bnr_tob_1

2020.04.24TECH

Google classroom

Stay Home ကာလအတွင်းမိမိ အိမ်အတွင်းမှ Online ဖြင့်သင်တန်းပို့ချခြင်း သို့မဟုတ် သင်ယူလေ့လာခြင်းများပြု လုပ်နိုင်တဲ့ Google classroom ဆိုတဲ့ Online Class နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

Google classroom ကိုဖွင့်မယ်ဆို Gmail account တစ်ခုနှင့်ဖွင့်လို့ရပါတယ်။ ထိုအခါ မိမိ ရဲ့ Google classroom အတွက် code တစ်ခုပေးပါတယ်။ ထို code နံပါတ်ဖြင့် မိမိသင်တန်းအတွက် အတန်းသားများကို လက်ခံနိုင်ပါတယ်။ Google classroom ၏ Class တွင် Teacher role နဲ့ student role ဟူ၍ နှစ်မျိုးရှိပါတယ်။Google classroom account ဖွင့်သူဟာ Teacher role ရ၍ ကျန်သည့် user များကိုမိမိကပင် ခွဲခြားနိုင်ပါတယ်။

Class တွင် သင်တန်း တက်ရောက်ချင်သူများ အတွက် Google classroom admin မှပေးသော code ကိုထည့်၍ သင်တန်းတက်ရောက်နိုင်ပါတယ်။ Google classroom ကို Browser တွင် သာမကဘဲ smart phone application ထည့်သွင်း၍ Google classroom account ဖွင့်ကာ သင်တန်း တက်ရောက်နိုင်ပါတယ်။

Google classroom တွင် ဆရာက Online Class တစ်ခုဖွင့်တော့မယ်ဆို Google classroom page ၏ ညာဘက်ထောင့်ရှိ ‘အပေါင်း လက္ခဏာ’ နှိပ်ပြီး Create Class ကိုရွေးကာ Class တစ်ခုဖန်တီးလို့ရပါတယ်။

သင်တန်းသားများအတွက်ကတော့ ထို ‘အပေါင်း လက္ခဏာ’ ကို နှိပ်ပြီး join Class ကိုရွေးပြီး code နံပါတ်ထည့်သွင်းကာ တက်ရောက်နိုင်ပါတယ်။ Class တစ်ခုအတွက် join Classကို တစ်ကြိမ်သာ code ထည့်သွင်းပေးရမှာဖြစ်ပါတယ်။  Google classroom အသုံးပြုနည်းအသေးစိတ်ကိုလည်း Online မှာရှာဖွေလေ့လာနိုင်ပါတယ်။

Smart phone အတွက် Application နဲ့ PC အတွက် Browser link ကိုအောက်တွင်ဖော်ပြထားပါတယ်။

Browser Link
For Android
For Iphone

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img