fb_icon

bnr_tob_1

2019.09.26LIFE&TREND

နို့တိုက်မိခင်တွေအတွက် နို့ထွက်များစေသော အစားအစာများ

မေမေတို့ရေ သားသားမီးမီးလေးတွေကို မွေးစကနေ အသက်(၆)လအထိ မိခင်နို့ရည်တစ်မျိုး တည်းတိုက်ကျွေးခြင်းက အကောင်းဆုံးလို့ တစ်ကမ္ဘာလုံးက လက်ခံအတည်ပြုထားကြပါတယ်။ မိခင်ဆိုတာလည်း သွေးသားနဲ့ ဖြစ်တည်နေတာပဲမို့ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံ၊ ကျန်းမာရေးအခြေအနေတွေ မတူနိုင်ပါ။ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည် အထွက်နည်းတာမျိုး၊ မထွက်တာမျိုးနဲ့ မလုံလောက်တာမျိုးတွေ လည်းဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးကြုံတွေ့တဲ့အခါ မေမေတို့အနေနဲ့ စိတ်ဓာတ်ကျခြင်း ၊အားငယ်ဝမ်းနည်းခြင်း၊ ကိုယ့်ကို မိခင်တာဝန်မကျေသလို အားမလိုအားမရ ဖြစ်ခြင်း စတာတွေကို ခံစားနေရမှာ အမှန်ပါပဲ။ ဒီလိုအချိန်မျိုးမှာ ဘေးနားမှာရှိတဲ့မိသားစုရဲ့ ဖေးမကူညီအားပေးမှုတွေ ကလည်း အရေးပါနေပြန်ပါတယ်နော်။ စိတ်အားငယ်နေတဲ့ မိခင်ကို အားပေးရင်း နည်းမှန်လမ်းမှန်နဲ့ အမေက ကလေးကို စောင့်ရှောက်ခြင်းကို အားပေးကူညီသင့်ပါတယ်နော်။ အာဟာရပြည့်ဝစွာ မိခင်ကို ပြင်ဆင်ကျွေးမွေးပြီး ကြင်ကြင်နာနာ ဆက်ဆံခြင်းကသာ မိသားစုဝင်တွေအနေနဲ့ မေမေနဲ့ ကလေး ကို အစစ်အမှန် ချစ်ခြင်းဖြစ်ပါတယ်နော်။

ဒါကြောင့် မေမေတို့အတွက် မိခင်နို့ထွက်များစေတယ်လို့ ညွန်းထားတဲ့ အစားအစာတွေထဲမှာမှ မြန်မာနိုင်ငံမှာ အလွယ်တကူရရှိ ပြီးနေ့စဉ်အလွယ်တကူ စားသုံးနိုင်မယ့် အစားအစာတွေကို ပြောပြပေးလိုက်ပါတယ်။

Oatmeals (မုန့်ညှက် ခေါ် အုတ်ဂျုံ)

City Mart တွေမှာအလွယ်တကူဝယ်ယူနိုင်ပြီး ပြင်ဆင်ရလွယ်ကူတဲ့ အုတ်ဂျုံကတော့ မနက်စာအတွက် အထူးသင့်လျှော်လှပါတယ်။ နွားနို့နဲ့ ရောပြီး မနက်စာအဖြစ်စားသုံးမယ်ဆိုရင် အာဟာရပြည့်ဝ ကျန်းမာစေတဲ့အပြင် မေမေတို့ Diet အတွက်လည်း အထောက်အကူပြုပါသေးတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်သလို အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓါတ်လည်းပါဝင်ပါတယ်။

ဟင်းနုနွယ်

သံဓာတ်၊ ကယ်ဆီယမ်၊ ဖောလစ်အက်ဆစ်တို့ပါဝင်တဲ့ ဟင်းနုနွယ်ကလည်း နို့ထွက်များစေဖို့ အထောက်အကူပြုပါတယ်။ သွေးအားနည်းတတ်တဲ့ မိခင်တွေ စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် အလွန်အကျွံစားသုံးတာကိုတော့ ရှောင်ကျဉ်ရပါမယ်နော်။

ကြက်သွန်ဖြူ

မြန်မာဟင်းလျာ အများစုမှာ ပါဝင်တဲ့ ကျန်းမာရေး စွယ်စုံရ ကြက်သွန်ဖြူကလည်း နို့ထွက်လှိုင်စေတဲ့ အဓိက အစားအစာအဖြစ်ကို ပါဝင်ပါတယ်နော်။

သင်္ဘောသီးစိမ်း

အာရှမှာနာမည်ကျော် အသုတ်သုတ်စားတဲ့ သင်္ဘောသီးအစိမ်းကလည်း နို့ထွက်များစေဖို့အားပေးပါတယ်။ မေမေတို့ရေ သင်္ဘောသီးထောင်းလေးများ စားမယ်ဆိုရင်တော့ အစပ်လေးတော့ လျှော့ပေါ့နော်။

ကန်စွန်းဥ

ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေတဲ့ ပိုတက်ဆီယမ်၊ စွမ်အင်ထုတ်လုပ်မှုအတွက် သန့်စင်တဲ့ ကာဗွန်ဟိုက်ဒရိတ် တို့ကြွယ်ဝစွာ ပါဝင်တဲ့ ကန်းစွန်းဥကိုလည်း စားသုံးပေးလို့ရပါတယ်။ ဗီတာမင်ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ပြီး ကန်စွန်းဥကို မီးဖုတ်ထားတဲ့ ပန်းသီးနဲ့ အတူ ဖျော်သောက်ဖို့ အကြံပြုထားပါတယ်။

ဆယ်လ်မွန်ငါး

အိုမီဂါ-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ ဦးနှောက်နဲ့ အာရုံကြောအတွက် အကောင်းဆုံးလို့ဆိုနိုင်တဲ့ ဆယ်လ်မွန်ငါး ကိုအားဖြည့်စားသုံးပေးရပါမယ်။ ဆယ်လ်မွန်ငါး ကိုစားသုံးရာမှာတော့ ပြုတ်၊ကင်၊ ပေါင်း နှစ်သက်ရာ နည်းလမ်းလေးနဲ့တော့ ပြုပြင်စားသုံးပေးရပါမယ်နော်။

ရေ နှင့် ဖျော်ရည်များ

ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ ရေနဲ့ အသီးဖျော်ရည်တွေကို တော့ ကလေးတွေကို မိခင်နို့မတိုက်ကျွေးခင် အရင်သောက်သုံးထားမယ်ဆိုရင် ကလေးငယ်အတွက် လုံလောက်ပြီး အဟာရပြည့်ဝတဲ့နို့ရည် ကို ရရှိနိုင်မှာပါ။ သန့်စင်သောရေကို တစ်နေ့ (၈)ခွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်နော်။

မုန်လာဥနီ

ဗီတာမင်တွေများစွာပါဝင်တဲ့ မုန်လာဥနီကို ဖျော်ရည်၊ ဟင်းချိုအဖြစ်စားသုံးပေးမယ်ဆိုရင်လည်း မိခင်နို့ရည်အတွက် အထောက်အကူများစွာဖြစ်စေပါတယ်။

နောက်ထပ်စားသုံးပေးသင့်တဲ့ အစားအစာ အသီးအရွက် ကောက်ပဲသီးနှံတွေကတော့
ကညွတ်၊ ပင်စိမ်းရွက်၊ သခွားသီး၊ ဗန်ဒါစေ့၊ ကုလားပဲ၊ ဒန့်ဒလွန်အရွက် အသီး၊ နွားနို့၊ မုယောစပါး၊ ဆန်လုံးညို၊ နဲ့ ဟင်းခတ်အမွှေးအကြိုင် များအဖြစ် အသုံးများတဲ့ စမုန်နက်စေ့၊ နှမ်းနက်စေ့၊ ဇီယာစေ့ ၊ ဘိန်းစေ့၊ ဆီကို လည်း သင့်လျော်သလို စားသုံးပေးနိုင်ပါတယ်။
မေမေတို့ရေ ရင်သွေးငယ်လေးတွေအတွက် အာဟာရပြည့်ပြည့်စုံစုံနဲ့ မိခင်နို့ကို တိုက်ကျွေးနိုင်အောင် စားသုံးပေးရမဲ့ နေ့စဉ်အစားအသောက်တွေက တစ်ဖက်တစ်လှမ်းကနေဖြင့် မေမေတို့ အတွက် ကျန်းမာတဲ့ အလှတရားရရှိစေနိုင်မယ့် Diet meal တွေဖြစ်လို့နေတာကတော့ အလွန်အဆင်သင့်လှပါတယ်နော်။ အစားအသောက်တွေကို မှန်ကန်ပြည့်စုံစွာ စားသုံးရင်း မေမေ နှင့် ရင်သွေးငယ်လေးတွေ ပျော်ရွှင်ကျန်းမာလှပကြပါစေ။

Best_food_to_increase_breast_milk #Mommy_TT #TT

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img