fb_icon

bnr_tob_1

2019.10.16FOOD

အရသာအပြည့် စေတနာအပြည့်နဲ့ Foo-D

စမ်းချောင်းမှာ စားသောက်ဆိုင်တွေပေါ များပါတယ်၊ သို့ပေသော်ငြားလည်း တကယ်တမ်းစားမယ်လို ကြံရွယ်လိုက်ပြန်တော့..…စားသောက်ဆိုင် ကောင်းကောင်း က ရှားပါးသွားပြန်ပါရော…။ နာမည်ကြီးစားသောက်ဆိုင်တွေတော့ရှိပါရဲ့…MENU က နည်းတော့…နာမည်ကြီး အစားအစာတွေကိုလည်း အမြဲတမ်းမစားနိုင်….။ ဒီလို ဒုက္ခတွေကနေ ကျွန်တော်တို့ကို Foo-D က ကယ်တင်နိုင်ခဲ့ပါတယ်။
Foo-D ဆိုတာ ဘယ်လိုစားသောက်ဆိုင်လဲ ??
Foo-D ဆိုတာ မိသားစုစတိုင် စားသောက်ဆိုင်ပါ၊ ဖွင့်ထားတာ ၁နှစ်ကျော်ကျော်သာရှိနေသေးပေမယ့် စားသုံးသူအခိုင်အမာရထားတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။ ထိုင်းစာ၊ တရုတ်စာ၊ ကြေးအိုး နဲ့ ခေါက်ဆွဲတွေကို အဓိကထားပြီး ရောင်းချပေးနေတဲ့ ဆိုင်လို့ပြောရရင်လည်း မမှားပါဘူး၊
အပေါ်က ပြောခဲ့တာကို ပြန်သွားရအောင်..။ Foo-D ဟာ ကျွန်တော်တို့ကို ဘယ်လို ဒုက္ခတွေကနေ ကယ်တင်နိုင်ခဲ့သလဲ??
Foo-D ဟာ သပ်သပ်ရပ်ရပ် ဆိုင်ခန်းအတည်တကျနဲ့ Aircon တွေနဲ့ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်တယ်။ ဆိုင်ခန်းနဲ့ အတည်တကျဖွင့်ထားတဲ့ စားသောက်ဆိုင်ဖြစ်လို့ဈေးကြီးမယ်လို့မထင်လိုက်နဲ့…။ ဟင်းပွဲတွေက တစ်ထောင်ဝန်းကျင်ကနေ စပြီး ရှိပါတယ်။
နောက်ထပ် အရေးအကြီးဆုံးအချက်ကတော့ Foo-D မှာ Menu ကောင်းကောင်းတွေအများကြီးရှိပါတယ်၊ ဒီတစ်မျိုးစားရတာ အီလာရင် နောက်ထပ် အရသာရှိတဲ့ Menu တစ်ခုပြောင်းဖို့အတွက် အားလုံးအဆင်သင့်ရှိနေပါတယ်။ ဘယ်လောက်တောင် အဆင်သင့်လိုက်ပါသလိမ့်…။ ကဲ ကျွန်တော် ဟင်းပွဲတွေကနေ စပြီး ပြောပြပါတော့မယ်။

အသားစုံပေါက်စီ (၅၀ဝ၀ကျပ်)


FooD ဟာ အသားစုံပေါက်စီ ကနေ စပြီး နာမည်ကြီးလာခဲ့တယ်လို့ပြောလို့ရပါတယ်။ ကြက်ဥတွေအများကြီးကို ပေါက်စီပုံစံလုပ်ထားတာဖြစ်ပြီး အထဲမှာ အသား၊ ပင်လယ်စာ အစုံထည့်ထားပါတယ်။ ၂ယောက်စာတော့ ဝ၀လင်လင်စားလို့ရတယ်။ ပြီးတော့ အချဉ်ရည်ကလည်း ချိုချဉ်ကြော်ပုံစံက အချဉ်ရည်ပုံစံလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လုံးဝကို အရသာအပြည့်ပါပဲ..။

နာမည်ကြီး ကြေးအိုးဆီချက်

FooD ရဲ့ ကြေးအိုးဆီချက်က တကယ့်ကို နာမည်ကြီး ကြေးအိုးဆီချက်ဆိုင်တွေရဲ့အရသာရပါတယ်။ ရိုးရိုးကြေးအိုး စားရလို့အီစိမ့်တယ်ဆိုရင် ချဉ်စပ်ကြေးအိုး ရှိတယ်။ ခြေလေးချောင်းသား ရှောင်တယ်ဆိုရင် ငါးဖယ်အစစ်တွေနဲ့လုပ်ထားတဲ့ ငါးဖယ်လုံးဆီချက်ရှိတယ်။ တစ်ပွဲမှ ၄၀ဝ၀ပဲရှိတယ်။ စားရတာလည်း အများကြီးဖြစ်တာကြောင့် တန်တယ်လို့ပြောလို့ရတယ်။

မြေအိုးထမင်းပေါင်း

မြေအိုးထမင်းပေါင်းဆိုတော့ မြေအိုးထဲမှာ ပူပူနွေးနွေးထည့်ပေါင်းထားတယ်။ ကော်ရည် အရသာအပြည့်ရတယ်လို့ပြောလို့ရတယ်။ အသားတွေကလည်း ဟိုတစ ဒီတစ မဟုတ်ဘဲ အသားပြားကြီးတွေနဲ့ဖြစ်တာကြောင့် စားရတာ တော်တော်မြိန်တယ်။
မြေအိုးထမင်းပေါင်းမှာမှ ဝက်သားလွှာထမင်း ကြက်ကချင်မြေအိုးထမင်းပေါင်း ဆိုပြီး အမျိုးအစားတွေရှိသေးတယ်..။

နောက်ထပ် ဟင်းပွဲမဟုတ်တဲ့ ကြက်ဥအသားလိပ်ကိုလည်း စားကြည့်ဖို့ အကြံပေးချင်တယ်။
အထဲမှာ အသားလိပ်ထည့်ထားတဲ့ပုံစံ ချိစ်တွေထည့်ထားတဲ့စတိုင်က တစ်လိပ်ဆို ဆိုသလောက် အရသာအပြည့်ရတယ်။
နောက်ထပ် နောက်ထပ် ကြက်ချဉ်စပ်ထမင်း၊ ချိုချဉ်ထမင်း၊ ငပိထမင်းကြော် အစရှိတာတွေကိုလည်း စားကြည့်ဖို့ Recommendation ပေးချင်တယ်။
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြောရရင်တော့ စမ်းချောင်းမှာ စိတ်ကျေနပ်မှုအပြည့်အဝ အပေးနိုင်ဆုံး ဆိုင်တစ်ဆိုင်လို့ပဲပြောချင်ပါတယ်။
ဆိုင်ခန်းရဲ့တည်နေရာကတော့ စမ်းချောင်း အရှေ့ကုန်းလမ်း အမှတ် ၁၈ ဖြစ်တယ်။ မနက် ဆယ်နာရီကနေ ညဆယ်နာရီအထိ တောက်လျှောက်ဖွင့်တယ်။ စမ်းချောင်းမြို့နယ်ဆိုရင်တော့ Delivery free ပါတဲ့… စမ်းချောင်းရောက်ရင်တော့ မမေ့မလျော့ သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ https://www.facebook.com/FooDSanchaung/ မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။…

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img