bnr_tob_1

2020.04.08SOCIAL

လက်သန့်ဆေးရည် ကိုယ်တိုင်လုပ်ကြမယ်

COVID-19 ဟာ အခုဆိုရင် တစထက်တစ ပိုမိုအားကောင်းလို့လာနေပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူ လူထုဟာ COVID-19 ရဲ့အန္တရာယ်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။ COVID ရောဂါ အဓိ ကအားဖြင့် လက်ကိုဂရုစိုက်သေချာစွာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အပြင်ကပြန်လာတိုင်း၊ တစုံတခုကိုင် တွယ်ပြီးတိုင်း လက်ကို ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ရေနဲ့ဆပ်ပြာနဲ့ ဆေးရင်ပိုကောင်းပေမယ့် အမြဲအပြင် ထွက်နေရသူတွေ၊ ရေ၊ဆပ်ပြာ အလွယ်တကူ မရနိုင်တဲ့နေရာမှာ အဆင်ပြေစွာ လက်ဆေးနိုင်ဖို့က လက်သန့် ဆေးရည် (Hand Gel) တွေလိုအပ်ပါတယ်။
COVID -19 ကာလ ကမ္ဘာ့နဲ့တဝှမ်း ပြတ်လပ်ခဲ့တဲ့ လူသုံးကုန်ပစ္စည်းတွေထဲမှာ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းဟာ ထိပ်ဆုံးကပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID -19 စတင်မရောက်ရှိမှီ အချိန် ထဲက လက်သန့်ဆေးရည်တွေဟာ ပုံမှန်ထက် ဈေးတွေမြင့်တက်ခဲ့ပြီး အလွယ်တကူဝယ်ယူလို့မရလောက် အောင် ပြတ်လပ်သွားခဲ့ပါတယ်။
အဲ့အတွက်တော့ စိတ်မပူစေချင်ပါဘူး။ Yangon Style ပရိသတ်ကြီးကို အပြင်လည်းသွားဝယ်စရာမလို ပဲ မိမိအိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်လို့ရနေတဲ့ လက်သန့်ဆေးပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။
လက်သန့်ဆေးရည်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အရက်ပျံ၊ရှားစောင်းလက်ပတ် ဂျယ်၊သံလွင်ဆီ၊ပြီးလျင် မိမိနှစ်သက်ရာအမွှေးရနံ့ရဖို့အတွက် ကြိုက်နှစ်သက်ရာရေမွှေးအဆီ စတာတွေ လိုအပ်ပါတယ်။ ပထမဦးစွာ လက်သန့်ဆေးပြုလုပ်ရာမှာ ခွက်တွေ၊ပန်းကန်တွေကို အရက်ပျံနဲ့ သေချာသုတ်သင်ရပါမယ်။ ပြီးလျင် အသုံးပြုမယ့်ခွက်ထဲကို အရက်ပျံထည့်ပါမယ်။ လက်သန့်ဆေးပြုလုပ် ရာမှာ အရက်ပျံ ပါဝင်မှုဟာ ၇၀%ဖြစ်တဲ့အတွက် ခွက်ထဲကို အရက်ပျံထည့်ရာမှာ ခွက်ရဲ့တဝက်ကျော်၊ ၂ဆထည့်ရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကို ၁ဆထည့်ရပါမယ်။ အရက်ပျံဟာ လက်ဆေးရည်အဖြစ်သုံးတဲ့နေရာ မှာ လက်တွေကို ခြောက်ကပ်ပြီးကြမ်းတမ်းစေနိုင်တဲ့အတွက် ၎င်းကို ထိန်းရန် သံလွင်ဆီကို အသုံးပြု ခြင်းဖြစ်ပါတယ်။ သံလွင်ဆီကိုတော့ စိတ်မှန်းနဲ့ သင့်တော်ရုံထည့်ရမှာ ဖြစ်ပါတယ်။ နောက် ရွေးချယ်ထားတဲ့ ကြိုက်နှစ်သက်ရာ အမွှေးဆီကိုလည်း အနေတော်ထည့်ပါမယ်။ ပြီးလျင် အားလုံးသမသွားအောင် သေချာစွာ မွှေပေးရပါမယ်။ ရှားစောင်းလတ်ပတ်ဂျယ်တွေ အရည်ပျော်သည်အထိ ဂရုပြုမွှေပေးရမှာ ဖြစ်ပါတယ်။
အားလုံးသမအောင်မွှေပြီးသွားရင်တော့ အသင့်အသုံးပြုနိုင်တဲ့ ကိုယ်တိုင်လုပ်လက်သန့်ဆေးရည်ကို ရရှိပြီ ဖြစ်ပါတယ်။ ဗူးသန့်သန့်ထဲကို ထည့်ပြီး စိတ်တိုင်းကျ လက်ဆေးနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက် ဆေးခြင်းအတွက် ရေနဲ့ဆပ်ပြာကတော့ အကောင်းဆုံးပဲပေါ့။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img