bnr_tob_1

2020.10.15LIFE&TREND

I Love Buddha But လို့ အစချီထားတဲ့ စာအုပ်တစ်အုပ် Review

အက်ဆေးစာအုပ်တစ်အုပ်ဖြစ်ပြီး လက်တွေ့ဆန်တဲ့ အသုံးအနှုန်းတွေနဲ့ ကိုဇဏ်ခီရဲ့ ကိုယ်တိုင်သိရှိသွားမှုဆိုတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အက်ဆေးတစ်ပုဒ်မှာ ၃ မျက်နှာ ၄ မျက်နှာလောက်ဆိုပေမယ့် အတွေးတွေများစွာရမယ့် စာအုပ်လေးတစ်အုပ်ပါ။ နောက်ပြီး ၂၀၁၉ ခုနှစ်ထဲမှာ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်လည်းဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

ကိုဇဏ်ခီဆိုတာ သရုပ်ဆောင်ဘက်မှာလည်း အားပေးခဲ့ရသလို ဂီတဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက် ။ သူ့ရဲ့ အပြင် ဘဝနေထိုင်မှုအပေါ်မှာလည်း အားကျရတဲ့ အထိ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။ အခုကတော့ ကိုယ်တိုင်သိရှိသွားမှုဆိုတဲ့ စာအုပ်လေးထွက်လာခဲ့တယ်။ ကျနော်ဆို ဗုဒ္ဓဘာသာဝင်မှန်ပေမယ့်  ဗုဒ္ဓအပေါ်အဲလောက်ထိ မတွေးခဲ့မိဘူး၊ မမြင်နိုင်ခဲ့ဘူး။ ဒီစာအုပ်လေးကတော့ ဗုဒ္ဓနဲ့ပတ်သက်ပြီး ကိုဇဏ်ခီရဲ့ ရိုးရှင်းတဲ့ အတွေးအမြင်တွေကို ပြောပြထားတဲ့ စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ အဆိုးအမြင်ကို ပြောမသွားဘဲ သုံးသပ်ပြသွားတဲ့အတွက် ခေါင်းစဉ်တစ်ခုစီတိုင်းမှာအတွေးစတွေ ရမယ်လို့ထင်ပါတယ်။

စာအုပ်မှာပါတဲ့ ခေါင်းစဉ်တွေကို ဖော်ပြရရင်

၁။ I Love Buddha But

၂။ ဗုဒ္ဓဘာသာနဲ့ ခြံစည်းရိုး ကိစ္စ

၃။ Oneness

၄။ အရာရာကို ဒုက္ခနဲ့ ကြည့်တတ်အောင်ကြိုးစားပါ

၅။ ပြည့်စုံခြင်းဆိုတာ

၆။ အလွဲတစ်ချို့နဲ့ ကိုယ်ပိုင်သုံးသပ်မှု

၇။ ကိုယ့်ကိုကိုယ် ချစ်တဲ့သူ

၈။ ဘုရားစင်နဲ့ Gym

၉။ လက်တွေ့ဆန်ဖို့လိုပါတယ်

၁၀။ Buddhism, Democracy and Etiquette

၁၁။ Religion and Tradition

၁၂။ Taste (နှစ်သက်တတ်မှု)

၁၃။ Power of one

၁၄။ ကိုယ်တိုင်သိရှိသွားမှု

၁၅။ အလုပ်ပြီးမြောက်ခြင်းရဲ့တန်ဖိုး

၁၆။ ဗိုလ်ချုပ်စိတ်က ဘာလဲ

၁၇။ မြန်မာ့ရုပ်ရှင်နဲ့ Censor

၁၈။ တမလွန်က နားတစ်စုံအတွက်

စတဲ့ အက်ဆေး ၁၈ပုဒ် ပါဝင်ပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓအပေါ်အမြင်တွေနဲ့ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို  စာဖတ်တဲ့သူတွေ နားလည်လွယ်အောင် အရိုးရှင်းဆုံးရေးသားထားတဲ့ စာအုပ်တစ်အုပ်လို့ ပြောချင်ပါတယ်။

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img