fb_icon

bnr_tob_1

2019.06.19TECH

HTC U19e VS HTC Desire 19+

HTC မှ June လ အစလောက်မှာတင် အလယ်အလတ်တန်းစား စမတ်ဖုန်းနှစ်ခုကို ကြေညာခဲ့ပါတယ်။ စမတ်ဖုန်းသစ်များကတော့ HTC U19e နှင့် HTC Desire 19+ ပဲဖြစ်ပြီး U19e ကိုတော့ စတင်ရောင်းချနေပြီး 19+ ကိုတော့ July လ အစောပိုင်းမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ U19e မှာ ကျောဘက်ကင်မရာနှစ်လုံးပါ၀င်ပြီး ရှေ့ကင်မရာလည်း နှစ်လုံးပါ၀င်ပါတယ်။ Desire 19+ မှာတော့ ကျောဘက်ကင်မရာသုံးလုံးပါ၀င်ပြီး ရှေ့ကင်မရာက တစ်လုံးပဲ တပ်ဆင်ပေးထားပါတယ်။ ဖုန်းနှစ်ခုစလုံးမှာ Fingerprint Sensor ကိုတော့ ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။ U19e မှာတော့ မျက်နှာပြင် 6 လက်မ OLED ရုပ်ထွက်သုံးထားပြီး Desire 19+ မှာ 6.2 လက်မ HD+ Waterdrop Notch Display သုံးထားပါတယ်။ Waterdrop Notch မှာ Selfie Camera 16MP ကို ထည့်သွင်းပေးပါတယ်။ Android Version အနေနဲ့ 9 (Pie) ကိုပဲ အတူတူ သုံးစွဲထားပါတယ်။

(1). Design

HTC U19e

HTC U19e ဟာ 156.6 x 75.9 x 8 mm အရွယ်အစားရှိကာ 180g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Extraordinay Purple, Modest Green ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။

HTC Desire 19+

HTC Desire 19+ ကတော့ 156.2 x 74.8 x 8.5 mm အရွယ်အစားရှိကာ 170g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Star Can Blue, Jasmine White ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။

(2). Processor

HTC U19e

U19e မှာ Qualcomm SDM710 Snapdragon 710 (10nm) Octa-core Processor ကိုသုံးထားပြီး 2.2GHz မြန်နှုန်းရှိ Kryo 360 Gold Core 2 ခုနဲ့ 1.7GHz မြန်နှုန်းရှိ Kryo 360 Silver Core 6 ခုကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 616 ဖြစ်ပါတယ်။

HTC Desire 19+

19+ တွင် Mediatek MT6765 Helio P35 (12nm) Octa-core Processor ကိုသုံးထားပြီး 2.3GHz မြန်နှုန်းရှိ Cortex-A53 Core 4 ခုနဲ့ 1.8GHz မြန်နှုန်းရှိ Cortex-A53 Core 4 ခုကို သုံးထားပါတယ်။ ဂရပ်ဖစ်က PowerVR GE8320 ဖြစ်ပါတယ်။

(3). Display

HTC U19e

HTC U19e ဟာ 6.0 လက်မ Display ဟာ 1080 x 2160 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ OLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 78.2% ရှိပါတယ်။ Pixel density 402 ppi ရှိပါတယ်။

HTC Desire 19+

HTC Desire 19+ မှာ 6.2 လက်မ Display ဟာ 720 x 1440 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ OLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 84.9% ရှိပါတယ်။ Pixel density 402 ppi ရှိပါတယ်။

(4). Verdict

HTC U19e

HTC U19e မှာ အဓိကကင်မရာဟာ Dual 12MP + 20MP ဖြစ်ပြီး Selfie အတွက် Dual 24MP + 2MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ နောက်ကင်မရာကို အပေါ်ဘက်မှာ ထောင်လိုက်အနေအထား တပ်ဆင်ပေးထားပါတယ်။ Android 9.0 (Pie) ပါ၀င်ပြီး ဘက်ထရီအနေနဲ့ကတော့ Non-removable 3930 mAh ဘက်ထရီကို သုံးစွဲထားပါတယ်။

HTC Desire 19+

အဓိကကင်မရာဟာ Triple 13MP + 8MP + 5MP ဖြစ်ပြီး Selfie အတွက် 16MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ နောက်ကင်မရာကို အပေါ်ဘက်မှာ ထောင်လိုက်အနေအထား တပ်ဆင်ပေးထားပါတယ်။ Android 9 (Pie) ပါ၀င်ပြီး ဘက်ထရီအနေနဲ့ကတော့ Non-removable 3850 mAh ဘက်ထရီကို သုံးစွဲထားပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img