bnr_tob_1

2020.06.12TECH

Zoom application ကိုဘယ်လိုသုံးရမလဲ

Zoom application အသုံးပြုမှုသည် ကမ္ဘာတဝှမ်း၌ များပြားလာပါတယ်။ Covid-19 ကာလ ၌ လုပ်ငန်းရှင်များအချင်းချင်း အစည်းအဝေးပြုလုပ်ခြင်း၊ အလုပ်ရုံးကုမ္ပဏီများအတွင်း အစည်းအဝေးပြုလုပ်ခြင်း၊ အလုပ်ရုံရုံးခွဲများ အချင်းချင်းအစည်းအဝေးပြုလုပ်ခြင်း နှင့် အခြားသောအစည်းအဝေးများပြုလုပ်ခြင်းများ အတွက် အဆင်ပြေပြီး အသုံးပြုမှုများသော application လည်းဖြစ်ပါတယ်။ ထို့နောက် ဘောလုံးပွဲများ နှင့် အခြားအားကစားပွဲ များ၌ လည်း Zoom applicationကိုအသုံးပြုရန် စီစဉ်လျက်ရှိပါတယ်။

Zoom application မှာတော့ host ဆိုတဲ့ meeting leader နဲ့ join ဆိုတဲ့ meeting partner (သို့မဟုတ်) meeting client ဆိုပြီးရှိပါတယ်။ host ကတော့ Zoom မှာကိုယ်ပိုင် account တစ်ခုနဲ့ register တစ်ခုပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ meeting တစ်ခုအတွက် New Meeting ကိုနှိပ်ပြီး meeting တစ်ခုစတင်နိုင်ပါတယ်။ ၎င်း meeting အတွက် ID Code တစ်ခုနှင့် Password တစ်ခုရရှိပါမယ်။ ထို ID Code နှင့် Password ကို meeting partner များကိုပေးကာ ချိတ်ဆက်နိုင်ပါတယ်။

meeting partner များဘက်မှ join ဆိုတဲ့ ‘+’ ကိုနှိပ်ပြီး ချိတ်ဆက်နိုင်ပါတယ်။ ထိုအခါ Zoom application မှ ID Code နှင့် Password တောင်းလိမ့်မည် ဖြစ်ပါတယ်။ meeting leader ထံမှရရှိသော ID Code နှင့် Password ကို ထည့်သွင်း‌‌ပေးရပါတယ်။ ထို့နောက် meeting leader ထံမှ approval ရရှိပြီး အစည်းအဝေး (သို့မဟုတ်) ဆွေး‌နွေးပွဲ တစ်ခုကို စတင်နိုင်ပါပြီ။ meeting ကိုရပ်တန့်လိုလျှင် End meeting နှိပ်နိုင်ပါတယ်။ meeting မှအပြီးထွက်လိုလျှင် Leave meeting ကိုနှိပ်နိုင်ပါတယ်။ meeting တစ်ခုလုံးကိုရပ်ဆိုင်း လိုလျှင် End meeting for all ကိုနှိပ်နိုင်ပါတယ်။

Zoom application နှင့်ပတ်သတ်ပြီး ထပ်မံ၍ သိရှိလိုသည်များကို ဒီlink ၌ လေ့လာနိုင်ပါတယ်။ Zoom application စတင်အသုံးပြုသူများ အတွက် အသုံးပြုမှုအဆင်ပြေစေရန် နှင့် ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img