fb_icon

bnr_tob_1

2019.11.13LIFE&TREND

မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်

တောင်ကိုရီးယားအဆိုတော် တစ်ဖြစ်လဲ ကမာ္ဘကျော် အဆိုတော်ဖြစ်သူ GD ဟာ သိပ်မကြာခင်ကမှ တောင်ကိုရီးယားရဲ့ မဖြစ်မနေ စစ်မှုထမ်းဆောင်ရတဲ့ တာ၀န်မှ ပြီးဆုံးသွားခဲ့ပါတယ်။ တာ၀န်ထမ်းဆောင်ပြီးပြီးချင်းမှာပဲ GD ဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို အမြန်ဆုံးဆိုသလို ပရိတ်သတ်ရဲ့ ရှေ့မှောက်ရောက်ရှိလာအောင် စွမ်းဆောင်ခဲ့ပါတယ်။

 ပထမဆုံးသော ခြေလှမ်းအနေနဲ့ G-Dragon ဟာ သူ့ official instagram အကောင့်ကနေ ကမ္ဘာပေါ်မှာ ၈၈ ရံပဲရှိမယ့် Special Edition PeaceMinusOne x Nike “ Air Force 1” ဖိနပ်တစ်ရံကို ချပြခဲ့ပါတယ်။

ဒီဖိနပ်ကတော့ Friends and Family လို့ခေါ်တဲ့ သူငယ်ချင်းနဲ့ မိသားစုတွေကိုသာ လက်ဆောင်အနေနဲ့ ပေးတဲ့ ဖိနပ်တစ်ရံဖြစ်လို့ တကယ့် တရားဝင် ထွက်ရှိမဲ့ ဖိနပ်နဲ့ ကွဲပြားပါတယ်။

နံပါတ် အစဉ်လိုက်တပ်ထားပြီး ကမ္ဘာပေါ်မှာ ၈၈ ရံပဲရှိမဲ့ ဒီ F&F Air Force 1 က Public ကိုထွက်ရှိမဲ့ Air Force 1 နဲ့ ဖိနပ်ဘူးက နေစပြီး မတူညီပါဘူး။ Air Froce 1 ဆို ဖိနပ်ဘူးက အမည်း ၊ မီးခိုးတွေ နဲ့ လာလေ့ရှိပေမဲ့ ဒီ Air Force 1 ကတော့ ကဒ်ထူ အရောင်နဲ့ ပဲ ဖန်ထတီးထားပါတယ်။

G-Dragon ရဲ့ DIY Aesthetics ပေါ်မှာ အခြေခံထားပြီး ဖိနပ်ဘူးမှာ PeaceMinusOne ရဲ့ သင်္ကေတတွေဖြစ်တဲ့ ဒေစီပန်း PeaceMinusOne logo အပြင် Graffiti လိုမျိုး တွေ ဖန်တီးထားပါတယ်။

ဖိနပ်ကလည်း တရားဝင်ထွက်ရှိမဲ့ PeaceMinusOne x Nike “ Air Force 1” ပေါ်မှာ ထပ်ပြီး စိတ်ကြိုက် Graphic တွေ ထပ်မံ ထည့်သွင်းထားပါတယ်။ အသစ် ပါလာတာတွေကတော့ Smiley Face လိုမျိုးတွေ နောက် ဖိနပ် ထိပ်မှာ နံပါတ် တပ်ပေးထားတာတွေပဲဖြစ်ပါတယ်။

ဒီ Special Edition ဖိနပ်ရဲ့ Swoosh က အဝါရောင်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ နောက် ဖိနပ်ကို ဒေစီပန်းတွေ နဲ့ အတူ ဖွင့်လိုက်ရင်တွေ့ရမှာဖြစ်ပြီး ဖိနပ်ဘူးရဲ့ Wrapping Paper က ကိုရီးယားလို Just Do It လို့ရေးထားတဲ့ Nike Swoosh နဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။

ဒီ ဖိနပ်နာမည် ဒါမှမဟုတ် collection နာမည် ကို တော့ Paranoise လို့ပေးထားပါတယ်။

Paranoise ဆိုတာ တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကဲမှု အလွန်အကြူးဖြစ်ခြင်းက လာတဲ့ ထင်ယောင်ထင်မှား အသံတွေ ကိုဆိုလိုပါတယ်။

တစ်ကမာ္ဘလုံးကို ဖြန်ချီမယ့် G-DRAGON’s Nike Air Force 1 “ Para-noise” ကတော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ သူကတော့ အထက်ကပြောပြခဲ့တဲ့ Family tag မဟုတ်ဘဲ တစ်ကမာ္ဘလုံးကို ဖြန်ချီမှာဖြစ်ပြီး သူ့ရဲ့ Swoosh ကတော့ အဖြူရောင်ဖြစ်ပါတယ်။

ကိုရီးယားတစ်နိုင်ငံထဲမှာပဲရောင်းချတဲ့ Paranoise ကတော့ Swoosh အနီရောင်နဲ့ဖြစ်ပြီး အခုတော့ Sold Out သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒေါ်လာ ၂၀၀တန်ဖိုးရှိတဲ့ ဒီ Paranoise ဖိနပ်ကတော့ မြန်မာနိုင်ငံက လူငယ်တွေကြားမှာလည်း အထူးပဲ ရေပန်းစားနေတဲ့ ဖိနပ်တစ်ရံပဲဖြစ်ပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img