bnr_tob_1

2020.01.08ENTERTAINMENT

2020 ကို ပျော်စရာတွေနဲ့ စတင်ဖွင့်လှစ်လိုက်တဲ့ Golden Globes 2020

2020 ခုနှစ်ရဲ့ ဇန်နဝါရီလ အစမှာ နိုင်ငံတဝှမ်းလုံးက စိတ်ဝင်တစားရှိလှတဲ့ ဟောလိဝုဒ်ရဲ့ Golden Globes 2020 ဆုတွေကို ကြေညာချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိသတ်တွေကလည်း ဝမ်း မြောက်ဝမ်းသာ အားပေးခဲ့ကြပါတယ်။ ကိုယ်နှစ်သက်တဲ့ ဟောလိဝုဒ်စတားတွေ၊ ဇာတ်ကားကောင်းတွေ ဆု ရရှိခဲ့တဲ့အတွက်လည်း ကျေနပ်သဘောကျနေမယ်လို့ ထင်ပါတယ်။
ဟောလိဝုဒ်ရဲ့အကျော်အမော်နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ Once Upon a Time in Hollywood ရုပ်ရှင်ကားက ဆု ၃ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ Script ဆုနဲ့ Musical or Comedy ဆုတွေအပြင် အကောင်း ဆုံးဇာတ်ပို့ဆုဖြစ်တဲ့ Best Performance by an Actor in a Supporting Role in Any Motion Picture ဆု ကို မင်းသား Brad Pitt ကရရှိခဲ့ပါတယ်။ Tom Hanks , Anthony Hopkins အစရှိတဲ့ မင်းသားကြီးတွေကို ကျော်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အကောင်းဆုံးမင်းသားဆုကိုတော့ မြန်မာနိုင်ငံပရိသတ်ကြီးရဲ့ ရင်ထဲမှာ စွဲထင်မှတ်မိနေခဲ့တဲ့ Joker ဇာတ်ကားက မင်းသားကြီး Joaquin Phoenix က ဆွတ်ခူးခဲ့ပါတယ်။ Best Original Score ဆုကိုလည်း Joker ဇာတ်ကားကပဲ ရရှိသွားခဲပါတယ်။
နိုင်ငံတကာ ပရိသတ်အပြင် မြန်မာပရိသတ်တွေရဲ့ အချစ်တော်ကြီးဖြစ်တဲ့ မင်းသားကြီး Tom Hanks ကတော့ Outstanding contributions to the world of entertainment ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Golden Globes 2020 ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဟောလိဝုဒ်စတား မင်းသမီး Michelle Williams က ရရှိခဲ့ပါတယ်။ အကောင်းဆုံးဒါရိုက်တာဆုကိုတော့ ဒါရိုက်တာ Sam Mendes က 1917 ဆိုတဲ့ ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြီး Limited Series ဆုကို Chermobly ကရရှိခဲ့ပါတယ်။ Best Supporting Actor in a Series, Miniseries or Motion Picture for TV ဆုကို မင်းသားကြီး Stellen Skarsgard က ရရှိသွားပါ တယ်။
ယခုနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ Best Foreign Language Motion Picture ဆုကို ကိုရီးယား ဒါရိုက်တာ Bong Joon Ho ရိုက်ကူးထားတဲ့ Parasite ဇာတ်ကားက ဆွတ်ခူးသွားခဲပါတယ်။ ပရိသတ်တွေရဲ့ အကြိုက်နဲ့လည်း ထပ်တူကျလိမ့်မယ်ထင်ပါတယ်။ လာမယ့် Oscar Award 2020 ကိုလည်း ရုပ်ရှင်ချစ်သူများက ရင်ခုန်စွာနဲ့ စောင့် မျှော်နေကြပြီ မဟုတ်လား။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img