fb_icon

bnr_tob_1

2020.01.14FEATURE

ဇန်နဝါရီလရဲ့ လူစိတ်ဝင်စားမှုအမြင့်ဆုံး ဗိုလ်ချုပ်ပုံ ပိုက်ဆံ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ တစ်ထောင်တန်ငွေစက္ကူတွေ ၂၀၂၀ခုနှစ်၊ဇန်နဝါရီလ၊ ၄ရက် (လွတ်လပ် ရေးနေ့)မှာ ထွက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံပြည်သူလူထုတစ်ရပ်လုံးက ဝမ်းသာပျော်ရွှင်နေကြပြီး အားတက်သ ရော ဘဏ်တွေမှာ လဲလှယ်ရယူခဲ့ကြပါတယ်။
၂၀၁၉ခုနှစ်ကတည်းက အစိုးရပိုင်သတင်းဌာနတွေက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ငွေစက္ကူတွေထုတ်ဝေမယ်လို့ ကြေညာပြီးတဲ့နောက်မှာပဲ ပြည်သူအားလုံး စိတ်ဝင်တ စားနဲ့ မျှော်လင့်နေခဲ့ကြတာ ဖြစ်ပါတယ်။
အသစ်ထုတ်ဝေတဲ့ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားတဲ့ တစ်ထောင်တန် ငွေစက္ကူဟာ အလျား- ၁၅၀မီလီမီတာ၊ အနံ – ၇၀ မီလီမီတာရှိပြီး အပြာရောင်ဖြစ်ပါတယ်။ ငွေစက္ကူရဲ့ အပေါ်ဘက်မျက်နှာစာမှာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်စာသားပါရှိကာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူရဲ့ တန်ဖိုးကို ဂဏန်းနဲ့ရော၊ စာသားနဲ့ပါ ဖော်ပြ ထားပြီး ဗိုလ်ချုပ်ပုံရေစာလည်း ပါရှိပါတယ်။ နောက်ကျောဘက်မှာ လွှတ်တော်အဆောက်အဦပုံ ပါရှိပါတယ်။ ဒီ တစ်ထောင်တန်ငွေစက္ကူရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ရိုက်နှိပ်ထားတဲ့အပြင် ငွေစက္ကူရဲ့ မျက်နှာစာ ဘယ်၊ညာ နှစ်ဖက်စလုံးမှာ အမြင်အာရုံအားနည်းသူများအတွက် လက်နဲ့ထိတွေ့စမ်းသက်ကြည့်ပါက အာရုံခံသိနိုင်မယ့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ် (၁၁)ကြောင်းစီ ပါရှိတာပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ကနေ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလခေတ်နဲ့ စစ်အုပ်ချုပ်ရေး အစောပိုင်းကာလတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကိုထုတ်ဝေခဲ့ဖူးပါတယ်။ ၁ကျပ်တန်က စလို့ ၅ကျပ်တန်၊၁၅ကျပ်တန်၊၂၅ကျပ်တန် စတဲ့တန်ဖိုးအမျိုးမျိုး ငွေစက္ကူများကို ဗိုလ်ချုပ်ပုံနဲ့ရိုက်နှိပ်ထုတ်ဝေခဲ့ တာ ဖြစ်ပါတယ်။ တချို့ ရှေးပိုက်ဆံတွေ စုဆောင်းထားတတ်တဲ့ အိမ်တွေ၊မိသားစုတွေမှာ အဆိုပါငွေစက္ကူတွေ ကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ယခုလို အာရုံဖောင်းကြွမျဉ်းတိုပါရှိမှုကတော့ ခေတ်အဆက်ဆက်ငွေစက္ကူများ မှာ မတွေ့ခဲ့ရပါဘူး။
အသစ်ထွက်ရှိတဲ့ တစ်ထောင်တန် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံငွေစက္ကူဟာ တစ်သောင်းတန်ငွေ စက္ကူနဲ့ အရောင်အဆင်း၊အရွယ်အစားအားလုံး ပုံစံတူဖြစ်နေတဲ့အတွက် တစ်သောင်းတန်နဲ့ တစ်ထောင်တန် မှားယွင်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေတဲ့ သူတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ၂၀၂၀ရဲ့ လွတ်လပ်ရေးနေ့က စပြီး ဗိုလ်ချုပ်ပုံငွေစက္ကူအသစ်တွေနဲ့ ပြည်သူတွေကတော့ ပျော်ရွှင်ကျေနပ်နေကြပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img