bnr_tob_1

2019.08.26ENTERTAINMENT

တစ်လတစ်ပုဒ်နှုန်း သီချင်းဆက်တိုက် ထုတ်မယ့် လွှမ်းပိုင်

By ခင်ဆွေသက်

လာမည့်နှစ်တွင် Music Tour လုပ်ရန်ဆန္ဒရှိသဖြင့် ယခု နှစ်အတွင်း သီချင်းများ တစ်လ တစ်ပုဒ်နှုန်းဖြင့် ဆက်တိုက်ထွက် မည်ဖြစ်ကြောင်း အဆိုတော်လွှမ်း ပိုင်က ပြောသည်။

‘‘ကျွန်တော်လည်း အခွေ မထွက်နိုင်ဘူး။ အခွေတစ်ခွေလုံး ကို အချိန်ပေးတာ အရမ်းကြာ တယ်။ အဲဒါကြောင့် တစ်လတစ် ခါ သီချင်းတွေကိုပြီးရင်ပြီးသလို ထုတ်သွားမယ်။ အရမ်းလည်း မကြာတော့ဘူး။ အဆက်လည်း မပြတ်တော့ဘူးပေါ့။ နောက်နှစ် ထဲမှာတော့ Music Tour လုပ်ချင် တယ်။ အဲဒါကြောင့် ပရိသတ်တွေ နဲ့ ဆက်ထားတဲ့သဘောပေါ့’’ ဟု လွှမ်းပိုင်က ပြောသည်။

အဆိုတော်ထက်ထက် (Bobby Soxer)နှင့် ချစ်သူသက် တမ်း (၁၀) နှစ်ကျော်ပြီဖြစ်ပြီး မင်္ဂ လာပွဲကျင်းပရန် လိုသေးကြောင်း ၎င်းကပြောသည်။

‘‘ဘာမှမစဉ်းစားရသေးဘူး။ နှစ်ယောက်စလုံးက အရမ်းကြီး ကြီးကျယ်ကျယ်ကြီး မလုပ်ချင် ဘူး။ ပေါ့ပေါ့ပါးပါးပဲ’’ ဟု ၎င်းက ပြောသည်။

မင်္ဂလာပွဲလုပ်မည်ဆိုပါက ကြီးကြီးကျယ်ကျယ်မလုပ်ချင် ကြောင်း အဆိုတော်ထက်ထက် (Bobby Soxer)က ပြောသည်။

‘‘နှစ်ယောက်စလုံးက ပွဲတစ် ပွဲလုပ်ပြီဆိုရင် အရမ်းပြင်ဆင်ရ တယ်။ ဒါပေမဲ့ ဧည့်သည်တွေကို ကြည့်လိုက်ရင် အားမရဘူး။ အ မှန်တော့ ကိုယ့်အတွက်ပျော်ပေး မယ့် သူတွေနဲ့ လုပ်တာကိုပဲ ညီမ ကသဘောကျတယ်။ ဒီတစ်ရက် တည်းအတွက်လုပ်တာမဟုတ် ဘူးလေ’’ ဟု ထက်ထက်(Bobby Soxer)က ပြောသည်။

ချစ်သူသက်တမ်းကြာမြင့် လာခြင်းသည် နှစ်ဦးအကြိုက် တူသောကြောင့်ဖြစ်ပြီး ပုံစံအလွန်မကွာသဖြင့် ညှိယူစရာမလိုကြောင်း ၎င်းက ပြောသည်။

‘‘သက်တမ်းကြာတာက တော့ အကြိုက်ချင်းတူလို့ဖြစ်မှာ ပါ။ နားလည်မှုကတော့ နှစ် ယောက်စလုံးရဲ့ပုံစံက သိပ်မကွာ ဘူး။ ညီမကတော့ အိမ်မှာပဲနေ တယ်။ သူကတော့ အပြင်ချည်းပဲ သွားနေမယ်ဆိုရင် ညီမက ထိုင် ရစ်နေမှာပဲလေ။ နှစ်ယောက်စ လုံးက ပုံစံတူတယ်။ နေပုံထိုင်ပုံ ဆင်တယ်။ အဲဒါကြောင့် ကြီးကြီး မားမားပြဿနာသိပ်မရှိဘူး။ အ တင်းကြီးညှိယူရတာမျိုးလည်း မရှိပါဘူး’’ ဟု ထက်ထက် (Bobby Soxer)က ပြောသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img