bnr_tob_1

2020.09.08TECH

Father of G-Shock

“ Father of G-Shock” လို့ တင်စားခေါ်ဆိုရတဲ့သူကတော့ မစ္စတာ ကီကူအိုအီဘေး ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်တွင် စတင်တီထွင်ပြီး ယခုအချိန်အထိ G-Shock သည် လူငယ်များကြားတွင် ဖက်ရှင်ပြယုဂ်အဖြစ် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ G-Shock သည် အကြမ်းခံခြင်း၊ ဒီဇိုင်းလှပမှုကြောင့် ဖက်ရှင်ကျခြင်း တို့ဖြင့် ယခုအချိန်အထိ နေရာတစ်နေရာရရှိနေခြင်း ဖြစ်ပါတယ်။ အမြင့်ပေ ၁၀ မီတာကနေ ပြုတ်ကျသည့် ဒဏ်ကိုခံနိုင်ရည် ရှိပြီး ဘက်ထရီသက်တမ်းမှာလည်း ကြာရှည်ခံအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ G-Shock ကို Model အမျိုးအစား DW- 5000 ဖြင့် နာရီဈေးကွက်ကို ထိုးဖောက်ခဲ့ခြင်း ဖြစ်ပါတယ်။ DW – 5000 ကို စတင်ရောင်းချခဲ့စဉ်က နာရီဈေးကွက်တွင် ပါးလွှာသောနာရီများ နေရာယူထားသည့် အချိန်မှာ ထုထည်ကြီးကြီးမားမား ဖြင့် ဈေးကွက်ကို ထိုးဖောက်ခဲ့ခြင်းဖြစ်ပါတယ်။

Research and Development Chief Engineer အဖြစ် မစ္စတာ ကီကူအိုအီဘေး သည် Casio ကုမ္မဏီမှာ အလုပ်ဝင်ပြီး ၅ နှစ်အကြာမှာ G-Shock ကို တီထွင်ဖို့ အကြောင်းအရင်း ဖြစ်လာခဲ့ပါတယ်။ ထို အကြောင်းအရင်းမှာ မစ္စတာ အီဘေး၏ ဖခင်ဖြစ်သူမှ လက်ဆောင်ပေးထားသော လက်ပတ်နာရီလေး ပြုတ်ကျပြီး တစ်စစီပျက်စီး သွားခြင်းကြောင့် အလွန်မြင့်မားသော နေရာမှပြုတ်ကျခဲ့လျှင်တောင် မကွဲ၊ မပျက်စီးသည့် နာရီကို ပြုလုပ်မည် ဟူသော စိတ်ကူးစိတ်သန်းမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

မစ္စတာ အီဘေး ၏ အဓိက ရည်ရွယ်ချက်မှာ အကြမ်းခံခြင်းကို အဓိကထားခြင်းကြောင့် ထိုအချိန်က ခေတ်စားနေသော နာရီသေးသေးပါးပါး ဒီဇိုင်းများနှင့် ကွဲထွက်ခါ ဈေးကွက်ထိုးဖောက်ရခြင်းအပေါ်မှာ ယုံကြည်မှုရှိခဲ့ပါတယ် ဟု ပြောကြားဖူးပါတယ်။ နာရီကို အကြမ်းခံအောင် Urethane ပလတ်စတစ်ကော်စေးများကို အသုံးပြုထားပါတယ်။ နာရီ၏ကိုယ်ထည်မှာ ထုထည်ကြီးပြီး ဖောင်းကြွထားသော အထစ်များကြောင့် နာရီဒိုင်ခွက် မျက်နှာပြင် နှင့် နာရီခလုတ်များကို တိုက်ရိုက်ထိခိုက်မှုများ မရှိနိုင်ပါဘူး။ နာရီအိုး နှင့် လက်ပတ်ကြိုးဆက်ထားသည့် နေရာမှာလည်းတောင့်တောင့်လေး ကွေးပေးထားသောကြောင့် နာရီအနောက်ဖုံးကို တိုက်ရိုက်ထိခိုက်မှုများ မရှိအောင်ကာကွယ်ထားနိုင်ပါတယ်။

G-Shock သည် အမြင့်မှပြုတ်ကျခဲ့လျှင်တောင် မကွဲ၊ မပျက်နိုင်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော အလုပ်ကြမ်းလုပ်သော အလုပ်သမားများကို အဓိကထားခဲ့ခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်မှာ အကြမ်းခံအောင် ပြုလုပ်ထားသော်လည်း အရောင် နှင့် ဒီဇိုင်း ပေါင်းစပ်လိုက်တဲ့အခါမှာ လူငယ်များအကြားတွင်သာမက အနုပညာရှင်များအတွက်ပါ ဖက်ရှင်တစ်ခုဖြစ်သွားသည့်အတွက် သုံးစွဲသူပမာဏမှာ မှန်းထားတာထက် ပိုများလာခြင်းအပေါ်မှာ ကျေနပ်မိပါတယ်လို့ မစ္စတာ အီဘေး က ဖြေကြားခဲ့ဖူးပါတယ်။

G-Shock သည် Urethane ပလတ်စတစ်ကော်စေး အပြင် ပိုမိုပြီးကြံ့ခိုင်မှုအားကောင်းသည့် ပစ္စည်းများကိုလည်း ထုတ်လုပ်လာခဲ့ပါတယ်။ G-Shock သည် အရောင်အသွေး စမ်းသစ်မှုများ၊ ကြံ့ခိုင်မှုစွမ်းအားများ၊ ဒီဇိုင်းစမ်းသစ်မှုများ နှင့် ခေတ်အလိုက် နည်းပညာပိုင်းများအထိ ဘယ်ရှုထောင့်ကမဆို နောက်ကျကျန်ရစ်မှုမရှိဘဲ အမြဲခေတ်ရှေ့ပြေးမှုတို့ကြောင့် ၁၉၈၃ ခုနှစ်ကတည်းက ယခု ၂၀၂၀ ခုနှစ်အထိ ရပ်တည်အောင်မြင်နေရခြင်းပင် ဖြစ်ပါတော့သည်။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img