2020.11.03LIFE&TREND
သူမတူအောင် ပြီးပြည့်စုံသော Coverage ကို ပေးစွမ်းတဲ့ THEFACESHOP ရဲ့ နာမည်ကျော် FMGT Ink Lasting Series

Coverage ကောင်းပြီး မိတ်ကပ်သားမထူတာကို ကြိုက်ကြတဲ့ ပျိုမေတို့အတွက် THEFACESHOP ရဲ့ Ink Lasting Foundation လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်။လုပ်ငန်းခွင်ပြန်ဝင်ရတော့မှာဖြစ်ဖြစ်၊ Zoom နဲ့ Meeting ဝင်တာဖြစ်ဖြစ် အချိန်အများကြီးပေးစရာမလိုပဲ လွယ်လွယ်ကူကူနဲ့ လိမ်းလို့ရပြီး မျက်နှာပေါ်မှာ ထူထဲမနေပဲ ပေါ့ပါးခြင်းကို ပေးစွမ်းမယ့် Perfect ဖြစ်တဲ့ Foundation ကို ရှာနေတဲ့သူတွေအတွက် ကွက်တိပါပဲ။
Ink Lasting Foundation Series ထဲမှာ Glow, Slim Fit နဲ့ Powder ဆိုပြီး (၃) မျိုးလာပါတယ်။
ပုံမှန်အသားအရေ၊ အသားအရေခြောက်သွေ့တတ်သူဆိုရင် Glow လေးကို အသုံးပြုပေးပြီး အဆီပြန်သမားများကတော့ Slim Fit ကို အသုံးပြုပေးသင့်ပါတယ်နော်.. Liquid သုံးရတာ မကြိုက်တဲ့သူတွေအတွက် Powder လေးက အဆင်ပြေစေမှာ အမှန်ပါပဲ။

တစ်ပုံချင်းစီတိုင်းမှာ Product တိုင်းရဲ့ အကြောင်းအရာအသေးစိတ်လေးတွေကို အခုပဲရှင်းပြပေးသွားမှာဖြစ်လို့ ကြည့်လိုက်ရအောင်လား။
အသားအရေကို နူးညံ့ချောမွေ့ပြီး တောက်ပစေမယ့် Ink Lasting Glow Foundation(GLOW) ကိုရီးယားဇာတ်လမ်းတွဲတွေက မင်းသမီးလေးတွေလို ကြည်လင်တောက်ပတဲ့ Glow ကို ပေးစွမ်းမယ့် Luminous Oil ပါဝင်ပြီး မျက်နှာပေါ်တင်လိုက်တာနဲ့ အသားအရေကို နူးညံ့မှုနဲ့ တောက်ပမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။
အထိရောက်ဆုံးဖုံးအုပ်ပေးပြီး သဘာဝဆန်တဲ့ ပြီးမြောက်မှု – Primer Polymer ပါဝင်ခြင်းကြောင့် မညီမညာတဲ့ မျက်နှာအသားအရေကို ပါးပါးလေးနဲ့ အပြစ်အနာအဆာအားလုံး ဖုံးအုပ်ပေးမယ့် Foundation ဖြစ်တာကြောင့် အရမ်းသေးငယ်တဲ့ အပေါက်လေးတွေ၊ အရေးအကြောင်းတွေကို အရေပြားပေါ်မှာ ထင်းမနေစေပဲ Layer တစ်ခုထဲမှာ သိပ်သိပ်သည်သည်းလေး ပေါင်းစပ်သွားစေပါတယ်။
ကြာရှည်ခံသော ကြည်လင်တဲ့အသားအရေ – ပါးလွှာပေမယ့် အရေပြားရဲ့အတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေပေါ်မှာ သက်တောင့်သက်သာနဲ့ အချိန်အတော်ကြာအထိ ပျက်သွားမယ့် Foundation မျိုးမဟုတ်ပါဘူး။
အိမ်ပြင်မထွက်လည်း UV Effect က နေ့စဉ်အသုံးပြုရတဲ့ ဖုန်းနဲ့ ကွန်ပျူတာမျက်နှာပြင်များကနေလည်း သက်ရောက်နိုင်တယ်ဆိုတာ သင်သိပါသလား။ မပူပါနဲ့ Ink Lasting Glow Foundation မှာ SPF30++ ပါဝင်တာကြောင့် နေရောင်ဒဏ်မှဖြစ်စေတဲ့ နေပူလောင်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ အရေပြားယားယံခြင်း၊ အမဲစက်ထွက်ခြင်းများကိုလည်း သိသိသာသာ ကာကွယ်ပေးသွားဦးမှာဖြစ်ပါတယ်။
ဒါဆိုရင် Ink Lasting Glow Foundation နဲ့ ပတ်သက်လို့ တိတိကျကျသိသွားကြပြီထင်ပါတယ်။ Ink Lasting Foundation ကတော့ အဆီပြန်တဲ့သူတွေအတွက် သင့်တော်ပေမယ့် အခု မိတ်ဆက်ပေးလိုက်တဲ့ Ink Lasting Glow Foundation ကတော့ Luminous Glow နဲ့ Moisturizing Effect တို့ ပါဝင်တာကြောင့် Oily Skin တွေ သုံးဖို့တော့ အဆင်မပြေနိုင်ပါဘူးနော်။
ပျိုမေလေးက အဆီမပြန်တတ်ဘူးဆို ဒီ Ink Lasting Glow Foundation ကို အသုံးပြုပြီး အဆီပြန်တတ်တဲ့ လေပြည်လေးကတော့ Ink Lasting Foundation လေးကို သုံးပေးနော်။
THEFACESHOP ရဲ့ နာမည်ကျော် Foundation ကို ဈေးနှုန်း 28,800 Ks နဲ့ရရှိနိုင်ပြီဖြစ်ပြီး အွန်လိုင်းကနေ မှာယူချင်တယ်ဆိုရင်တော့ https://khitzay.com/pages/the-face-shop-official-store ကနေ မှာယူလို့ရပါပြီ။

HEFACESHOP ရဲ့ Ink Lasting Foundation(SLIM)
သူက
မျက်နှာပေါ်က အပြစ်အနာအဆာတွေ အားလုံးကို ဖုံးအုပ်ပေးပြီး ကိုရီးယားမလေးတွေရဲ့
မျက်နှာလေးလို သဘာဝအတိုင်း ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေမယ့် Foundation
လေးဖြစ်ပါတယ်။
Moisturizing Effect ပါဝင်တာမို့
မျက်နှာရဲ့ အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး ကြည်လင်ဖြူစေတာ သူ့ရဲ့ အားသာချက်ပဲပေါ့။
နောက်ထပ် အားသာချက်တစ်ခုက သဘာဝမကျတဲ့ မိတ်ကပ်ထူထူကြီးတွေကို
မကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
THEFACESHOP ရဲ့ Ink Lasting Foundation က Skin-Fitting
Formula ကြောင့် Lightweight ဖြစ်တယ်။
မိတ်ကပ်သားပါးပေမယ့် မျက်နှာပေါ်မှာ ရှိတတ်တဲ့ Pores လေးတွေနဲ့
အပြစ်အနာတွေကို ဖုံးအုပ်ပေးနိုင်တယ်.. ပြီးတော့ Airbrushed Effect ပေးနိုင်တဲ့ Foundation ဖြစ်တာကြောင့်
အရမ်းသေးငယ်တဲ့ အပေါက်လေးတွေ၊ အရေးအကြောင်းတွေကို အရေပြားပေါ်မှာ ထင်းမနေစေပဲ Layer
တစ်ခုထဲမှာ သိပ်သိပ်သည်သည်းလေး ပေါင်းစပ်သွားစေပါတယ်..။
Airbrushed Makeup ဆိုတာ အခုခေတ်မှာ အမြဲတမ်းမြင်တွေ့နေရတဲ့ High-Definition
Video တွေ၊ Television (HD) တွေ ရိုက်ကူးရာမှာ
အသုံးပြုတဲ့ Makeup ဖြစ်တာကြောင့် မင်းသမီးလေးလို လှနေမယ်ဆိုတာ
အသေချာပဲနော်။
ကဲ… K-pop star တွေလို ကြွေရုပ်လေးအတိုင်း လှနေတဲ့ မျက်နှလေးဖြစ်နေဖို့အတွက် https://cutt.ly/FgcrhAM အခုပဲ
မှာယူနိုင်ပါပြီ။
Work From Home နဲ့ Meeting တွေကြားမှာ ပျာယာခတ်နေတဲ့ ပျိုမေလေးရေ.. ကယ်တင်ရှင် Ink Lasting Powder Foundation လေးကိုသာ သတိရလိုက်ပါ။ Foundation ကိုမှ Powder Type နဲ့လာတာမို့ ပေါ့ပါးတာမပေါ့။ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူနဲ့ ပြီးပြည့်စုံတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ Ink Lasting က Powder Foundation ရှိတယ်နော်။
သူ့ရဲ့အစွမ်းသတ္တိတွေက ဘာတွေလဲဆိုတော့..
ပေါင်ဒါဖြစ်တဲ့အတွက် မျက်နှာပေါ်မှာ ပါးလွှာစွာ သက်တောင့်သက်သာဖြစ်တယ်
ပါးပါးလွှာလွှာဆိုပေမယ့် Glow Effect ကလည်း အပြည့်အဝပါဝင်တယ်
SPF 30 PA++ နဲ့ဆိုတော့ နေရောင်ဒဏ်ကို ကာကွယ်ပေးတယ်
အပါးလွှာဆုံးကိုမှ High Definition နဲ့ ဖုံးအုပ်ပေးပြီး နူးညံ့လှပတဲ့အသွင်ပေးတယ်
ကဲ ပြစ်မျိုးမှဲ့မထင်တဲ့ နူးညံ့တောက်ပတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ ရယ်ဒီပဲဆို Khit Zay မှာ Ink Lasting Powder Foundation ကို 35,800 ကျပ်နဲ့ ရယူလိုက်ပါ။
အွန်လိုင်းကနေ အခုပဲ မှာယူချင်တယ်ဆိုရင်တော့ https://bit.ly/2MJk20A မှာ မှာယူနိုင်ပါပြီ။
By : Theingi Kyaw
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
မြန်မာငွေ ၆သောင်းကျော်ပေးရတဲ့ Kiehl’s Calendula Herbal Extract Alcohol Free Toner
-
SOCIAL
မျက်ရည်ယိုဗုံးနှင့် အခြား chemical များ ထိတွေ့တဲ့အခါ ဘာတွေ လုပ်သင့်လဲ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.