bnr_tob_1

2019.08.01TECH

Weather : Widget Forecast Radar

1Weather ဟာ မိုးလေဝသခန့်မှန်းချက်တွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက် ဖုန်းထဲမှာရှိထားသင့်တဲ့ app တစ်ခု ဖြစ်ပါတယ်။ ဘယ်ကိုပဲသွားသွား ရောက်တဲ့နေရာအတွက် လက်ရှိမိုးလေဝသအခြေအနေနဲ့ ကြိုတင်ခန့်မှန်းချက်တို့ကို update သိရှိရမှာဖြစ်လို့ ခရီးသွားမယ့်သူတွေအတွက်တော့ လုံးဝအဆင်ပြေမှာပါ။ အပူချိန်၊ လေတိုက်နှုန်း၊ မြင်နိုင်စွမ်းအား၊ လေထုစိုထိုင်းမှု၊ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း၊ လေထုဖိအား၊ ဆီးနှင်းကျဆင်းမှု၊ မိုးရေချိန်ခန့်မှန်းချက် စတာတို့ကို ကြိုတင်သိရှိနိုင်မှာဖြစ်ကာ တည်နေရာ 12 ခုအထိကို ထည့်သွင်းပြီး ရာသီဥတုခန့်မှန်းချက်တွေကို ရယူနိုင်ပါတယ်။ ရာသီဥတုအခြေအနေ ခန့်မှန်းချက်တွေနဲ့ပတ်သက်လို့ အီးမေးလ်နဲ့ လူမှုမီဒီယာတို့ကတစ်ဆင့် သူငယ်ချင်းတွေကို share လုပ်နိုင်ပါတယ်။ နေ့စဉ် တစ်နာရီခြားတစ်ခါ မိုးလေဝသခန့်မှန်းချက်တွေကြည့်နိုင်သလို သီတင်း 12 ပတ်အထိ ကြိုတင်ခန့်မှန်းနိုင်တာဖြစ်လို့ မင်္ဂလာပွဲကျင်းပမယ့်သူတွေ၊ အားလပ်ရက်ခရီးထွက်မယ့်သူတွေနဲ့ အခြား outdoor event တွေလုပ်မယ့်သူတွေအတွက် အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Android 2.2 နဲ့အထက် လိုအပ်ပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img