bnr_tob_1

2019.12.11FOOD

Urban Asia Center ထဲက Ietsu Japan Dining

ဒီတစ်ပါတ် (sunday ) ရုံးပိတ်ရက်မှာ မဟာဗန္ဓုလလမ်းနဲ့ ၄၈လမ်းထောင့်မှာရှိတဲ့ Urban Asia Center ထဲက Ietsu Japan Dining ကို ရောက်ခဲ့ပါတယ်။

ဒီဆိုင်လေးကို ဖွင့်လှစ်ထားသူကတော့ ဂျပန်နိုင်ငံက ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ဆိုင်ရဲ့ Decoration တွေကိုလည်း ဂျပန်စတိုင်လေးနဲ့ International စတိုင်လေးတွေ ပေါင်းစပ်ပြီး ပုံဖော်ထားပါတယ်။

ဆိုင်အတွင်းထဲကို မဝင်ခင်မှာပဲ ဆိုင်ရဲ့ရှေ့မျက်နှာစာမှာရှိတဲ့ မှန်အခန်းလေးထဲမှာ လတ်ဆတ်ပြီးသန့်ရှင်းတဲ့ Soba ခေါက်ဆွဲကိုရဖို့  ဆိုင်တွင်သာ ထုတ်လုပ်နေတာ တွေ့ရပါတယ်။

ဆိုင်ရဲ့ အတွင်းထဲကို ဝင်လိုက်ပြီဆိုရင်ပဲ စိတ်အေးချမ်းပြီး ငေးမောချင်လောက်အောင် လှပနေတဲ့ အပြင်အဆင်လေးတွေကို တွေ့ရပါတယ်။

ဒီဆိုင်လေးရဲ့ အတွင်းထဲကို ရောက်ပြီဆိုရင် ဘားကောင်တာလေးကို တွေ့ရမှာဖြစ်ပြီး ဂျပန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းလာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ယမကာတွေကို မှာယူပြီး မြည်းစမ်းကြည့်နိုင်ပါတယ်။

ဒီဆိုင်ရဲ့ အဓိက recommend ပေးချင်တဲ့ အစားအစာတွေကတော့ Soba  ခေါက်ဆွဲ နဲ့ Sushi တို့ပဲဖြစ်ပါတယ်။

Soba ကို ဆိုင်တွင် သန့်ရှင်းစွာပြုလုပ်တာကို တွေ့ရပြီး ဂျပန်လူမျိုးတွေတင်မကဘဲ မြန်မာလူမျိုးများပါ ခံတွင်းတွေ့နိုင်အောင် ပြင်ဆင်ထားပါတယ်။

နောက်တစ်ခုကတော့ Soba နဲ့အတူတွဲပြီး စားသုံးနိုင်တဲ့ Kaiseki Set Menu လေးပဲဖြစ်ပါတယ်။

ဒီ Menu လေးမှာပါတဲ့ တူနာငါးကိုတော့ လတ်ဆတ်စွာနဲ့ စားသုံးနိုင်ဖို့အတွက် ဂျပန်နိုင်ငံကနေ လေယာဉ်နဲ့ တိုက်ရိုက်မှာယူထားပါတယ်။

ဒီ Menu လေးတွေနဲ့အတူ အခြား စိတ်ဝင်စားစရာကောင်းတဲ့ မြည်းစမ်းနိုင်တာတွေကတော့ လူတိုင်းစားသုံးလို့ ရနိုင်တဲ့ Deep Fried Mix Vegetable, Tempura Platter, Croqutte, Chicken and root vege stew, Beaf and potato stew စတဲ့ ဟင်းပွဲ အမျိုးပေါင်း ၁၀၀ ကျော်ရှိတာမို့ မိမိစိတ်ကြိုက် ရွေးချယ်ပြီး မှာယူနိုင်ပါတယ်။ စျေးနှုန်းတွေကလည်း (၅၀၀၀)ကျပ် ဝန်းကျင်ကနေ စပြီး မှာယူနိုင်တာမို့ သင့်တင့်တဲ့ စျေးနှုန်းတွေပါပဲ။

ဝန်ထမ်းတွေရဲ့ နွေးထွေးပျူငှာတဲ့ ကြိုဆိုမှုတွေနဲ့အတူ မြန်မာလူမျိုး ကျွမ်းကျင်စားဖိုမှူးများကိုယ်တိုင် ဂျပန်လက်ရာအတိုင်း သန့်ရှင်းစွာဖြင့်ချက်ပြုတ်နေတာကို တွေ့ခဲ့ရပါတယ်။

လာရောက်အားပေးကြတဲ့ ဧည့်သည်တွေအတွက် သန့်ရှင်းသပ်ရပ်လှတဲ့ အခန်းအပြင်အဆင်လေးတွေကို တွေ့ရမှာဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ၊ လူဦးရေ ၂၀ ဆံ့ သီးသန့်ခန်းလေးတွေနဲ့ စိတ်ချမ်းမြေ့စွာ လာရောက်ပြီးသုံးဆောင်နိုင်ပါတယ်။

ဒီဆိုင်လေးကို သွားပြီး ဂျပန်လက်ရာ အရသာဆန်းဆန်းလေးတွေကို မြည်းစမ်းကြည့်ဖို့ recommend ပေးချင်ပါတယ်။

ဒီဆိုင်ရဲ့လိပ်စာကတော့  

G-60A, 48 Street

Urban Asia Center

Maha Bandoola Rd,

Botataung Tsp,Yangon.

ဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img