bnr_tob_1

2020.09.28TRAVEL

ကိုယ်တိုင်ခရီးတစ်ခုစီစဉ်ခြင်း

ကိုယ့်ဟာကိုယ်အတွက်ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အုပ်စုလိုက်အတွက်ပဲဖြစ်ဖြစ် ခရီးတစ်ခုစီစဉ်ရာမှာအသုံးဝင်မယ့်ဟာလေးတွေပါ။ကိုယ်အသုံးပြုဖြစ်တဲ့အခြေခံလိုအပ်ချက်လေးတွေပေါ့နော်။သွားမယ့်ရက် ကြာမယ့်ခရီးတစ်ခုလုံးစာအတွက် စာရွက်နဲ့ Day1 Day2ဘာညာချရေးပီးစီစဉ်ပါ။ပိုသေချာပီးမမှားတော့ပါဘူး။

ticket

-ကားလက်မှတ်အတွက်အချိန်တွေစျေးနှုန်းတွေကြည့်ချင်ရင် www.mmbusticket.com မှာကိုယ်သွားမယ့်ရက်တွေဖြည့်ပီးကြည့်လို့ရပါတယ်။visa cardရှိရင်တော့တခါထဲဖြတ်လိုက်လို့ရပီး အဲမှာမဝယ်ချင်ရင်တော့ပုံမှန်လုပ်နေကျကားဂိတ်ကိုလှမ်းဖုံးဆက်bookလုပ် သွားမယ့်နေ့ကျမှပိုက်ဆံရှင်းအဲလိုလုပ်လို့ရပါတယ်။-လေယာဉ်လက်မှတ်ဆိုရင်တော့ www.skyscanner.net မှာဝင်မွှေပါတယ်။အချိန်တွေစျေးနှုန်းတွေကျလာရင်အဲထဲက trip.comမှာပဲဝယ်ပါတယ်။ဥပမာ-Air Asia websiteထဲမှာဝယ်ရင် visa cardနဲ့ရှင်းရင်$6လောက်ဖြတ်ပါတယ်။Trip.comမှာမပေးရပါဘူး။

Hotelတွေ

-ပြည်တွင်းအတွက်ဆိုရင်ဖုန်းဆက်ပီးသာbookပါ။Appတွေထဲကbookရင်စျေးများပါတယ်။-ပြည်ပဆိုရင်တော့ booking.com နဲ့ Agoda နှစ်ခုလုံးသုံးပီးစျေးယှဉ်ကြည့်ပါ။တစ်ခုထဲပုံမှန်မသုံးပါနဲ့။တခါတလေ Agoda မှာပိုသက်သာနေတဲ့အခါမျိုးလည်းရှိပါတယ်။Agoda:final price ကိုတခါထဲမပြပါ၊ taxတွေထည့်ပေါင်းပါသေးတယ်။visa cardရှိမှအဆင်ပြေပါတယ်booking.com::final priceတန်းပြပါတယ်။hotelရောက်မှငွေရှင်းလို့ရပါတယ်။

ကားငှား၊ဆိုင်ကယ်ငှားခြင်း

ပြည်တွင်းသွားရင်ဘယ်သူ့ဆီငှားရမှန်းမသိရင် ဟိုတယ်ကိုပဲငှားခိုင်းပါ။အခုနောက်ပိုင်း fb ပေါ်မှာ……. car rental ဘာညာကွိကွရိုက်ထည့်လိုက်ရင်တသီကြီးကျလာပါတယ်။ပြည်ပသွားရင် Grabသုံးပါ။ဆိုင်ကယ်ငှားချင်ရင် တည်းတဲ့နေရာ သို့မဟုတ် နီးစပ်ရာ tourတွေမှာမေးပါ သူတို့ဆီမငှားရင်တောင် ညွှန်ပေးပါလိမ့်မယ်။

ဘယ်တွေသွားရမလဲလို့စာဖတ်ခြင်း

ပြည်တွင်းအတွက်ဆိုရင် travel bloggerတွေရေးထားတဲ့စာတွေပဲအားကိုးရမှာပါ။နောက်တစ်နည်းက fbပေါ် keywordsနဲ့ရှာပါ။ဥပမာ-ကလောလို့ရိုက်ထည့်လိုက်ရင် bloggerမဟုတ်တဲ့သူတွေရေးထားတဲ့reviewတွေပါကျလာလိမ့်မယ်။အစုံဖတ်လို့ရတာပေါ့။ပြည်ပဆိုရင် စစချင်းအကြမ်းဖျင်းသိအောင်fbပေါ်ပဲအရင်ရှာပါ။နောက် googleခေါက်ပါ။ဥပမာ-How to go……to……. တို့ things to do in……တို့ပေါ့ သိချင်သမျှဟာရိုက်ထည့်ရှာပါ။websiteပေါင်းတစ်သောင်းခြောက်ထောင်ကျလာလိမ့်မယ် ကိုယ်နှစ်သက်ရာဝင်ဖတ်လို့ရပါတယ်။

မြေပုံကြည့်ခြင်း

ပြည်တွင်းဆိုရင်တော့မြေပုံကသိပ်တော့မလိုဘူး။ပါးစပ်ပဲသုံးပါ ညွှန်ပေးတဲ့လူတွေချည်းပဲ။ပြည်ပဆိုရင်တော့မြေပုံကမသုံးလို့မရတော့ maps.me Appသုံးပါ။google mapထက်ပိုအဆင်ပြေပါတယ်။offline mapပါ download လုပ်ထားရုံပါပဲ။nearby မှာရှိတဲ့စားသောက်ဆိုင် ဘာညာပါ အကုန်ရှိပါတယ်။visa card​ ပြည်ပသွားမယ်ဆိုရင် visa cardဖြစ်အောင်လုပ်ပါ။ဟိုရောက်မှ exchange လုပ်တာထက် ATMစက်ကvisa cardနဲ့ထုတ်တာပိုပီးစျေးနှုန်းစိတ်ချရပါတယ်။ထုတ်ခကတခါထုတ်5000ဝန်းကျင်ပဲပေးရပါတယ်။အားလုံးပဲကိုယ်တိုင်စီစဉ်တဲ့ခရီးတွေအများကြီးသွားနိုင်ပါစေ

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img