fb_icon

bnr_tob_1

2020.02.11FEATURE

၉၂ကြိမ်မြောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အော်စကာ

Hollywood ရဲ့ ၉၂ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးကို Dolby Theatre မှာ ခမ်းခမ်းနားနားကျင်းပ ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အဝှမ်း ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ တခဲနက်စောင့်ကြည့်မှုကိုလည်း ရရှိထားပြီး ဆုတွေရရှိ သွားတဲ့အနုပညာရှင်တွေရဲ့ ပျော်ရွှင်မှုတွေ၊ သူတို့ရဲ့ ပရိသတ်တွေရဲ့ ပျော်ရွှင်ကြည်နူးမှုတွေကိုလည်း မြင်တွေ့ နေရပါပြီ။
ယခု၂၀၂၀ခုနှစ်ရဲ့ အော်စကာကတော့ တကယ့်ကို အံ့သြစရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲ့တာက တော့ အာရှသားတွေရဲ့ ရုပ်ရှင်မျက်နှာစာကို အော်စကာဆုပေးပွဲမှာ ဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာက လည်း အာရှနိုင်ငံသားတွေရဲ့ အနုပညာစွမ်းရည်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ တောင်ကိုရီးယားရုပ်ရှင် Parasite က ၉၂ကြိမ်မြောက်အော်စကာရုပ်ရှင်ဆုပေးပွဲမှာ ဆု ၄ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ ပါတယ်။ ဒါဟာတောင်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးနိုင်ငံတကာရုပ်ရှင် အော်စကာဆုလည်း ဖြစ်ပါတယ်။


Parasite ကနေရရှိခဲ့တဲ့ ဆု (၄)ဆုကတော့ (1) Best Director (2) Best Original Screenplay (3) Best International Feature Film (4) Best Picture ဆုတို့ပဲ ဖြစ်ပါတယ်။ Parasite ရဲ့ ဒါရိုက်တာ Bong Joon-ho ရဲ့ ပွဲခံတဲ့ညလို့လည်းပြောလို့ရပါတယ်။
အကောင်းဆုံးမင်းသားဆုကိုတော့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားကြီး Joaquin Phoenix က Joker ဇာတ်ကားနဲ့ရရှိသွားခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုကိုတော့ မင်းသမီးကြီး Renee Zellweger က Judy ဇာတ်ကားနဲ့ရရှိသွားခဲ့ပါတယ်။
` ၂၀၂၀ခုနှစ်ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုကိုရရှိသွားတဲ့သူကတော့ ပရိသတ်အချစ်တော်ကြီး Brad Pitt ပဲ ဖြစ်ပါတယ်။ Brad Pitt က Once Upon a Time in Hollywood ဇာတ်ကားနဲ့အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တာ ပါ။ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကိုတော့ Marriage Story ဇာတ်ကားနဲ့ မင်းသမီး Laura Dern ကရရှိခဲ့ပါ တယ်။
ဒီနှစ်ရဲ့ ထူးခြားမှုကတစ်ခုထဲမဟုတ်ခဲ့ပါဘူး။ ပရိသတ်ကြားမှာ ရေပန်းစား နာမည်ကျော်ကြားနေခဲ့တဲ့ 1917 ဇာတ်ကားကလည်း အော်စကာ (၃)ဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ (1) Best Cinematography (2) Best Sound Mixing (3) Best Visual Effects ဆုတို့ပဲ ဖြစ်ပါတယ်။
၂၀၂၀ရဲ့ လူပြောများ စိတ်ဝင်စားမှုခံခဲ့ရတဲ့ Little Women ကတော့ Best Costume Design ဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ Best Animated Feature Film ဆုကိုတော့ Josh Cooley , Jonas Rivera , Mark Nielsen တို့က Toy Story ကာတွန်းရုပ်ရှင်နဲ့ရရှိသွားခဲ့ကြပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img