2020.01.14FOOD
စွဲမက်စရာ အရသာတွေနဲ့ ဘူတာရုံလမ်းနားက ဆိုင်လေးတစ်ဆိုင်သို့

ဆိုင်လေးက နာမည်ကြားကတည်းကဆွဲဆောင်နေခဲ့တာ ရောက်သွားတော့လည်း ဆိုင် နေရာထိုင်ခင်း၊ ပြင်ဆင်ထားမှုတွေက မပြန်ချင်အောင် အေးချမ်းပါတယ်။ အပေါ်အောက် နှစ်ထပ်ရှိပြီး အပေါ်ထပ်ဆို Mini Bar ပုံစံလေး ခင်းကျင်းထားပြီး တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ခံစားမှုအပြည့်
ခံစားလို့ရမယ့် ဆိုင်လေးပါပဲ။ ဆိုင်ကိုလည်း ကြိုက်နှစ်သက်ပြီး အစားအစာတွေကလည်း စွဲမက်စရာပါ။
ဈေးနှုန်းကြည့်တော့လည်း ၄၀၀၀နဲ့ ၆၀၀၀ဆိုတာ တစ်မျိုး၊ နှစ်မျိုးလောက်ထဲရယ်။ ကျန်တာက ၃၀၀၀ ၀န်းကျင်တွေကြီးပဲ။ သောက်စရာတွေဆိုတာ ၁၅၀၀၊ ၂၀၀၀တွေကြီးပဲ။ ပေးရတာထက် အရသာပိုတန်ပါတယ်။

စားဖြစ်ခဲ့တာတွေဆိုရင်
Special Noodle soup 2500Ks

ခေါက်ဆွဲပြုတ်ကိုမှ ပုဇွန်၊ ငုံးဉ၊ ၀က်သားတွေနဲ့ ချဉ်စပ်လေးဖြစ်ပြီး ခေါင်းမကြည်ရင်တောင် လန်းဆန်းသွားမှာပါ။
Harmony BBQ Pork Rib 3500Ks

သူကတော့ European ၀က်သားကင်ပေါ့။ ချဉ်ရည်လေးနဲ့တွဲပေးထားတာ စွဲမက်စရာပါ။ ၀က်သားက နူးအိနေပြီး ဆော့စ်တွေကလည်း Home made ဆော့စ်ပါတဲ့။ ဆိုင်က ဧည့်သည်တွေလာမှ ပြင်ဆင်ပေးတာဖြစ်တော့ နည်းနည်းစောင့်ရပေမယ့် စောင့်ရတာနဲ့တန်တဲ့ အရသာရလို့ ကျေနပ်ရပါတယ်။ Chefရဲ့ လက်ရာ ဘယ်လောက်ကောင်းလဲဆိုတာ စားကြည့်လိုက်ပါ။
Harmony Special Spicy Fry 3000Ks

ဆိုင်ရဲ့ ထမင်းကြော် အစပ်လေးပေါ့ လာချကတည်းက မွှေးနေတာ ဘေးက အသားမှာ ကိုယ်ကြိုက်ရာ ကြက်၊ ၀က် ရပါတယ်။ စားလည်းတော်တော်ကောင်းတယ်။ နေ့လည်စာတွေဘာတွေ စားမယ်ဆို ဒါလေးနဲ့ဆိုရင်တောင် ပြည့်စုံပါတယ်။
Quesadillas with Chicken and Cheese 3000Ks
Harmony Special Chicken ကလည်း ပူပူလေးတစ်ကိုက်ဆိုတစ်ကိုက် အရသာရှိချက်ဆိုတာ။
Pork Cheese Roll 3000Ks

Pork Cheese Roll ကလည်း ၀က်သားညှပ်ပြီး ကြော်ထားတာ အပေါ်ယံက ကျွတ်ကျွတ်လေး။ Home Made ဆော့စ်လေးနဲ့တွဲပေးထားတာ လိုက်ချက်ပဲ။
သောက်စရာတွေဆိုလည်း Milk Tea/ Milk Shake/ Smoothie/ Juice/ Fruit/ Coffee နဲ့ အစုံပဲ ဈေးနှုန်းဆိုလည်း ၁၅၀၀၊ ၂၀၀၀ပဲရှိတော့ တန်တယ်။


၂၀၀၀၀ဖိုးကျော်ရင် 10%လည်း ပေးသေးတယ်။ ပြီးတော့ ဆိုင်ကိုလာရောက် စားသုံးရင်း Check-In ၀င်ပေးတဲ့ သူကို Juice တစ်ခွက် တိုက်သေးတာ ဆိုတော့ သွားသင့်နေပြီလေ။


ဆိုင်လိပ်စာလေးက
“ Harmony Bistro”
Ph no : 09 – 797293335
Opening Hours 9:00Am 9:00Pm
No.15, Corner of Insein Road, Hlaung Buteryone Street, Yangon, Myanmar.
By : Nay
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ