fb_icon

bnr_tob_1

2019.09.23LIFE&TREND

မြန်မာနိုင်ငံကို ကူးသန်းရောက်ရှိလာတဲ့ နိုင်ငံတကာမှ နာမည်ကြီး Brand များ

မြန်မာနိုင်ငံကို နိုင်ငံတကာက ဖက်ရှင်ဆိုင်တွေ ဝင်လာမစဲ တသဲသဲ ဖြစ်လာတော့ ရှော့ပင်ထွက်ရတာကို ကြိုက်နှစ်သက်ကြတဲ့ အမျိုးသမီးနဲ့ အမျိုးသားများအတွက် တကယ့်ကို သတင်းကောင်းတစ်ခုပါပဲ။ ဒီလို နိုင်ငံတကာက ဖက်ရှင်တွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတာ တကယ်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို အများကြီးရွေးချယ်လို့ရသွားခဲ့မှာဖြစ်ပြီး လူငယ်တွေမှာလည်း နိုင်ငံတကာက အမျိုးသား၊ အမျိုးသမီးတွေနဲ့ အပြိုင် ဖက်ရှင်အရာမှာ ခေတ်နောက်ကျ မကျန်ရစ်ခဲ့တာကို မြင်ရတာ ကျွန်တော်တို့အတွက်တော့ အမြတ်တွေထဲက တစ်ခုပါပဲ။ ဒီတစ်ခါမှာဆိုရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံတကာမှ ဖက်ရှင် Brand တစ်ချို့နဲ့ မိတ်ဆက်ပေးသွားပါမယ်။ ကျွန်တော်နဲ့ အတူလိုက်ပါစီးမျောကြည့်ရှုပေးပါအုံး။

Mango

Mango ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ က ထုတ်လုပ်တဲ့ အဝတ်အစား Brand တစ်မျိုးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ အမျိုးသမီးဝတ်အများစုကိုသာတင်သွင်းပြီး Tees များမှ စလို့ Jumpsuit တွေအထိ ရှိပါတယ်။ စပိန်က ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် European ပုံစံကို ရရှိစေတာကတော့ အသေအချာပါပဲ။ အဝတ်အထည်တွေကတော့ ၁သောင်းခွဲမှ စတင်လို့ ၈သောင်း၊ ၉သောင်း၊ ၁သိန်းတန်အထိ အစားစားရှိပါတယ်။

Charles & Keith

Charles & Keith က စင်ကာပူထုတ် Brand တစ်ခုဖြစ်ပါတယ်။ သူက မြန်မာအမျိုးသမီးတွေကြားထဲမှာ ရေပန်းစားတဲ့ Brand တစ်ခုလို့ပြောရရင်လည်း မှားမယ်မထင်ပါဘူး။ C&K ဟာ အမျိုးသမီးတွေအတွက် ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဖိနပ်တွေ၊ အိတ်တွေကို အဓိက ထုတ်လုပ်ပါတယ်။ ကွင်းထိုးဖိနပ်အပါးက စလို့ ပါတီတွေတက်တဲ့ ဒေါက်ဖိနပ်တွေအထိ ရှိသလို အိတ်တွေကလည်း နေရာစုံ၊ ဒေသစုံမှာ သင့်တင့်လျောက်ပတ်စွာ လွယ်လို့ရတဲ့ အိတ်တွေအထိရှိ ပါတယ်။ အိတ်နဲ့ ဖိနပ်တွေရဲ့ တန်ဖိုးကတော့ ၆သောင်းကျော်လောက်ကနေ စပြီး ရှိတတ်ပါတယ်။

Pedro

Pedro ကလည်း စင်ကာပူနိုင်ငံက ထုတ်တဲ့ Brand တစ်ခုပါပဲ။ ဒီ Brand ကတော့ မြန်မာနိုင်ငံက အမျိုးသား နဲ့ အမျိုးသမီးတို့အတွက် ရည်ရွယ်ပြီး ဖိနပ်၊ အိတ် တို့တင်သွင်းပါတယ်။ အမျိုးသားဝတ် Shoe ဖိနပ်၊ လွယ်အိတ်မှ စပြီး အမျိုးသမီး ဝတ် ဖိနပ်၊ အိတ်များအထိ အသီးသီးရှိပါတယ်။ Luxury Brand တစ်ခုဖြစ်တာကြောင့် တန်ဖိုးမြင့်ပါတယ်။ သို့တိုင်အောင် ပေးရတဲ့ဈေးနဲ့တန်တဲ့ Luxury Feel ကိုတော့ အပြည့်အဝ ခံစားရမှာပါ။

Giordano

Giordano လို့ဆိုလိုက်တာနဲ့ မြန်မာက လူတွေ မသိမဖြစ်နေမှာပါ။ ဟောင်ကောင်က တင်သွင်းလာတဲ့ ဒီ Brand ဟာ ထသွားထလာအဝတ်အစားတွေတစ်ဖြစ်လဲ Causual Wear တွေကို ထုတ်လုပ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် polos နဲ့ tees ဒီဇိုင်းထုတ်လုပ်မှုတွေကြောင့် နာမည်ကြီးတာဖြစ်ပြီး formal အဆန်ဆုံးနဲ့ အသပ်ရပ်ဆုံးသော ဝတ်စုံတွေကို ရရှိနိုင်ပါတယ်။ Giordano လွယ်အိတ်များနဲ့ ထီး တို့ကတော့ မြန်မာနိုင်ငံနေ ပြည်သူတွေအတွက် နာမည်ကြီးပါပဲနော်။

Bossini

Bossini ကလည်းအမျိုးသားနဲ့ အမျိုးသမီးများအတွက် Causual Wear တွေကို ထုတ်လုပ်ပေးတဲ့ ဟောင်ကောင်ထုတ် ဒီဇိုင်းပါပဲ။ သူက Giordano ထက် ရွေးချယ်စရာပိုများတယ်။ အမျိုးသမီးဝတ် printed blouses တွေနဲ့ အပေါ်ဝတ် ဒီဇိုင်းတွေလည်းရှိပါတယ်။

ဒီဆောင်းပါးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာ Brand တွေအကြောင်း အကျဉ်းချုပ်ဖြစ်ပါတယ်။ သင်တို့ကော ဒီ Brand တွေ (ဒါမှမဟုတ်) တခြား နိုင်ငံခြားက ဘယ် Brand တွေကို ကြိုက်နှစ်သက်ကြပါသလဲ။ ဘယ် Brand တွေကို ဝတ်ဆင်ဖြစ်သလဲဆိုတာကိုဆွေးနွေးပေးသွားကြပါအုံး။

By : Theingi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img