2020.02.05FOOD
📞ဟယ်လို မာလာရှမ်းကော

မာလာသီးသန့် မဟုတ်ဘဲ တခြား ဟော့ပေါ့တွေနဲ့တွဲရောင်းရင် မာလာကောင်းပါ့မလား။ ကျွန်တော်က မာလာပဲ စားချင်လို့လေ။ ဘာကြောင့်လဲ ဆိုတော့ မာလာသီးသန့် လာစားတာမို့ မာလာကောင်းတာ စားချင်တာပေါ့။ တွဲရောင်းတဲ့ဆိုင်တွေလည်း ကောင်းပါလိမ့်မယ်။ ကျွန်တော်ပြောပြပေးမှာက မာလာရှမ်းကောသီးသန့်ရောင်းတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးမှာပါ။ မာလာ crazy တွေကတော့ သိမယ်ထင်ပါတယ်။ မာလာကို အစုံစားရမယ့်ဆိုင်လေး။ ဘယ်ဆိုင်လေး ဖြစ်မလဲ။ ဘယ်လိုတွေ စားရမလဲ လေ့လာကြည့်ရအောင်။
မာလာရှမ်းကောကိုမှ set ကို တစ်ယောက်စာ၊ နှစ်ယောက်စာ၊ family ဆိုပြီးတော့ ရှိတယ်။
တစ်ယောက်စာ – 6500 Ks
နှစ်ယောက်စာ – 10500 Ks
Family – 18000 Ks


ကြက်၊ ၀က် ရပြီး ပင်လယ်စာက ထပ်ပေါင်းယူစားရတယ်။မာလာရိုးရိုး ရှိတယ်။ မာလာအရည်နဲ့လည်းရှိတယ်။ အရည်က မီးဖိုလေးပါတယ်။ ပူပူလေးသောက်ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ဘူး။ အာဇာနည် သီချင်းထဲကလို မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတာမျိုးပေါ့။
အစပ်ကိုလည်း Malar level ကိုမှ Standard/ Medium/ Spicy ဆိုပြီး စားနိုင်တဲ့အပေါ်မူတည်ပြီး ထည့်လို့ရတယ်။

ကိုယ်စိတ်တိုင်ကျ ပြင်ဆင်မယ်ဆိုလည်း အရွက်ပိုစားချင် အရွက်ပိုယူမယ်။ အသားဆိုအသား။ အပ်မှိုဆို အပ်မှို။ 100 Gramလေးတွေ ချိန်ပြိး အဲလိုယူလည်းရတယ်။ ဒါကတော့ ကိုယ်ကြိုက်တာ ပိုပေါင်းစားတာပေါ့။
Vegetables 500
Noodles & Soaked Ingredients 1200
Mushroom 1500
Meat & Meat balls 2300
Seafood 2800
Malar sauce per serve 2000
တခြားအစားတွေ အများကြီး မရပေမဲ့ ရတဲ့အထဲက စားခဲ့တာ တစ်ချို့က ကြက်ခြေထောက်မာလာနဲ့ အာလူးချောင်းကြော် တခြားရတာလေးတွေလည်း ရှိတယ်။


Fired chicken wings 2500
Strewed chicken feet 2500
French fries 2500
Fired chicken 1pc 1500
Fried enokitake mushroom 1000
Fried Sticked Vegetables 1000
ဆိုင်လေးက နေရာထိုင်းခင်းက နေရာချထားတာ မိုက်သလို အရွက်တွေ အသားတွေလည်း လတ်ဆတ်တယ်။ service charge မယူပေမဲ့ ၀န်ဆောင်မှု တော်တော်ပေးထားတယ်။ လိုလေသေးမရှိပါပဲ။ ရေနွေးခွက်လေးတွေ ထန်းညက်တွေလည်း ထားထားပေးသေးတယ်။


သောက်စရာအနေနဲ့ဆိုရင် ကော်ဖီထက် အသီးလေးတွေ ပိုသောက်စေချင်တယ်။ တော်တော်စုံစုံရပြီး ဆိုဒါနဲ့ အသီးဖျော်ရည်တွေကို စက်ဖျော်၊ လက်ဖျော် လုပ်ပေးသေးတယ်။
သောက်ခဲ့တာဆိုရင် ပင်မှည့် အသီးဖျော်ရည်၊ ကီဝီဆိုဒါ မာလာအစပ်စားပြီးရင် လိုက်ချက်ပဲ။
မာလာရှမ်းကော အရသာကောင်းကောင်းစားမယ်။ ဆိုင်လေးက ဖော်ရွေသလို ကိုယ်ကြိုက်တဲ့ အရသာကိုလည်း ပြင်ဆင်ပေးတယ်။ မာလာစားချင်ရင် ဒီဆိုင်လေးကိုပဲ ညွှန်းဆိုမိမှာပါ။ ခုလောလောဆယ်တော့ ဘာအစီအစဉ်မှတော့ မရှိသေးဘူး။ ချစ်သူများနေ့ဆိုရင်တော့ အစီအစဉ်လုပ်ဖို့ရှိတယ်တဲ့။ ကဲ ဒိုးလိုက်ကြရအောင်။
ဆိုင်လိပ်စာလေးကတော့
📍” Hello Xiang Gas”
Hello ရှမ်းကော
🏠Address : No.33, Lan Thit Street, Lanmadaw Township, Yangon.
📲Tel (+95) 9 – 965077115
🕚Opening Hours : 11:00Am 9:00Pm
By : Nay
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.