2020.12.22SOCIAL
ပြည်တွင်းလေကြောင်းခရီးစဉ်များပြန်လည်ပြေးဆွဲ

Covid 19 ကူးစက်ရောဂါကြောင့် ရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဒီဇင်ဘာလ (၁၆) ရက်မှစတင်ကာ ြပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ရန်ကုန်မြို့နဲ့ မြန်မာပြည်အရပ်ရပ်ကို လေကြောင်းခရီးနဲ့ လိုက်ပါစီးနင်းလိုသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့အညီ စီးနင်းနိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကြိုတင်ဆောင်ရွက်ရမယ့်အချက်တွေကို သိရှိထားဖို့လိုပါတယ်။
ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ လိုက်ပါစီးနင်းလိုတဲ့ခရီးသည်တွေဟာ လေယာဉ်လက်မှတ်တွေကို ပြည်တွင်း Ticketing Agents တွေမှာဖြစ်စေ၊ online ကနေဖြစ်စေ မည်သည့်ထောက်ခံချက်မှမလိုဘဲ ပုံမှန်ဝယ်ယူနိုင်ပါတယ်။
လိုက်ပါမယ့်ခရီးစဉ်အတွက် လိုအပ်တဲ့ဓာတ်ခွဲစစ်ဆေးမှုတွေဖြစ်တဲ့ Rapid Antigen Diagnostic Test (RDT) Kit နဲ့ စစ်ဆေးမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ အစိုးရဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတွေမှာ လေယာဉ်လက်မှတ်ပြ၍ စစ်ဆေးနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတွေမှာ လေယာဉ်လက်မှတ် သို့မဟုတ် သက်ဆိုင်ရာလေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ စစ်ဆေးမှုကုန်ကျစရိတ်ကို ကိုယ်တိုင်အကုန်အကျခံရမှာဖြစ်ပါတယ်။ Check-In ပြုလုပ်ရာမှာ (၃၆) နာရီအတွင်းစစ်ဆေးထားတဲ့ Negative Test Result ဖြစ်ဖို့လိုပါတယ်။
စစ်ဆေးမှုရလဒ်မှာ Covid 19 သံသယလက္ခဏာကင်းစင်မှသာ သက်ဆိုင်ရာခရီးစဉ်မှာ လိုက်ပါစီးနင်းခွင့်ရမှာဖြစ်ပြီး ရောဂါလက္ခဏာတစ်စုံတရာရှိပါက ဝယ်ယူထားတဲ့လေယာဉ်လက်မှတ်အတွက် free date change သို့မဟုတ် full refund ကို သက်ဆိုင်ရာလေယာဉ်လက်မှတ် အရောင်းကောင်တာမှာ ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။
Stay At Home ဒေသမှလာတဲ့ ခရီးသည်တွေအနေနဲ့ အခြား Stay At Home ဒေသကို သွားမည်ဆိုပါက RDT Kit စစ်ဆေးထားပြီးဖြစ်တဲ့အတွက် Quarantine ဝင်ရန်မလိုအပ်ပါ။
None Stay At Home ဒေသမှလာတဲ့ ခရီးသည်အနေနဲ့ မည်သည့်ဒေသသို့ဖြစ်စေ သွားလိုပါက RDT Kit စစ်ဆေးထားပြီးဖြစ်တဲ့အတွက် Quarantine ဝင်ရန်မလိုပါ။
Stay At Home ဒေသမှလာတဲ့ ခရီးသည်အနေနဲ့ None Stay At Home ဒေသကိုရောက်ရင် Facility Quarantine (သို့မဟုတ်) Hotel Quarantine ဝင်ရမှာဖြစ်ပြီး (၃) ရက်မြောက်နေ့မှာ RT-PCR Test ကိုစစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်ပါတယ်။
RT-PCR Test နဲ့ စစ်ဆေးနိုင်ခြင်းမရှိ၍ RDT Kit နဲ့ စစ်ဆေးမည်ဆိုပါက (၇) ရက်မြောက်နေ့မှသာ စစ်ဆေးနိုင်ပြီး Negative ဖြစ်ပါက Quarantine မှထွက်နိုင်ပါတယ်။ Hotel Quarantine နှင့် စစ်ဆေးမှုကုန်ကျစရိတ်အားလုံးကို ကိုယ်တိုင်အကုန်အကျခံရမှာဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ (၁၄)ရက်နေ့ထုတ်ပြန်ချက်မှာ လေ့လာဖတ်ရှု့နိုင်ပါတယ်။
ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုပြေးဆွဲခွင့်ပြုလိုက်ပေမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကိုတော့ ရပ်နားထားဆဲဖြစ်ပြီး ကယ်ဆယ်ရေးလေယာဉ် (Relief Flight) တွေသာ ပျံသန်းပြေးဆွဲနေတာဖြစ်ပါတယ်။
By : Kyaw Thura Tun
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.