fb_icon

bnr_tob_1

2019.10.03FOOD

အစားအစာ နှင့် ကျန်းမာရေး

မိမိတို့နေ့စဉ်စားသုံးသည့် အစားအစာများတွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသော အစားအစာများပါဝင်သကဲ့သို့ ဘေးဥပါဒ်ဖြစ်စေသည့် အစားအစာများလည်း ပါဝင်ပါတယ်။ အစားအစာများကို စားနေသော်လည်း လူတော်တော်များများမှာ ကိုယ်စားနေသည့် အစားအစာတစ်ခုချင်းစီ၏ အကျိုးကျေးဇူးများကို သတိမထားသူကများပါတယ်။ ထို့ကြောင့် မိမိတို့အဓိက စားသောက်နေသည့် အစားအစာများထဲမှ လက်လှမ်းမှီသလောက် ဖော်ပြပေးသွားပါမယ်။

ငါး

ငါးတွင် သတ္တုဓာတ်နဲ့ဗီတာမင်ဓာတ်တို့အပြင် ခန္ဓာကိုယ်နဲ့ဦးနှောက်အတွက်တန်ဖိုးအရမ်းရှိတဲ့ အိုမီဂါ-၃ဖက်တီးအက်ဆစ် (Omega-3 Fatty Acid) ကြွယ်ဝစွာပါရှိသောကြောင့် ကိုယ်ခံအားကောင်းမွန်ခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်ခြင်း၊ ရောင်ရမ်းကိုက်ခဲမှုများသက်သာခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ အိုမီဂါ (Omega) သည် ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ မပြည့်ဝဆီ (Polyunsaturated Fat) တစ်မျိုးဖြစ်သောကြောင့် ယခုနောက်ပိုင်းတွင် အာဟာရဖြည့်စွက်ဆေးဝါးများ သောက်သုံးလာခြင်းကိုတွေ့ရပါတယ်။ မပြည့်ဝဆီဖြစ်သောကြောင့် ကိုလက်စထရော (Cholesterol ) ကိုလျော့ကျစေပြီး နှလုံးသမားများအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အိုမီဂါ (Omega) ကို ငါးများတွင်သာမက အခွံမာသီး၊ အစေ့အဆံ၊ ဟင်းသီးဟင်းရွက်များမှလည်း ရရှိစေပါတယ်။ အိုမီဂါ (Omega) သည်အလွန်လိုအပ်သည်မှန်သော်လည်း ဖြည့်စွက်ဆေးဝါးအဖြစ် သောက်သုံးမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွင် ခလိုရိုဂျင်နင် (Chrologenic) နှင့် ကူမာအစ် (Coumaric) အက်ဆစ်သည် အဆုတ်ကို ထိခိုက်ပျက်စီးသည့်ဘေးမှ ကာကွယ်ပေးပါတယ်။ အမျိုးသားများတွင် ဖြစ်တတ်သည့် သုတ်ရည်ဂလင်းကင်ဆာ၊ ဆီးကျိတ်တည်ခြင်း နှင့် သုတ်လွှတ်နည်းသည့် ရောဂါများကိုသက်သာစေပါတယ်။ ခရမ်းချည်သီးဖြင့် မျက်နှာပေါင်းတင်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။

ကြက်သွန်နီ

နေ့စဉ်စားသုံးသည့် ဟင်းလျာများတွင် ကြက်သွန်နီသည် မပါမဖြစ်အရေးပါသည့် ဟင်းခတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်သွန်နီကို ဟင်းခတ်အပြင် အစိမ်းလိုက်စားခြင်း၊ မီးဖုတ်စားခြင်းများလည်း ရှိပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက် နှစ်မိနစ်၊ သုံးမိနစ် ဝါးစားခြင်းဖြင့် ခံတွင်းထဲသာမက နှုတ်ခမ်းနှင့်လည်ချောင်းရှိ ရောဂါပိုးမွှားများကို သေစေနိုင်ပါတယ်။ အင်းဆက်ကိုက်ခံရလျှင်လည်း လတ်ဆတ်တဲ့ကြက်သွန်နီအရည် သို့မဟုတ် အနှစ်ကို အင်းဆက် အကိုက်ခံ ရတဲ့နေရာကို သုတ်လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ ကြက်သွန်နီတွင် သွေးကျဲစေသည့်အာနိသင် ပါဝင်သောကြောင့် နှလုံးရောဂါနှင့်နှလုံးသွေးကြောကျဉ်းရောဂါတို့ ဖြစ်စေနိုင်တဲ့ သွေးခဲခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည် အစာခြေဖျက်မှုကောင်းသောကြောင့် အူလမ်းကြောင်း၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူမှာပါဝင်သည့် Allicin သည် သွေးဖိအားမြင့်တက်ခြင်းကို တားဆီးပေးခြင်းကြောင့် သွေးကြောများ ကောင်းမွန်စွာလည်ပတ်ရန် အထောက်အကူပြုပါတယ်။ ထို့ကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကိုအစိမ်းစားလျှင် အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် အသဲအားကိုကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူတွင်ပါဝင်သည့် ဆာလဖာ (Sulfur) ဒြပ်ပေါင်းသည် ခန္ဓာကိုယ်တွင်းကလီစာများကို ပျက်စီးစေသည့် အဆိပ်အတောက်များကိုလည်း ဖယ်ရှာပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း (Broccoli)

ပန်းဂေါ်ဖီစိမ်းတွင် ပါဝင်သည့် ဂလူကို့ (Glucose) ဒြပ်ပေါင်း (၃) မျိုးသည် ကိုယ်ခန္ဓာရဲ့ လှုပ်ရှားခြင်း ၊ အာဟာရပြုခြင်း ၊ အညစ်အကြေးစွန့်ခြင်းစသည့် ခန္ဓာကိုယ်လုပ်ဆောင်မှုများတွင် မလိုအပ်သည့်အဆိပ်အတောက်များကိုလည်း ဖယ်ရျားနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင်ဒီ (Vitamin D) ပေါကြွယ်ဝစွာပါဝင်သောကြောင့် ဗီတာမင်ဒီ (Vitamin D) ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရောဂါများကို ဟန့်တားစေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို ကျက်အောင်ပြုတ်စားခြင်းဖြင့် သွေးတွင်းကိုလက်စထရော (Cholesterol ) ကိုလျော့ချနိုင်စွမ်းရှိပါတယ်။ ကြော်စားမယ်ဆိုလျှင်တော့ ခပ်စိမ်းစိမ်းလေးစားရပါမယ်။ နွမ်းနေအောင်ကြော်လိုက်ခြင်းဖြင့် အာဟာရဓာတ်များသာမကအရသာပါ ပျက်ပယ်သွားစေတတ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီတွင် မရှိမဖြစ် အင်ဇိုင်းများ၊ ဗီတာမင် နှင့် သတ္တုဓာတ်များစသည့် အာဟာရဓာတ်များ အပြည့်အ၀ ပါဝင်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1, B2, B6 ၊ ဗီတာမင် C၊ ဗီတာမင် K၊ ဘိုင်အိုတင်၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်၊ ဘိုင်အိုတင်၊ ပိုတက်စီယမ် နှင့် သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါဝင်နေပါတယ်။ မုန်လာဥနီစားခြင်းဖြင့် အရေးအကြောင်းဖြစ်ခြင်း ကိုလျော့ချနိုင်ခြင်းကြောင့် အိုမင်းရင့်ရောမှုကို တားဆီးနိုင်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း၊ ကိုလက်စထရော (Cholesterol) လျော့ချပေးသောကြောင့် နှလုံးနှင့်ဆက်စပ်သည့် ရောဂါများကို ကာကွယ်နိုင်ခြင်း၊ သွေးဖိအားလျော့ချပေးသောကြောင့် သွေးတိုးကျစေခြင်း၊ ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာပါဝင်ပါတယ်။ မုန်လာဥနီကို အများအပြားစားမိခြင်းကြောင့် အသားအရေကို ယာယီဝါစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်း မုန်လာဥနီကို အများအပြားစားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြင်းကြောင့် အလွန်အကျွံစားခြင်းကို ရှောင်စေချင်ပါတယ်။

အထက်တွင် ဖော်ပြခဲ့သည့်အကြောင်းအရာများသည် ယေဘုယျအားဖြင့် ကောင်းကျိုးများကိုနားလည်ရုံမျှသာဖြစ်သောကြောင့် အတိုးချုံးရေးသားထားသည့်အတွက် ကောင်းကျိုးများမှာ ထိုမျှမကအများကြီး ပါဝင်ပါတယ်။ “ အစားလည်းဆေး ဆေးလည်းအစာ” ဆိုသည့်အတိုင်း အသား၊ ငါး၊ ဟင်းသီဟင်းရွက်တိုင်းမှာ ကောင်းကျိုးအသီးသီးစီ ရှိကြပါတယ်။ ဘယ်လောက်ကောင်းကျိုးရှိရှိ အလွန်အကျွံစားသုံးလျှင်တော့ “ တန်ဆေး လွန်ဘေး” ဆိုသည့် အဆိုကလည်း ရှိသည့်အတိုင်း ဘေးဥပါဒ်လည်းဖြစ်စေပါတယ်။ စဉ်းစားချင့်ချိန်ပြီး ပုံမှန်စားသောက်နေထိုင်လျှင်တော့ လူ့သက်တမ်းစေ့ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါလိမ့်မည်…

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img