2020.04.08FOOD
ကျန်းမာရေးနှင့် ညီညွတ်ပြီး နှုတ်မြိန်စေမယ် ဂရိအစားအစာများ

အခုတလော အိမ်ထဲမှာ နားနားနေနေ အပန်းဖြေရင်း ဘာလေးတွေ စားရင်ကောင်းမလဲ နဲ့ တွေးနေတဲ့သူ ဘယ်နှစ်ယောက်များ ရှိနေမလဲ
အမြဲသတိတရ နဲ့ ပြန်သွားချင်မိပြီး ပြန်မြည်းစမ်းချင်နေသေးတဲ့ အကြိုက်ဆုံး အစားအသောက်လေးတွေ အားလုံးကိုယ်စီမှာ ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် Dream with Gloria နှင့်အတူ အရသာရှိပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဂရိအစားအသောက်တွေအကြောင်းကို မြည်းစမ်းကြည့်ရအောင်။ အိမ်မှာနေရင်း ကိုယ်တိုင်လုပ်စားလို့ရတဲ့ Menu လေးတွေလည်းပါတာမို့ အစားတလိုင်းတို့အတွက် ကိုယ်တိုင်ချက်လို့လဲရတာပေါ့။
ခရီးတွေသွားပြီး အမြဲအမှတ်ရနေတဲ့ အစားအသောက်လေးတွေကို စဉ်းစားမိလိုက်တိုင်း ဂရိ အစားအစာလေးတွေက အတွေးထဲမှာ အမြဲ နေရာယူထားတတ်ပါတယ် အားလုံးကိုလည်း အဲခံစားမှုလေးတွေ ဆီ အတူတူ ခေါ်ဆောင်သွားချင်ပါတယ်နော်
ကိုယ်တိုင် ဂရိ ကို ရောက်တဲ့ အခါ မဖြစ်မနေစား ကြည့်သင့်တာလေးတွေ က ဘာတွေ ဖြစ်မလဲ နာမည်ကြီးသလောက် တကယ်ရော စားကောင်းရဲ့လား
ဂရိ အစားအစာ ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာ ထဲမှာ ဒုတိယ နေရာက
ပါဝင်နေပါတယ် တစ်နည်းအားဖြင့် Greek Cuisine (ဂရိအစားအစာ) ကို Mediterranean Cuisine လို့လည်း ခေါ်ပါတယ်- မြေထဲပင်လယ် အစားအစာ ထဲမှာ ပါဝင်တယ်ပေါ့နော် အသေးစိတ်ထပ်ရှင်းရမယ်ဆိုရင် မြေထဲပင်လယ် နှင့် နီးစပ်သော မြေထဲပင်လယ်
ရာသီဥတု ရှိသော နိုင်ငံများမှာရှိတဲ့ ဒေသခံတွေ ပြင်ဆင် ချတ်ပြုတ်စားသောက်လေ့ ရှိတဲ့ အစားအစာပေါ့နော်) အဓိက အားဖြင့် အသီးအရွက်၊ အသား၊ ငါး ၊ သံလွင်ဆီ ၊ သံလွင်သီး ၊ ပေါင်မုန့် နှင့် ချိစ်၊ ဒိန်ချဉ် တို့ ဟာ သူတို့ အမြဲစားလေ့ ရှိတဲ့ အစားအစာတွေပါ သူတို့က ဘယ်လို ထူးထူးခြားခြား ပြင်ဆင်လို့ ဒီလို စားကောင်းရပါသလဲ အဲဒီထဲမှာ မှ ဖြူစင်လည်း အကြိုက်တွေ့ခဲ့တဲ့ ဂရိ ရောက်ရင် မဖြစ်မနေ စားကြည့်သင့်တဲ့ဟာလေး တွေကို အောက်မှာ ပုံလေးတွေနှင့် တကွ အသေးစိတ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်
(1) Greek Salad

ဖြူစင် ဂရိကို ရောက်ပြီး ပထမဆုံး အရမ်းကြိုက်မိတဲ့ အစားအစာ လို့ ပြောလို့ရပါတယ် ၊ Salad တော်တော်များများ စားဖူးပေမယ့် တစ်ခါမှ ခံစားလို့မရခဲ့ပါဘူး၊ အဓိက သူ့ထဲမှာ ပါဝင်တဲ့ Feta cheese ရဲ့ ငန်တန်တန် စိမ့်တိမ့်တိမ့် အရသာလေး နဲ့ အသီးအရွက်တွေရယ် သူ့ရဲ့ dressing ကို ပေါင်းစပ်လိုက်တဲ့အရသာလေးက ဘယ်လိုပြောရမလဲ ဘယ်နှစ်ခါစားစား ငြီးငွေ့တယ်လို့ မခံစားရတဲ့ အရသာမျိုးပါ၊
Salad ထဲမှာ ခရမ်းချဉ်သီး (သို့) ချယ်ရီ ခရမ်းချဉ်သီး အသေး ၊ သခွားသီး၊ ကြက်သွန်နီ ၊ သံလွင်သီး ၊ ငရုတ်ပွ အစိမ်း နှင့် Feta Cheese တို့ ပါဝင်ပြီး Dressing အတွက် ကိုတော့ Oregano အမှုန့်၊ သံပုရာရည် ၊ Red Wine Vinegar၊ ဆား၊ ငရုတ်ကောင်း နှင့် သံလွင်ဆီ တို့ကို သုံးပြီး အဓိက လုပ်ထားတာပေါ့နော် Salad ထဲမှာ ပါဝင်တဲ့အရာတွေကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ကို ပြည့်ဝစေတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော် ဆိုင်တိုင်းလိုလိုမှာ Appetizer (နှုတ်မြိန်စာ) အနေနဲ့ အရင် စားလေ့ရှိပါတယ် သွားစားတဲ့ ဆိုင်ရယ် ရွေးချယ်တဲ့ Salad ပေါ်မူတည်ပြီးတော့ ပါဝင်တာတွေ ပြင်ဆင်ပုံတွေတော့ ပြောင်းလဲမှုရှိပါတယ်နော်
(2) Tzatziki

ဒီဖြူဖြူ အနှစ်လေးတွေက ဘာဖြစ်မလဲ ဂရိလူမျိုးတွေ အရမ်းကြိုက်ကြတဲ့ Salad ၊ အသီးအရွက် ၊ ပေါင်မုန့် အသားကင် တို့ နှင့် တွဲဖက် စားသုံးကြလေ့ ရှိတဲ့ Tzatziki လို့ ခေါ်တဲ့ dressing တစ်မျိုးပေါ့နော်၊ မြန်မာမှု ပြု ပြီး ပြောရမယ်ဆိုရင် အချဉ်ရည် သဘော တို့စားကြတဲ့ ဟာမျိုးလေးပါ ၊ သူ့ထဲမှာ အဓိက ပါဝင်တာက စစ်ထုတ်ထားတဲ့ ဒိန်ချဉ် အနှစ်ရယ် ၊ သခွားသီးရယ် ပါ အဲဒါတွေကို သံလွင်ဆီ ပူဒီနံ၊ ကြက်သွန်ဖြူ ၊ သံပုရာရည် ၊ ဆားတို့ နဲ့ ပေါင်းစပ်ပြီး အနှစ် ပုံစံလေး လုပ်ထားတာပါ ဖြူစင်က တော့ ပေါင်မုန့် နဲ့ သုတ်စားရတာလေးကို သဘောကျပါတယ် တွဲဖက်စားလေ့ရှိတဲ့ ပုံလေးတွေပါ တင်ပေးလိုက်တယ်နော်
(3) Souvlaki

ဒီ Souvlaki လို့ခေါ်တဲ့ အသားကင်ကတော့ ဂရိမှာ နာမည်ကြီးဆုံး အစားအစာ ထဲမှာ ပါဝင်ပါတယ်နော် ဝက်သား (သို့) ကြက်သား (သို့) သိုးသား ကိုယ်နှစ်သက်ရာ မှာလို့ရတယ် အပေါ်ကနေ သံပုရာသီးလေး ညှစ်ပြီး အာလူးချောင်းကြော်လေး နဲ့ တွဲစားလိုက်တဲ့ အရသာ လေးက ရှယ်မိုက်ပါတယ်၊ နံပြား (သို့) ထမင်းနဲ့လည်း တွဲစားလို့ရပါတယ်၊ ဂရိ နံပြားလေးတွေ ကလည်း အရမ်းစားလို့ကောင်းပါတယ်
(4)Gyro

Souvlaki နှင့် ပုံစံ ဆင်တဲ့ Gyro လို့ ခေါ်တဲ့ အစားအစာကလည်း ဂရိက နာမည်ကြီး Street Food ထဲမှာ ပါပါတယ် (Souvlaki ကတော့ တံစို့တံထဲမှာ အသားရော အသီးအရွက်တွေ တခါတည်း ထည့်ကင်လိုက်တာပေါ့နော်) Gyro ကတော့ (Vertical Rotisserie လို့ခေါ်တဲ့ လည်ပတ်ပြီး ကင်ပေးတဲ့ စက်ထဲ က အသားတွေ ကို လှီးထည့်တာပါ အဲအသားတွေကို နံပြားထဲ ထည့်၊ ပြီးတော့ အသီးအရွက် ရယ် Tzatziki ရယ် ရောပြီး ညှပ်စားကြတာမျိုးပါ
(5) Greek Seafood



မြေထဲ ပင်လယ်ဘက် ရောက်ပြီး ပင်လယ်စာ မစားရရင် ပြီးပြည့်စုံမယ် မထင်ပါဘူးနော်
အရမ်းလတ်ဆတ်တဲ့ ပင်လယ်စာတွေကို သူတို့တွေက ဘယ်လိုပုံစံလေးတွေ ချက်စားကြတာလဲဆိုတာ ကြည့်ကြည့်ပါဦး
(6) Stuffed Tomatoes & Peppers & Eggplant

ခရမ်းချဉ်သီး အစာသွပ်ပေါ့နော် (ငရုတ်ပွ ၊ ခရမ်းသီး တို့ နဲ့ လည်း လုပ်စားကြပါတယ်) အထဲမှာ အဓိက ဆန်လုံးရှည် ရယ် ကြိတ်ထားတဲ့ အသားရယ် အခြား ဟင်းခတ် အမွှေးအကြိုင်တွေ နဲ့ ရောစပ်ပြီး နှပ်ထားတာပါ
စားပြီးပြီးချင်းမှာ အရသာအားလုံး တစ်စုတစ်စီးတည်းလေး (ချစ်ရတဲ့သူအားလုံး ကို တစ်နေရာတည်းမှာ တွေ့လိုက်ရသလို နွေးနွေးထွေးထွေးလေး ခံစားရတယ် ) နည်းနည်းပိုသွားလားမသိ တကယ် အဲလိုအရသာလေး
ခရမ်းသီး ကိုကျတော့ တစ်ဝက်လေးတွေ ခြမ်းပြီး အဲပုံစံလေး တိုင်း မပျက်အောင် နှပ်ထားတာပါ အပေါ်က ချိစ် လေးအုပ် ပြီး ထည့်နှပ်ထားတော့ အင်း…သူရဲ့ အရသာကလေ ပြီးပြည့်စုံလွန်းလို့ပါ
(7) Greek yogurt and dessert



ဂရိ ရောက်ရင် ဒိန်ချဉ် စားပြီး မှ ပြန်ခဲ့လို့ မှာပါရစေနော် ဒိန်ချဉ်လေးများ ဘာထူးလဲလို့ မေးစရာရှိပါတယ် တခြား ဒိန်ချဉ် အမျိူးအစားတွေ နဲ့ မတူအောင် ကို တမူထူးခြားတဲ့ သူ့အရသာက အရမ်းကောင်းပါတယ် ဒါဆို တခြားပုံမှန် ဒိန်ချဉ် နဲ့ ဂရိ ဒိန်ချဉ် က ဘာကွာပါသလဲ (အချဉ်ဖောက်ပြီးတဲ့ အခါမှာ ထွက်လာတဲ့ ဒိန်ရည် ပေါ့နော် အဲဒီအရည်ကို စစ်ထုတ်ရပါတယ် ပုံမှန် ဒိန်ချဉ်တွေမှာ ၂ ကြိမ်စစ်ထုတ်ထားပြီး အရည်လေး နည်းနည်းကျန်ခဲ့ပါတယ်၊ ဂရိ ဒိန်ချဉ်ကတော့ ၃ ကြိမ် တိတိ စစ်ထုတ်ထားပါတယ် အဲဒါကြောင့် အရည် တော်တော်များများ ထွက်သွားပြီး ပိုပျစ်ပျစ်နှစ်နှစ် ရှိပါတယ် အရသာ အားဖြင့်လည်း ပိုချဉ်တဲ့ ဘက်ကို သွားပါတယ် protein ဓါတ်ပါဝင်မှုကလည်း ပုံမှန်ဒိန်ချဉ်တွေ ထက် ပိုများတယ် လို့ဆိုပါတယ် သူတို့တွေက တော့ ပျားရည် နဲ့ တွဲစားလေ့ရှိပါတယ် အဲအရသာ လေးကို အရမ်းသဘောကျပါတယ် ဖြူစင့်လိုဘဲ ဒိန်ချဉ် ကြိုက်တဲ့ သူတွေ လည်း အကြိုက်တွေ့မယ် ထင်ပါတယ်
ဂရိ တွေ ဟာ အချိုကြိုက်သူတွေ ဆိုတာ သူတို့ရဲ့ အချိုပွဲတွေကို ကြည့်ရင် တန်းသိနိုင်ပါတယ် Appetizer နှင့် Main course တော်တော်များများကို အပေါ့စားကြပေမယ့် အချိုပွဲ အလှည့်ရောက်ရင်တော့ တော်တော်များများ ချိုပစ်အီစိမ့်နေအောင် စားရပါမယ်နော် အချိုပေါ့တာလေးတွေ လည်း ရှိပါတယ် ဆိုင်မှာဆိုလည်း ကိုယ်ကြိုက်တာကို မှာလို့ရပါတယ် Hotel မှာ ဆိုလည်း ရွေးချယ်စရာများတတ်ပါတယ်တဲ့။
DreamWithGloria #GreekFood
By : Dream with Gloria
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.