fb_icon

bnr_tob_1

2019.12.30TRAVEL

တိမ်တွေလွှမ်းခြုံထားတဲ့မြို့လေး (သို့မဟုတ်) ချင်းပြည်နယ်မြို့တော်ဟားခါး 🌥🌥

ဒီဇင်ဘာလလေးရောက်ပီဆိုတော့ အေးတဲ့ဒေသတွေကိုပဲခရီးသွားချင်ကြတယ်လေ။ အဲ့ဒါကြောင့် တိမ်တွေဖုံးထားတဲ့ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့လေးက်ိုရွေးချယ်ဖြစ်ခဲ့တယ်လေ ☺️
မနှစ်က ရေတွေခဲနေတဲ့အချိန်ရောက်ခဲ့ပေမယ့် အချိန်မရတာရယ် လည်ပတ်တဲ့နေရာတွေမစုံခဲ့တာရယ်ကြောင့် ဒီတစ်ခေါက်ထပ်သွားမယ်ဆိုပြီး ရောက်ချလာခဲ့ပါပီ 😎
ကဲအဲ့ဒါဆ််ို ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ အမြင့်မှာတည်ရှိနေတဲ့ ဟားခါးမြို့လေးကို သဒ္ဓါနဲ့အတူ ခဏလောက်သွားလည်ကြည့်ရအောင်

နောက်မှာဟားခါးမြို့
ကဲ ဘလောက်လှလဲပြော
ချယ်ရီတွေပွင့်နေပီလေ
ကလေးကလာမယ်ဆိ်ု ဖြတ်ရတဲ့ ဗားရ်တံတား
လှလိုက်တဲ့ချယ်ရီတွေ

ဟားခါးရောက်ရင်ဘယ်နေရာတွေလည်မလဲ? ❄️
•••••••••••••••••••••••••••••••••••••••••••••

(၁) ဟားခါး View point ❄️
———————————
ဟားခါးရောက်ရင် မသွားမဖြစ်ကတော့ View point ပါ။ ဟားခါးမြို့ရဲ့အသက်က View Point ပေါ့ 😍 တစ်မြို့လုံးက်ို တိမ်တွေလွှမ်းခြုံထားပြီး အသက်ရှုရပ်လောက်အောင် လှပတဲ့ မြင်ကွင်းကို အပေါ်စီးကကြည့်ချင်တယ်ဆိုရင်တော့ View point က်ိုမဖြစ်ဖြစ်အောင်သွားပါ။ အရင်ကတော့ ဝင်ကြေးမပေးရပါဘူး။ အခု ဝင်ကြေး တစ်ယောက်က်ို ၁ဝဝဝကျပ်ပေးရပါတယ်။ ဓာတ်ပုံတွေတစ်ဝကြီးရိုက်ပြီးမှ ပြန်ထွက်လာပါ😁🤩

😜😜😜မသိရင်နိုင်ငံခြားလိုလို

တိမ်တွေရှင်းသွားပြီလေ
အပြင်ာပိ်ုလှတယ်ဆိုတာ ယုံ

(၂) ရဟန္တာကျောက်ဖြစ်ရုပ်ကြွင်း❄️
——————————————
ဟားခါး View point နဲ့သိပ်မဝေးပါဘူး။ ကားနဲ့တောင်ပေါ်ကိုထပ်တက်ရပါတယ်။ စစ်တပ်ဝင်းအတွင်းမှာရှိတာပါ။ အပေါ်မှာစေတီတစ်ဆူနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းရှိပါတယ်။ View point အကျော်လေးမှာပဲရှိတာပါ။ အဲ့ကနေလဲ ဟားခါးတစ်မြို့လုံးကိုကြည့်နိုင်ပါတယ်။

ရဟန္တာကျောက်ဖြစ်ရုပ်ကြွင်းရှိရာ
ရဟန္တာကျောက်ဖြစ်ရုပ်ကြွင်း

(၃) တီမစ်ချိုင့်ဝှမ်း (သီမြစ်)❄️
————————————
ဒီနေရာကတော့ ဟားခါးမှာအရမ်းနာမည်ကြီးတဲ့နေရာလေးပါ။ စပါးတွေစိမ်းစိုနေရင် သိပ်လှတာပဲ။ အခုတော့ စပါးခင်းကြီးတွေက ရွှေဝါရောင်ပြောင်းသွားပါပြီ 😍 ဒါလဲတစ်မျိုးလှတာပဲ။ ဟားခါးမြို့အထွက်နားလေးမှာတည်ရှိပါတယ်။

တီမစ်ချိုင့်ဝှမ်း
ခုတော့ စပါးတေခြောက်သွားပီ
Color လေးနဲနဲ edit ထားပါတယ်
စပါးတွေစိမ်းနေတုန်းက ဘယ်လောက်တောင်လှလိုက်မလဲ
Original photo

တီမစ်မှာပဲ လှမှလှ

(၄) စတော်ဘယ်ရီခြံ 🍓
——————————
တီမစ်ချိုင့်ဝှမ်းကနေဆင်းလာရင် စတော်ဘယ်ရီခြံက်ိုရောက်ပါတယ်။ ရောက်ရင် လက်လက်ဆက်ဆက် စတော်ဘယ်ရီဖျော်ရည်အေးအေးလေး ဝင်သောက်ခဲ့ကြဦးနော်။ တစ်ခွက် ၁၀၀၀ ပဲ ☺️

စတော်ဘယ်ရီခြံလေး
လွမ်း ဆွေး တွေး ငေး
လက်လက်ဆက်ဆက်စတော်ဘယ်ရီ တစ်ခွက်မှ ၁၀ဝ၀ပဲ

(၅) ချင်းရိုးရာအိမ်🏘️
—————————
ချင်းရိုးရာအိမ်က ဟားခါးမြို့ထဲမှာပဲရှိတာပါ။ အိမ်ပေါ်ကနေလည်း ဟားခါးတစ်မြို့လုံးကိုမြင်ရတယ်။ အရင်ခေတ်ကချင်းရ်ိုးရာပစ္စည်းမျိုးစုံနဲ့ ဓာတ်ပုံတွဲရိုက်လို့ရပါတယ်။ ပြန်ခါနီးဆိုရင်တော့ ပိုင်ရှင် အဖိုးအဖွားလင်မယားကို စေတနာရှ်ိသလောက် အလှူငွေလေးထည့်ခဲ့နော်။ သူတို့နဲ့စကားတေပြောပေးရင် သ်ိပ်ပျော်ကြတာ။ သဘောလဲအရမ်းကောင်းတယ် ☺️

ဟားခါးမြို့ ချင်းရိုးရာအိမ် —
ရိုးရာအိမ် အနောက်ဘက်က ဟားခါး မြင်ကွင်း
ချင်းရိုးရာအိမ်အောက်ထဲဝင်မယ့်အပေါက်
အိမ်ပိုင်ရှင် အဖိုးအဖွား အရမ်းချစ်ဖို့ကောင်းတာပဲ
ရိုးရာအိမ်ထဲက အဆိုတော် ဆုန်သင်းပါရ် ရဲ့ဓာတ်ပုံလေး

(၆) Hakha Baptist Church ⛪️
——————————————
ဟားခါးဘောလုံးကွင်းမှာရှိတဲ့ ခန့်ညားလှတဲ့ Church ကျောင်းကြီးကိုလဲရောက်ရင် ဝင်လည်ခဲ့ကြဦးနော်

Church

(၇) ခရစ်ယာန်ဆုတောင်းတောင်⛰️
———————————————
ဆုတောင်းတောင်ကတော့ ဟားခါး – ဖလမ်းအထွက်လမ်းမှာရှိပါတယ်။ ဟားခါးမြို့က်ို နောက်တစ်ဖက်အခြမ်းကနေ မြင်ရတဲ့ View point တစ်ခုပေါ့။ အပေါ်မှာတော့ မြင့်မားတဲ့ ကားတိုင်တစ်ခုရှိပါတယ်။

ဒါက ဆုတောင်းတောင်ပေါ်ကမြင်ကွင်း
ဆုတောင်းတောင်
ဆုတောင်းတောင်

(၈) Hakha Town Cafe ☕️
————————————
ဟားခါးရောက်ရင် Hakha Town Cafeနဲ့ ဟားခါးကော်ဖီလေးတော့ သောက်ခဲ့ပါနော်။ ခါးတော့အရမ်းခါးတယ် 😁 ဟားခါးကဒီကော်ဖီဆိုင်လေးက အထပ် ၂ ထပ်နဲ့ တစ်ထပ်စီမှာ မတူညီနဲ့ vibes တစ်ခုစီရတယ်။ ကော်ဖီပူပူလေးသောက်ပြီး ဟားခါးမြို့ရဲ့အလှကိုခံစားချင်ရင်တော့ ကော်ဖီဆိုင်လေးကိုသွားလိုက်ပါနော် 😍

Merry Christmas 🎄

ဟားခါးရောက်ရင် ဘယ်မှာတည်းမလဲ ? ❄️
•••••••••••••••••••••••••••••••••••••••••

Shalom Guest House – 09401147517
Grace Guest House – 092450019
Rong Guest House

စတဲ့တည်းခိုခန်းတွေရှိပါတယ်။ Shalom ကိုတော့ Recommend ပေးပါတယ်။ ရေပူရေအေးလဲရတယ်၊ Wifi လဲရပီး မြို့လည်မှာဆိုတော့ မုန့်သွားစားလဲ လမ်းလျှောက်ပြီး သွားစားရုံပဲလေ။ စျေးနှုန်းကလဲ ၂၅၀၀၀ ဝန်းကျင်ဆိုတော့ အဆင်ပြေပါတယ်။ Hotel မဟုတ်တော့ Breakfast တော့မပါဘူး😊

ဟားခါးရောက်ရင်ဘာတွေစားမလဲ 🍽
••••••••••••••••••••••••••••••••••••••
မနက်ဆိုသူတို့အစားများကြတာကတော့ ဆန်ပြုတ်ပဲဖြစ်ပါတယ်။ စျေးထဲမနက်စာစားတဲ့ဆိုင်တိုင်းမှာ ပုံစံမတူတဲ့ ဆန်ပြုတ်တွေကိုစားလို့ရပါတယ်။
ရှမ်းခေါက်ဆွဲ၊ ကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်ပူပူလေးတွေ၊ ဟားခါးကော်ဖီ၊ ဆာဗူးသီး၊ ရှမ်းခေါက်ဆွဲ၊ ပူရီလို့ခေါ်ကြတဲ့ ကိုယ်တေအမြင်တော့ ပဲပလာတာ😁 အဲ့ဒါတွေအစားများကြပါတယ်။ ရောက်ရင်တော့ အကုန် Try ခဲ့သင့်တယ်နော် 😎
မြန်မာထမင်းဆိုင်ဆိုရင်တော့ ဟင်္သာတအောင်တံခွန်ဆိုတဲ့ ထမင်းဆိုင်ရှိပါတယ်။ ဟင်းတွေကတော့ ရှယ်ကောင်းပဲ😎

ဟားခါးဆန်ပြုတ်ပူပူလေး —
ရှမ်းခေါက်ဆွဲ
ကောင်းကြိုက် ဆိုင်ထဲ —
မြန်မာထမင်းဟင်း ရှယ်ကောင်း

တို့ဟူးကြော်ပူပူလေး
မုန့်ဟင်းခါး

ဟားခါးမြို့လေးက်ိုဘယ်လိုသွားမလဲ ?
••••••••••••••••••••••••••••••••••••
ဟားခါးသွားမယ်ဆိုရင် လမ်းကြောင်းနှစ်ခုရှိပါတယ်။ ရန်ကုန် – ကလေး – ဟားခါး လမ်းကြောင်းရယ်
ရန်ကုန် – ဟားခါး တိုက်ရိုက်လမ်းကြောင်းရယ်ပါ။
ရန်ကုန်ကနေ ဟားခါးကို High Class Express တိုက်ရိုက်ရှိပါတယ်။ တနင်္ဂနွေဆ်ိုရင် ကားဂိတ်ပိတ်တာမို့ အဲ့ဒါတော့ သတိထားပေးပါ။
ကလေးကနေ လာမယ်ဆိုရင်တော့ ၇ နာရီလောက်ကြပါတယ်။ သဒ္ဓါတ်ို့မြို့ထဲမှာတော့ အံစာတုံးနဲ့ပဲလည်ပဲ ရ်ိဒ်ကိုဆက်သွားခဲဲ့ကြတာပါ။
စ်ိတ်ရှည်ပြီး ကားမောင်းကျွမ်းကျင်တဲ့ ကားဆရာကိုလည်းကျေးဇူးအရမ်းတင်ပါတယ်။
ကားဆရာက်ိုနေဝင်းသန်း – 09440353433

ရေတွေခဲနေတာ

Shalom guest house မှာ
အဆုံးထ်ဖတ်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် 😍

ဟားခါးရာသီဥတု ❄️
•••••••••••••••••••••
ဒီဇင်ဘာ၊ ဇန်နဝါရီလတွေဆိုအရမ်းအေးပြီး ရေတွေခဲတတ်ပါတယ်။ လက်အိတ်၊ ခြေအိတ်၊ ခေါင်းစွပ် နဲ့ အနွေးထည်ထူထူယူသွားဖို့တော့မမေ့နဲ့နော်။ ဒီအချိန်ဆ်ို ချယ်ရီတွေလဲမြိုင်မြိုင်ဆိုင်ဆိုင်ပွင့်နေပြီလေ 😍

ဟားခါးကနေပြီး ရိဒ်၊ ဖလမ်း၊ ထန်ထလန်စတဲ့ မြို့တွေက်ိုလည်း ဆက်သွားလို့ရပါတယ်။ နောက်တစ်မြို့က်ိုတော့ Review လေးတစ်ခုနဲ့ ပြန်လာခဲ့မယ်နော်။ ☺️☺️☺️

ကဲ ဒီလောက်ဆိုရင် ဟားခါးက်ို ကိုယ့်အစီစဉ်နဲ့က်ိုယ်သွားလ်ို့ရပီထင်ပါတယ် 😍 တခြားသိချင်တာရှိရင်လဲ Pageမှာ အချ်ိန်မရွေးလာမေးလို့ရတယ်နော် 💚
အားလုံးပဲ အေးချမ်းတဲ့ဆောင်းရာသီလေးမှာ ဘေးအန္တရယ်ကင်းပြီး ပျော်ရွှင်စွာနဲ့ ခရီးတွေသွားလာနိုင်ကြပါစေနော် 💓

Happy Sweet December ❄️
#TDsTravelNotes
#Hakha #ChinState #TDsinchinstate
#Decemberblog

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img