2020.01.08ENTERTAINMENT
နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ)

– မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ)ကို ဇန်နဝါရီ (၄)ရက် ညနေ (၃:၀၀)တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်္ကဘာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၌ ကျင်းပခဲ့သည်။

– နိုင်ငံတာရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ကိုရီးယားနိုင်ငံ ဟန်အီး (Hangi)ရုပ်သံဖောင်ဒေးရှင်းတို့မှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုခြင်းနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနည်းတူ နိုင်ငံတကာမှ လွတ်လပ်ရေးကြိုးပမ်းရယူခဲ့မှုအပေါ် လူငယ်များအနေဖြင့် ရုပ်ရှင်အနုပညာကို ကြည့်ရှုကြခြင်းဖြင့် သိရှိနိုင်ကြစေရန်အတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်သည်။

– အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဦးစိုးလွင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဉက္ကဌ ဉီးညီညီထွန်လွင်တို့မှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

– ထို့နောက် ကိုရီးယားဟန်အီး (Hangi) ရုပ်သံဖောင်ဒေးရှင်းမှ မစ္စယူရီမှလည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ကိုရီးယားဟန်အီး (Hangi) ရုပ်သံလိုင်းမှ လာရောက်ရိုက်ကူး မှတ်တမ်းတင်ထားသော ရုပ်သံများကို ပြသခဲ့သည်။

– ပြီးနောက်အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြသည်။
– ဆက်လက်ပြီး ညနေ (၄:၄၅)တွင် ဦးညွန့်ဝင်း၊ ဦးဝင်းဗိုလ်၊ ဦးဆန်းဝင်း၊ ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်နှင်းဆီ၊ ဧည့်သည်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် သစ္စာမေတ္တာရွှေမန်းသဘင် အဖွဲ့သူအဖွဲ့သားများ ပါဝင် သရုပ်ဆောင်ထားသည့် (၁၉၇၂ခုနှစ်တွင် ရုံတင်ပြသခဲ့သော “ငါ့ညီငါ့မြေငါ့အမေ” ရုပ်ရှင်ဇာတ်ကားကြီးကို ပြသခဲ့သည်။

– အဆိုပါရုပ်ရှင်ဇာတ်ကားတွင် မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူလူထုကိုယ်တိုင် လက်နက်စွဲကိုင်၍ အသက်ပေးကာ တိုက်ပွဲဝင်ခဲ့ကြပုံများကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

– Jan 5 ရက်တွက်လည်း ကိုရီးယားနိုင်ငံ ဟန်အီရုပ်သံလိုင်းမှ ရွေးချယ်ပေးထားသော “ The Tiger” အမည်ရှိ ဇာတ်ကားကိုလည်း ပြသခဲ့သည်။
– မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတကာရုပ်ရှင်ပြပွဲ (မြန်မာနိုင်ငံပြပွဲ)သည် တတိယအကြိမ်မြောက်ဖြစ်ပြီး အဆိုပါပွဲကို အခမဲ့ပြသခဲ့ခြင်း ဖြစ်သည်။
By : Kyaw Thura Tun
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.