fb_icon

bnr_tob_1

2019.06.04SPORTS

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ကို ပြီးခဲ့သည့် မေ၂၆ ရက်နေ့ညနေပိုင်းက မုံရွာမြို့ရှိ တိုင်းအားကစားကွင်းမှာ ကျင်းပရာ ရန်ကုန်အသင်းနဲ့ စစ်ကိုင်းအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ရန်ကုန်အသင်းက ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသစ်ခေါ်ယူထားသော နိုင်ဂျီးရီးယားနောက်ခံကစားသမား အန်ဒါဆင်ဝက်စ် ကို ပွဲထွက်စေခဲ့ပြီး ဆယ်လာ၊ မောင်မောင်လွင်၊ ရန်အောင်ကျော်၊ ကျော်ဇင်ထက်တို့ဖြင့် ပွဲထွက်ကစားစေခဲ့သည်။ ရန်ကုန်အသင်းက ပွဲအစပိုင်းတွင် ကစားပုံကောင်းသော်လည်း မိနစ် ၃၀ နောက်ပိုင်းတွင် ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး မောင်မောင်လွန် ကန်တင်ပေးသော ထောင့်ကန်ဘောကို အသင်းခေါင်းဆောင် အီစိုးက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ပွဲကစားချိန် ၃၆ မိနစ်တွင် ရန်ကုန်အသင်းဦးဆောင်ဂိုး ရရှိခဲ့သည်။
စစ်ကိုင်းအသင်းသည်လည်း နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံကစားစေခဲ့သည်။ ပွဲအစပိုင်းတွင် ကစားပုံကောင်းမွန်ခဲ့သော်လည်း ရန်ကုန်အသင်းအား ဦးဆောင်ဂိုးပေးလိုက်ပြီးနောက်ပိုင်းတွင် စစ်ကိုင်းအသင်းက ချေပဂိုးပြန်ရရန် တိုက်စစ်မြှင့်ကစားခဲ့ပြီး ပထမပိုင်းအပြီး နားကြင်ချိန်ပို ၂ မိနစ်မှာ ဒိုနယ်၏ ထိုးဖောက်မှုကို ရန်ကုန်နောက်ခံကစားသမား ဖျက်ထုတ်ပုံကြမ်းတမ်းသဖြင့် ပင်နယ်တီကန်ခွင့် ရရှိခဲ့သည်။ ၎င်းပင်နယ်တီကို အသင်းခေါင်းဆောင် ဒိုနယ်က ကန်သွင်းခဲ့ပြီး စစ်ကိုင်းအသင်းက ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ဒုတိယပိုင်းတွင် လူအပြောင်းအလဲလုပ်ကာ ဂိုးများထပ်မံရရှိရန် နှစ်သင်းစလုံး တိုက်စစ်မြှင့် ကစားခဲ့သော်လည်း ရရှိသော အခွင့်အရေးအများကို အသုံးမချနိုင်သောကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ယခုပွဲသရေရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရန် နှစ်သင်းလုံး အခွင့်အရေးတူနေပြီး ဒုတိယကျော့အထိ စောင့်ကြည့်ရပေမည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းအနေနဲ့ အဝေးကွင်းတွင် တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ကြောင့် အိမ်ကွင်းတွင် ရုံးကန်ဖွယ်ရာရှိသည်။ ယခုရာသီတွင် ခြေစွမ်းပြကစားနေသည့် စစ်ကိုင်းအသင်းကလည်း အဝေးကွင်းတွင် ဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်းတို့၏ ဒုတိယအကျော့ပွဲစဉ်ကို YUSC ကွင်းတွင် ဇွန်လ ၂ ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကိုလည်း ဇွန်လ ၁၊ ၂ ရက်နေ့များတွင် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
By: Hlwan Moe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img