bnr_tob_1

2020.04.08SOCIAL

Home Stay မှာဘယ်လိုအကောင်းဆုံး နေထိုင်သွားကြမလဲ

COVID-19 ရောဂါပိုးကြီးဟာ ၂၀၁၉နှစ်ကုန်ပိုင်းကစပြီး ကမ္ဘာကိုတိုက်ခိုက်လာခဲ့ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံ၊ဝူဟန်မြို့ကစတင်လိုက်တဲ့ ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာ့ကပ်အသွင်နဲ့ နိုင်ငံတကာမှာ ဆိုးဆိုး ဝါးဝါးခံစားနေရပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ခုနှစ်၊မတ်လမှာ COVID-19 ရောဂါပိုးကူးစက်ခံစားနေရသူကို စတင်တွေ့ရှိခဲ့ပါ တယ်။ နောက်ပိုင်းမှာ ရောဂါကူးစက်ခံရသူလူနာများမှာ တစတစ များလာခဲ့ပါတယ်။ ဧပြီ ၆ရက်နေ့ စာရင်းများ အရ ရောဂါကူးစက်ခံရသူပေါင်း -၂၁ဦးရှိပြီ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုများ တိုးပွားလာနေချိန်မှာ ရန်ကုန် မြို့ အပါအဝင် သက်ဆိုင်ရာ မြို့နယ်တွေမှာ Home Style တွေကို စတင်လုပ်ဆောင်လာနေကြပါတယ်။ ရုံးများ၊ ကုမ္ပဏီများ၊ လုပ်ငန်းခွင်အတော်များများဟာလည်း Work From Home အစီအစဉ်များကို လုပ်ဆောင်လာကြ ပါတယ်။
ရန်ကုန်တိုင်းအစိုးရကလည်း ဧပြီ ၂ရက်နေ့မှာ အမိန့်စာတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၎င်း အမိန့်စာထဲတွင် COVID-19 ရောဂါနှင့်ပတ်သတ်ပြီး ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်ကူညီပံ့ပိုးထောက်ပံ့ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သင်္ကြန်ကာလရုံးပိတ်ရက်များဖြစ် သည့် ၁၀.၄.၂၀၂၀ ရက်နေ့မှ ၁၉.၄.၂၀၂၀ ရက်နေ့ထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်းကိစ္စရပ်များမှလွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းများမပြုလုပ်ပဲ မိမိနေ အိမ်တွင် Home Style နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူ များမှပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်များ ပါရှိပါတယ်။
Home Style နေထိုင်ကြရတော့မယ့် ပြည်သူများအနေဖြင့်အောက်ပါအချက်တွေကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးခဲ့ပါက COVID-19 အန္တရာယ်မှ ရှောင်ကျည်နိုင်မှာပဲ ဖြစ်ပါတယ်။
-မိသားစုများအနေနှင့် ယခင်လို နီးနီးကပ်ကပ်မနေကြပဲ တစ်ဦးနှင့်တစ်ဦးခပ်လှမ်းလှမ်းမှာ နေထိုင်သင့်ပါတယ်။ ဖြစ်နိုင်လျင် သီးသန့်အခန်းများခွဲနေသင့်ပါတယ်။
-အိမ်ပြတင်းပေါက်များကို လေဝင်လေထွက်ကောင်းမွန်စေရန် ဖွင့်ထားပေးသင့်ပါတယ်။
-ထမင်းစားခန်း၊ရေချိုးခန်း၊အိမ်သာမှအစ အိမ်တစ်အိမ်လုံးကို သန့်ရှင်းစေရန် ဂရုပြုသင့်ပါတယ်။
-အိမ်ကို ဧည့်သည်လာခြင်း လုံးဝလက်မခံပဲ၊ မိတ်ဆွေအပေါင်းအသင်းများနဲ့လည်း အင်တာနက်၊ဖုန်းမှ တဆင့်သာ တွေ့ဆုံစကားပြောသင့်ပါတယ်။
-လက်ကိုဆပ်ပြာနဲ့မကြာခဏဆေးကြောပေးသင့်ပါတယ်။ အိမ်တွင်နေထိုင်နေတယ်ဆိုပြီး လက်မဆေးပဲ မနေသင့်ပါဘူး။ လက်ဆေးလျင်လည်း အနည်းဆုံးစက္ကန့် ၂၀ခန့်ကြာအောင် ပွတ်တိုက်ဆေးကြောပေး သင့်ပါတယ်။
-တစ်ရှူးမှအစ တခြားသောအမှိုက်များကို အမှိုက်ပုံးတွင်းသို့ သေချာစွာစွန့်ပစ်ပေးသင့်ပါတယ်။
-မိမိကိုယ်တိုင်အပါအဝင် အိမ်သားများရဲ့ ကျန်းမာရေးအခြေအနေကို သတိပြုစောင့်ကြည့်သင့်ပါတယ်။ အကယ်၍ တစုံတရာ စိုးရိမ်ဖွယ်ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနများနဲ့ တာဝန်ရှိသူများကို အမြန်ဆုံး အကြောင်းကြားပြီး ကုသမှုခံယူသင့်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img