်တဲ့ပွဲကောင်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။

Ticket အနေနဲ့ကတော့ ပုံမှန် GA, VIP, Group နဲ့ ကဲမယ့်လူတွေအတွက်ကတော့ VVIP နဲ့ Alien Cabana ဆိုပြီး ၂ မျိုး ခွဲထားပါတယ်။ Official announcement ticket prices တွေကတော့ GA ကို 35000 ks, VIP ကို 70000ks ဖြစ်ပြီး VVIP ကို Table ၃ မျိုးခွဲထားပါတယ်။ VVIP ရှေ့ဆုံးတန်း Balcony ၁ ဝိုင်းကို ၂၀ သိန်း၊ ဒုတိယတန်း 1st Row Gold တစ်ဝိုင်းကို ၁၈ သိန်း၊ နောက်ဆုံးတန်း Gold တစ်ဝိုင်းကို ၁၅ သိန်း ဆိုပြီး သတ်မှတ်ထားပါတယ်။ Luxury Class ဖြစ်တဲ့ Alien Cabana တစ်ဝိုင်းကတော့ ၃၀ သိန်းပဲ ဖြစ်ပါတယ်။

လက်မှတ်တွေက Early Bird Tickets တွေကတော့ SOLD OUT တွေ ဖြစ်ကုန်ပါပြီနော်။ လက်မှတ်တွေကို Official Ticket Outlet တွေမှာ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ Door to Door Free Delivery Service ဖြစ်တဲ့အတွက် SOLD OUT ဖြစ်ခင် အမြန်ဝယ်ထားပါနော်။
Stage Design လည်း ထွက်လာပြီမို့ အသေးစိတ်ကို Official Facebook Page ကနေ လေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/invasionfestivalmyanmar/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img