2019.11.19LIFE&TREND
မိန်းကလေးတွေအတွက် အလွန်အဖိုးတန်တဲ့ Jade Roller တွေကို လက်ဆောင်ပေးနေတဲ့ GARNIER

မြန်မာနိုင်ငံကလူငယ်တော်တော်များများဟာ Garnier ကို မသိတဲ့သူမရှိဖြစ်ကြမှာပါ။ လတ်တလောမှာ မြန်မာနိုင်ငံရဲ့အလှကုန်စျေးကွက်ထဲကို Garnier ရဲ့ mask sheet တွေ အလုံးလိုက်အရင်းလိုက်၀င်ရောက်လာပါပြီ။ နေခြည်ဉီးတို့လို နာမည်အကြီးဆုံး influencer တွေနဲ့ စလို့ beauty blogger တော်တော်များများနဲ့ပါ ကြော်ငြာပြီး ၀င်ရောက်လာတဲ့ GARNIER ရဲ့ Sheet Mask တွေဟာ အရည်အသွေးပိုင်းမှာလည်း သုံးစွဲသူအကြိုက် စိတ်ချရတဲ့အနေအထားတစ်ခုမှာရှိနေပါတယ်။
ကဲ Garnier ရဲ့ sheet mask တွေအကြောင်းပြန်ပြောရအောင်။ Mask အမျိုးအစားတွေထဲမှာ မှ Garnier မှာ Clay Mask, Peel-off Mask နဲ့ Serum Mask ဆိုပြီးတော့ (3) မျိုးခွဲခြားထားပါတယ်။
ကိုယ့်ရဲ့မျက်နှာအသားရေကို ပိုကောင်းလာဖို့ အပြင်ကနေအာဟာရတွေထပ်ဖြည့်ချင်ရင် Serum Mask အသုံးပြုတာ အသင့်တော်ဆုံးပါ။
ကိုယ့်ရဲ့အသားအရေထဲမှာရှိနေတဲ့ အညစ်အကြေးတွေ(ဥပမာ: ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေ) ဖယ်ထုတ်ချင်တယ်ဆိုရင်တော့ Clay Mask နဲ့ Peel-Off Mask တွေကို အသုံးပြုလို့ရပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်မပြောပြချင်တာ Serum Mask ပါ။ အမျိုးသမီးတွေကြားထဲမှာ နာမည်အကြီးဆုံး mask လို့ပြောရရင်လည်းမမှားပါဘူး။ အဆိုပါ Serum Mask မှာ Mask (5)မျိုး လာပါတယ်။ တစ်မျိုးချင်းစီက ဘာတွေ ကောင်းသလဲဆိုတာကို ပြောပြပေးသွားပါမယ်။

Garnier Serum Mask Light Complete (အဝါရောင်)
– အဆိုပါ အဝါရောင် mask မှာ အဓိက က Lemon နဲ့ Vitamin C တို့အစွမ်းသတ္တိပါ၀င်ပါတယ်။ ရလဒ်အနေနဲ့ အမဲစက်တွေကို သိသိသာသာ သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားရေမွဲခြောက်နေတာကို အလျင်မြန်ဆုံးပြန်လည် ဖြူဝင်းလာစေပါတယ်။
– ဘယ်လိုလူတွေ သုံးသင့်သလဲဆိုရင် အသားကြည်ချင်သူတွေသုံးသင့်ပါတယ်။ Sensitive Skin ကအစ သုံးနိုင်ပါတယ်။
Garnier Serum Mask Sakura White (ပန်းရောင်)
အဆိုပါ Sakura White ပန်းရောင် Mask မှာ ဆာကူရာပန်းတွေရဲ့အဆီအနှစ်တွေပါ၀င်ပါတယ်။
ရလဒ်အနေနဲ့ အသားရောင်လေးကို ပန်းသွေးရောင်သန်းပြီးကြည်လင်စေပါတယ်။ အသားအရေမွဲခြောက်နေရင် ၊ အသားအရေမညီရင်၊ အသားအရေမကြည်လင်ဘူးဆိုရင် သုံးသင့်ပါတယ်။ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးတယ် ။ ပန်းနုရောင်အသားအရေကိုဖော်ဆောင်ပေးနိုင်တယ်။ နူးညံတဲ့အသားအရေကိုရရှိစေပါတယ်။
– ဘယ်လိုလူတွေ သုံးသင့်သလဲဆိုရင်အသားရေအမျိုးအစားမရွေး အသုံးပြုနိုင်ပါတယ်။ GLOW Skin လိုချင်ရင် သုံးပေးသင့်ပါတယ်။ Sensitive Skin ပိုင်ရှင်တွေလည်း အသုံးပြုလို့ရနိုင်ပါတယ်။
Hydra Bomb serum mask ( အစိမ်းရောင် )
-သူ့မှာတော့ လက်ဖက်စိမ်း ရဲ့အာနိသင်ပါ၀င်ပါတယ်။ အဆိုပါ လက်ဖက်စိမ်းက အဆီပြန်ခြင်းကို
ထိန်းချုပ်ပေးနိုင်ပါတယ်။ရေဓါတ်ဆုံးရှုံးမှု့ကိုပြန်လည်ဖြည့်တင်းပေးတယ်။ချွေးပေါက်ကျဉ်းစေတယ်။အဆီပြန်ခြင်းကင်းစေတယ်။
-ဘယ်လိုလူတွေ သုံးသင့်သလဲဆိုရင်oily skin & combination skin သမားတွေအသုံးပြုလို့ရပါတယ်။* sensitive skin တွေလည်း
သုံးနိုင်ပါတယ် ။
pure charcoal black serum mask (အနက်ရောင် )
-သူ့မှာတော့ ဆန်လုံးညိုရဲ့အဆီအနှစ်တွေပါ၀င်ပါတယ်။ဒါကြောင့်ကြည်လင်သန့်စင်တဲ့အသားအရေရရှိနိုင်မယ်။
အဆိပ်အတောက်ဖယ်ရှားပေးတယ် ။အသားအရေကို recover
ဖြစ်အောင် အားဖြည့်ပေးတယ် ။အသားအရေကြည်လင်စေပါတယ်။
Ageless White Serum Mask (အနီရောင်)
သူ့မှာတော့ စပျစ်သီးစေ့အဆီအနှစ်တွေပါ၀င်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုစေခြင်းကိုရရှိပါတယ်။ အသားရေပျော့တွဲနေတာကိုပြန်လည်တင်းရင်းလာစေတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုအသားရေအတွင်းပိုင်းအထိဖြည့်ပေးပြီး အသားရေကိုပြန်လည်တင်းရင်းစေတယ်။

အဆိုပါ Mask Seet တွေက တစ်ထုပ်ကို ၁၈၀၀ကျပ် တန်ဖိုးရှိပါတယ်။ နို၀င်ဘာလတစ်လလုံးမှာလည်း အဆိုပါ mask sheet 5ထုပ်၀ယ်လိုက်ရုံနဲ့ Jade Roller တစ်ခုရရှိမှာဖြစ်ပြီး စတေကာတစ်ခုပါရမှာဖြစ်ပါတယ်။ အဆိုပါ စတေကာ ၁၀ခုပြည့်သွားပြီဆိုရင်တော့ အလှကုန်ပစ္စည်းတွေထည့်တဲ့ ရေခဲသေတ္တာအသေးလေးရမှာဖြစ်ပါတယ်။ Garnier ကောင်တာရှိတဲ့ ocean နဲ့ city mart ဆိုင်ခွဲတိုင်းမှာ ပစ္စည်းရရှိနိုင်ပါတယ်။ အရမ်းကို တန်တဲ့ ပရိုမိုးရှင်းလေးဖြစ်တာကြောင့် လမကုန်ခင် သွားရောက် join ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
By : Theingi Kyaw
-
ENTERTAINMENT
ထာဝရနှောင်ကြိုးရဲ့ Fan Meeting
-
FEATURE
(ICJ) သို့ ဦးဆောင်သွားရောက်၍ တရားရင်ဆိုင်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသည့် လူထုထောက်ခံပွဲကျင်းပ
-
FOOD
Urban Asia Center ထဲက Ietsu Japan Dining
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
အမည်းရောင်သောကြာနေ့ အတွက် ၅၀ ရာခိုင်နှုန်းအထိ Sale ချပေးနေတဲ့ဆန်ဖရန်စစ်စကို ရဲ့ The Balm
-
SOCIAL
သင်တို့ဟာ ဘယ်လိုလူမျိုးတွေလဲ??
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
ဖုန်းများတွင် Battery (ဘက်ထရီ) သက်တမ်း ကြာရှည်ခံအောင် အသုံးပြုနည်း
-
TRAVEL
ဓာတ်ပုံရိုက်ပေးမယ့်သူမရှိတောင်မှ လှအောင်ဘယ်လိုရိုက်ကြမလဲ
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ