bnr_tob_1

2019.08.07FOOD

~ဝက်ဆလပ်ထုပ်ဆိုင်တွေထဲကမှ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ကိုရီးယားဝက်ဆလပ်ထုပ်ရနိုင်တဲ့ဆိုင်လေး~

ကိုရီးယားဇာတ်ကားတွေ မကြိုက်ပေမဲ့ ကိုရီးယားဝက်ဆလပ်ကိုတော့ ကြိုက်သား😜

ဒီဆိုင်လေးကတော့ တော်ဝင်စင်တာ Basement မှာ ရှိတဲ့ “ Her’s Restaurant” လေးပါဗျ

ဝက်ဆလပ်က ဆိုင်ရဲ့ Signature dish လို ဖြစ်နေတော့ တော်တော်များများ ဝက်ဆလပ်လေးပဲ မှာစားကြတာများတယ်😉ဝက်သားကတ်သလစ် / ဘာဘီကြူး / ဝက်အူအစာသွတ် / ဝက်လက်ပေါင်းတွေလည်း အစုံရနိုင်တယ်ဗျ..ကိုရီးယားသွားစားစရာတောင် မလိုတော့ဘူး..

✅အရသာလေးတွေလည်း ပုံလေးတွေအောက်မှာ ထည့်ပေးထားလို့ ဖတ်ကြည့်ပေးပါဦးဗျ..ဒါနဲ့

နေရာလေးကတော့ ကျဉ်းတယ်ပြောရမယ် အရသာကောင်းတဲ့ဆိုင်တွေက ဒီလိုပါပဲ😁

🔻ဈေးကလည်း 6000ဝန်းကျင်အများဆုံးတွေ့ရသလို နေ့လည်စာ ညစာအဖြစ် လာစားကြတာများတယ်ဗျ
အားလုံး လတ်လတ်ဆတ်ဆတ်တွေကြီးပဲ ဆိုတော့ ကောင်းလွန်းလို့ ညွှန်းလိုက်ပြီဗျာ💯

🔖ဆိုင်လိပ်စာလေးကတော့…

“ Her’s Korea Food”

No. B-048, Basement-1, Pyay Road, Taw Win Shopping Centre

🕘9:00Am 8:30Pm

#Her’sKoreaFood#Restaurant

#YangonStyle#Nay

✔Pork Bulgogi (စပ်) 6500
ဝက်ဆလပ်ကိုမှ အချို / အစပ်ရှိပြီး အချို ၅၅၀ဝ၊ အစပ် ၆၀ဝ၀ အစပ်ပဲ မှာလိုက်တယ် ထမင်းတစ်လုံးပါတယ် ၂ယောက်ဆိုတော့ နောက်တစ်လုံးထပ်ယူရင် ၁၀ဝ၀
ရှမ်းဆန်မို့ စားကောင်းတယ်….

ဝက်သားဆလပ်၊ ကင်မ်ချီ၊ ဆော့စ်၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းပါတယ်။ ငရုပ်သီးကတော့ ရဲရဲသာစားပါ😂 ဆလပ်ရွက်ပေါ် မြှပ်စား😁 ဝက်အသားကြီးပဲကို နူးအိပြီး မွှေးမွှေးလေးနဲ့ အီဆိမ့်နေရော နောက်တစ်ကြိမ်အတွက် ဆွဲဆောင်မှု ရှိတဲ့ အရသာမျိုး..
✔Tuna-Kimbap
တူနာထမင်းလိပ်ကလည်း တူနာငါးရဲ့ အရသာလေးလည်း ပေါ်လွင်တယ်ဗျ အလေးကြိုက်ရင် တို့စရာ အငံ sauce လေးလည်းရှိတယ်။ ဘာမှတို့မစားတာတောင် တော်တော်ကောင်းတယ်😋
✔Pine Apple
တစ်ခွက်မှ ၁၈၀ဝပါ ရန်ကုန်မှာ အအေးတစ်ခွက်က ၂၀ဝ၀ပတ်ချာလည် များပါတယ်။ ရာသီပေါ်လည်း ဖြစ်တဲ့ နာနတ်သီးဖျော်ရည် မှာလိုက်တယ်။ နာနတ်သီးဖျော်ရည်လေးကတော့ တော်တော်သောက်ကောင်းပြီး အရသာရှိပါတယ် ။ မြည်းစမ်းကြည့်စေချင်ပါတယ်………must tryပါ

✔Avocado ထောပတ်သီးဖျော်ရည်လည်း အနှစ်တွေကြီးပဲ😊

ဝက်ဆလပ်မှာ အကောင်းဆုံးဆိုတဲ့အတိုင်း စွဲလမ်းသွားမယ်😊

Her’s Restaurant ဆိုင်လိပ်စာ တည်ရှိတဲ့ နေရာလေးတွေလည်း ပြပေးထားပါတယ်ဗျ😊

ဆိုင်အပြင်ပုံလေးပါ
🔖ဆိုင်လိပ်စာလေးကတော့

“ Her’s Korea Food”

No. B-048, Basement-1, Pyay Road, Taw Win Shopping Centre

🕘9:00Am 8:30Pm

Tel : 01-8600111 (Ext : 1148)

#Her’sKoreaFood#Restaurant

#YangonStyle#Nay

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img