2020.01.03FOOD
အချိန်အကန့်အသတ်မရှိဘဲ Hot Pot & BBQ Buffet ကို စိတ်ကြိုက်စားနိုင်မယ့် Kit Kit Hot Pot & BBQ Buffet

Hot Pot နဲ့ အကင်ကို ကြိုက်နှစ်သက်သာများအတွက် အမယ်စုံအရသာလည်းရှိ ဝန်ဆောင်မှုလည်း အထူးကောင်းမွန်တဲ့ Kit Kit Hot Pot & BBQ Buffetဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Rating 4.8တောင်ရရှိထားတဲ့ ဒီဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် (၂၂၉) , အပေါ်ဗဟိုလမ်း, ၂ ရပ်ကွက်, မရမ်းကုန်းမြို့နယ် ရန်ကုန်မှာတည်ရှိပါတယ်။
မနက် ၁၀ နာရီကနေ ည ၁၀နာရီအထိ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ဖုန်းနံပါတ် 09448020007 ကိုကြိုတင်ဘိုကင်လုပ်နိုင်ပါတယ်။ လူတွေပြည့်နေတတ်လို့ပါ။
ဈေးနူန်းလေးကလည်း၁ ဦးလျင် – 12900 ကျပ်သာကျသင့်မှာဖြစ်ပြီး ကလေးများကိုတော့6000 ကျပ်သာကျသင့်မှာ ဖြစ်ပါတယ်။ ကလေးဆိုပေမယ့် ၃ပေအောက်ကလေးငယ်တွေကို ကောက်ခံခြင်းမရှိပါဖူးနော်။ Service charges လဲထပ်ပေးစရာလုံဝမလိုပါဖူးတဲ့ရှင်။
ဆိုင်တိုင်းမှာ ရလေ့မရှိတဲ့ အမဲသား နှင့်အတူ ပုဇွန်(2)မျိုး / ဂဏန်း / ပြည်ကြီးငါး / ဂုန်း / ဝက်သားလွာ အစုံ / ကြက်သား လွာ အစုံ စသဖြင့်
Seafood နှင့် ကြိုက်နှစ်သက်ရာ ယူစားဖို့
ဟင်း အရွက် နှင့် Side dishes တွေလဲ စုံစုံလင်လင် ကို အကန့်အသတ်မရှိဖြည့်ထားပေးပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုလေးကတော့ ပုဇွန်တွေကို အခွံခွာပြီး စိတ်တိုင်းကျ အရသာနယ်ပေးတာမျိုး အသားတွေကို အရသာပြန်နယ်ပေးတာမျိုးပါ ဝင်ဆောင်မှုပေးပြီး စားလို့အဆင်ပြေတဲ့အထိကို ကင်ပေးပါတယ်။ ပုဇွန်ဆို အခွံ့ခွာပြီးသားလေးတွေ အဆင်သင့်ကင်ပေးတာမို့ အလုပ်လည်းမရှုပ် ပိုပြီးစားဖြစ်တာပေါ့နော်။

ဟင်းရည် အရသာကို “ အချို / ချဉ်စပ် / အစပ် /သက်သက်လွတ် ဆိုပြီး အရသာ ၄ မျိုးဖြင့်ရနိုင်ပြီး အရံဟင်း အဖြစ် ဂဏန်းချဉ်စပ် / ပုဇွန်ခြင်းလုံး /
ဝက်နံရိုးနုကြော် / မာလာဟင်း / ဂဏန်းခွက်ကြော် /
ဖက်ထုတ်ကြော် / ကြက်ခြေထောက်သုပ် စသည်ဖြအရံဟင်း ၁၄ မျိုး လောက်အထိကိုရှိပါတယ် ။
အချိုပွဲကလဲ ရှယ်ပါနော်။ ရေခဲမုန့် ၄ မျိုး နှင့် အသီးအနှံ အချိုပွဲ တွေအပြင် Pepsi, Orange , Lemon tea စတဲ့သောက်စရာတွေကိုလည်း freeflow ပေးထားပါသေးတယ်။
စားသုံးသူများ အေးအေးဆေးဆေး သုံးဆောင် နိုင်ရန်သက်သောင့် သက်သာရှိသော စားပွဲခုံ အပြင်အဆင် လုံလောက်တဲ့ Air con / သပ်ရပ်သန့်ရှင်းသော အစားအစာအပြင်အဆင်များဖြင့် ထားရှိပေးထားပြီး သန့်စင်ခန်းကအစ သန့်ရှင်းသပ်ရပ်မှုရှိလှပါတယ်။ ညှော်နဲ့ရတာမျိုးလည်းမရှိပါဘူး။

ဒါကြောင့် မိသားစုအပေါင်းအသင်း သူငယ်ချင်း တွေနဲ့ တွေ့ဆုံဖို့ပဲဖြစ်ဖြစ် အစားအသောက်ကောင်းကောင်းကြိုက်နှစ်သက်ရင်ပဲဖြစ်စေ Kit Kit Hot Pot & BBQ Buffet မှာ တစ်ခါလောက်တော့ try ကြည့်သင့်တယ်လို့ recommend ပေးလိုက်ပါတယ်နော်။
By : TT
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ