bnr_tob_1

2020.08.31TRAVEL

ကပ်ကြီးပြီးရင် ညောင်ရွှေမှာ မြင်းသွားစီးမယ်

ပင်းတယသားပြိုင်မြင်းလေး သုဓနု

အခုဆိုအကုန်လုံးနီးပါး အိမ်တွင်းပြန်အောင်းနေရလောက်ရောပေါ့။ နောက်တစ်ခါခရီးတွေပြန်သွားလို့ရတဲ့အချိန်ကြရင် ရှမ်းပြည်ဘက်များသွားမယ်ဆိုရင် ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ သွားစရာနေရာလေးတစ်ခုကို ပြောပြမယ်နော်။ တော်တော်များများလည်း သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်​။ တစ်ချို့သိပြီး မသွားဖူး၊ မရောက်ဖြစ်တဲ့သူတွေအတွက် ညောင်ရွှေက မြင်းစီးလို့ရတဲ့နေရာလေးတစ်ခုအကြောင်း ပြောပြမယ်နော်။ TD ဆိုလည်း ညောင်ရွှေကိုခဏခဏရောက်တယ်။ညောင်ရွှေရောက်တိုင်း အင်းထဲမှာပဲ အချိန်ကုန်တာများတယ်လေ။ လူတိုင်းနီးပါးက ညောင်ရွှေဆိုရင်ဘအင်းလေးကန်ကြီးကိုပဲ ပြေးမြင်မိတာများတာကိုး။ ဒီတစ်ခေါက်တော့ သူငယ်ချင်းတွေနဲ့လည်း အဖော်ရတုန်း Inle Horse Club မှာမြင်းသွားစီးခဲ့တယ်လေ။ အရင်ကတော့ မြင်းတွေစီးဖူးပေမယ့် သူတို့ပြောတဲ့ အင်းလေးကန်ကိုအပေါ်စီးကနေ မြင်းစီးရင်း ကြည့်လိုရတယ်ဆိုတော့ အရမ်းစိတ်ဝင်စားသွားပီလေ

ကြွက်သားအပြည့်နဲ့
ဒါကတော့ ကျော်ဟိန်းတဲ့
သူငယ်ချင်းနှစ်ယောက် မြင်းပေါ်ကပြိုင်ပေါ

ကဲ အဲ့ဒါနဲ့ TD တို့မြင်းစီးကွင်းလဲရောက်ရော အရင်ဆုံး မြင်းရွေးကြတာပေါ့။ Inle Horse Club ထဲမှာ စုစုပေါင်း မြင်း ၁၂ ကောင်ရှိတယ်တဲ့။ အဲ့ထဲကမှ TD ကတော့ ပြိုင်မြင်းလို့ပြောတဲ့ သုဓနုဆိုတဲ့ မြင်းလေးကိုရွေးခဲ့တယ်။ သုဓနုက ဗလနဲ့ သန်မာတဲ့ပုံပေါ်တော့ ကိုယ့်ဝိတ်နဲ့ အံကိုက်ပဲလေ

မြင်းထိန်းရိုက်ပေးထားတာ
ဟိုးရှေ့ကမှိုင်းနေတာ အင်းလေးကန်ပေါ့
အလိမ္မာလေး
သုဓနု
မြင်းသုံးကောင် တန်းစီဓာတ်ဖမ်း

အဲ့ဒါနဲ့ မြင်းဇောင်းထဲက မြင်းတွေထုတ်ပေးတယ်။ ရှိုးထုတ်ဖို့အတွက်ကတော့ ဘာပြောကောင်းမလဲ ကောင်းဘွိုင် ဦးထုပ်တွေ ရွေးပါလိမ့် အများကြီးပဲ။ TD လဲကိုယ်နဲ့အဆင်ပြေတဲ့ ဦးထုပ်ကိုရွေးပြီး သုဓနုလေးနဲ့ မြင်းစီးအရင်လေ့ကျင့်ရပါတယ်။ ကွင်းထဲမှာ မြင်းစီးတာအဆင်ပြေမှ အပြင်မှာစီးဖို့ကိုလွှတ်ပေးတာ။ လုံးဝစိတ်ချရတယ်။ မြင်းတွေကလည်း အရမ်းလိမ္မာတယ် ပြီးတော့ မြင်းထိန်းတွေကလည်း ဘယ်လိုထိုင်ရမလဲ ဘယ်လိုသွားရမလဲ စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်လေ။ အဲ့လိုနဲ့ ၁၅ မိနစ်လောက်တောင် မကြာလိုက်ဘူး အနေအထားလဲမှန်တယ် အိုကီတယ်ဆိုပီး စထွက်ပါတော့တယ်။ အသည်းတယားယားနဲ့ပေါ့။ အရင်ကဆို မြင်းစီးကွင်းထဲမှာပဲ စီးဖူးတာလေ။ အဲ့လိုတောင်ကုန်းပေါ်တက်ပြီး မြင်းစီးဖို့ဆိုတာ စိတ်ကူးထဲပဲရှိတာ။ အခုတော့ Inle Horse Club ရောက်ပီး သုဓနုလေးနဲ့ အပေးယူကို မျှနေရော

ပြန်ရောက်ပီ
အဲ့ကမြင်းတွေက အရမ်းလိမ္မာပါတယ်
အဲ့လိုကိုင်ပီးလဲ ဓာတ်ပုံရိုက်လို့ရ
ဒါကတော့ ပိုင်ရှင်ကိုရီအေး လိုက်ရိုက်ပေးထားတဲ့ပုံ
တွေ့တဲ့နေရာဝင်စားလွန်းလို့

တစ်ယောက်တည်းမြင်းစီးမယ်ဆိုလည်း စိတ်မပူနဲ့နော်။ စိတ်မချရမချင်း မြင်းထိန်းကဘေးကနေလိုက်ပေးတာ။ TD ဓာတ်ပုံတွေဆိုလဲ မြင်းထိန်းပဲရိုက်ပေးတာ။ ပုံတွေဆိုလည်း ဘယ်လိုပုံရိုက်ရမယ် ဘယ်လိုအနေအထားရိုက်ရမယ်ကအစ စိတ်ရှည်ရှည်နဲ့ ဘေးကပြောပီး လိုက်ရိုက်ပေးတာ။ နောက်ပြီး Horse Club ပိုင်ရှင် ကိုရီအေးကလည်း နောက်က ဆိုင်ကယ်ကြီးနဲ့လိုက်လာပြီး ကင်မရာနဲ့ကို အသေအချာရိုက်ပေးတာ။ ဒါကတော့ TDအတွက် အတော်လေး စိတ်ကျေနပ်စရာကောင်းတဲ့အချက်ပေါ့။ လူတ်ိုင်းကတော့ မြင်းစီးရင် ခပ်မိုက်မိုက် ဓာတ်ပုံလေးတွေ ရိုက်ချင်ကြမှာပဲလေနော်​။

သဘောတွေကျလိုက်တာ မြင်းကြီးကို
ဒီလိုနေရာတွေမှာလဲ ဓာတ်ပုံလှလှလေးတွေရိုက်လို့ရသေးတယ်
ကိုရီအေးရိုက်ပေးထားတဲ့ပုံလေးတွေ

အဲ့လိုနဲ့ မြင်းလေးစီးပြီး အင်းလေးကန်ကိုအပေါ်စီးကနေမြင်တဲ့ နေရာကိုရောက်ခဲ့ပါတယ်။ မြင်းစီးပြီး လာရတာဆိုတော့ ခံစားချက်ကရှယ်ပဲပေါ့။ မြင်းစီးချိန်က အသွားအပြန် ၄၅ မိနစ်လောက်တော့ရှိမယ်ထင်တယ်။ ပေးရတဲ့စျေးကလည်း ၈၀၀၀/ ၁၀၀၀၀ ပဲဆိုတော့ တော်တော်လေးတန်တယ်ပြောရမယ်။ TD တို့လို တောင်ပေါ်တက်တာမဟုတ်ပဲ မြင်းစီးကွင်းထဲမှာပတ်စီးမယ်ဆိုလည်းရတယ်။ သူ့မှာ Package တွေအများကြီးရှိတယ်။ စျေးလဲအစားစားပဲ တော်တော်တန်ပါတယ်။ မြင်းစီးပြီးပြန်ရောက်ရင် TD အကြိုက်ဆုံးကတော့ Horse Club မှာရောင်းတဲ့ နဂါးမောက်သီးဒိန်ချဉ်ပါ။ ရန်ကုန်မှာ တစ်ခါမှမသောက်ဖူးဘူး။ နဂါးမောက်သီးရှိတဲ့အချိန်မလို့ အဲ့ဒါလေးသောက်ခဲ့ရတာပါ။ ပိုင်ရှင်အကိုနဲ့ အမကလည်း သဘော​ကောင်းတော့ အအေးလေးသောက်၊ စကားတွေပြောကြရင်းပေ့ါ။ နောက်တခါကျရင် မြင်းစီးပီး တခြားနေရာအဝေးကြီးတွေကိုပတ်ဖို့ စဉ်းစားထားတယ်။ Covid ကြီးပြီးသွားရင်ပေါ့။ တကယ်လို့ ညောင်ရွှေရောက်ခဲ့တယ်ဆိုရင် Inle Horse Club ကိုသွားခဲ့ဖို့မမေ့နဲ့နော်။ ​အသေးစိတ်ကို Page ထဲမှာဝင်ကြည့်လို့ရပါတယ်။

https://www.facebook.com/InleHorseClub/

ကျော်ဟိန်းဆိုပဲ
ဂိုက်ပေးကြမ်းတဲ့

ညောင်ရွှေဆိုတာ လည်ပတ်စရာတွေများလွန်းတဲ့ မြို့ငယ်လေးပါ။ TDတော့ ညောင်ရွှေမြို့လေးကိုသွားရတာ တစ်ခါမှမရိုးသွားဘူး။ နည်းမျိုးစုံ၊ Activity မျိုးစုံနဲ့ကိုသွားပလိုက်တယ်။ ညောင်ရွှေမှာ စက်ဘီးစီးပြီးလည်မလား၊ အင်းထဲမှာ ကယက်ပဲစီးမလား၊ ကလောကနေ အင်းထဲကိုပဲလမ်းလျှောက်ဦးမလား၊ ခေါင်တိုင်ဘက်က ရေပူစမ်းနဲ့မုန့်ရွာတွေကိုသွားလည်မလား၊ ညဖက်ဆို ဘားတွေပတ်ပြီး ထိုင်ဦးမလား အို တကယ်ရှယ်ပဲ။ Covid ကင်းစင်သွားတဲ့အချိန်ကြရင်ပြောတာနော်

အဲ့ကွင်းထဲမှာ အရင်လေ့ကျင့်
နဂါးမောက်သီးဒိန်ချဉ်
ဖိုက်တာမကြီးလိုလို

TD အခုပြောတဲ့ဟာတွေကို ဖတ်ချင်တယ်ဆိုရင် အောက်မှာ Blog Link လေးတွေ ချပေးထားတယ်နော်

(၁)အင်းလေးကန်ထဲ ကယက်လှော်ခြင်း

•••••••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/1083759475353655/

(၂)Coffee House & Bike Tour

•••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/1095108454218757/

(၃)ကလောမှ အင်းလေးသို့ ၂ရက်တာ Trekking

••••••••••••••••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/672693739793566/?d=n

(၄)ညောင်ရွှေက Bobabed Hostel

••••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/849850872077851/?d=n

(၅) မိုင်းယောက်ဝှေ (ခေါ်) ညောင်ရွှေမြို့လေး

•••••••••••••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/871378733258398/?d=n

(၆)ကလောရောက်ရင်ဒီနေရာတွေသွားပါ

•••••••••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/855627894833482/?d=n

အားလုံးပဲ အိမ်ထဲမှာ ကျန်းမာအောင်နေပြီး ရောဂါတွေကင်းစင်တာနဲ့ ခရီးထွက်ဖို့အားမွေးထားကြနော်။အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

💚

#TDsTravelNotes#InleHorseClub#NyaungShwe

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img