bnr_tob_1

2020.05.26TRAVEL

ကာလာစုံအိမ်များနဲ့ ခြယ်မှုန်းထားတဲ့ ဖလမ်း ••••••••••••••••••••••••••••••••••••••••••

ဖလမ်းလို့ပြောလိုက်တာနဲ့ တောင်ပေါ်မှာတန်းစီပီးဆောက်ထားတဲ့ အိမ်ရောင်စုံလေးတွေရယ် ချယ်ရီပင်တွေရယ်ကို ပြေးမြင်မိကြမှာပါ။ သဒ္ဓါတို့အဖွဲ့လဲ ၁ လပိုင်းတုန်းက ဖလမ်းမြို့လေးကိုရောက်ဖြစ်ခဲ့ပါတယ်။ ဖလမ်းမြို့ဆိုတာ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးနဲ့ မိုင် (၄၀)ကျော်မှာရှိတဲ့မြို့လေးပေါ့။ ဟားခါး – ဖလမ်းဆိုပြီးတော့လဲ လူတွေ တွဲမြင်မိကြမှာပါ။ ဖလမ်းမြို့လေးဟာ ချင်းတောင်တန်းတွေရဲဲ့အလယ် ပေ ၅၀၀၀အထက်မှာရှိတဲ့ အေးချမ်းတဲ့ မြိုလေးတစ်မြို့ပေါ့။ ဖလမ်းမြို့လေးက လည်စရာသိပ်ပြီး များများစားစားမရှိပါဘူး။ ဒါပေမယ့် မြို့လေးကိုက ခန့်ညားလှပတဲ့ ဘုရားကျောင်းကြီးတွေ အိမ်ရောင်စုံတွေနဲ့ ဆွဲဆောင်ထားတော့ ဟားခါးရောက်ရင် ဖလမ်းကလဲ မသွားမဖြစ်နေရာထဲမှာ ပါလာတာပေါ့။

အိမ်ရောင်စုံလေးတွေတန်းစီ
☘️

အိမ်လေးတွေကအစချစ်ဖို့ကောင်းတဲ့မြို့

တနင်္ဂနွေနေ့မို့ အိမ်တွေအကုန်ပိတ်ထား
အိမ်လေးတွေကအစ ချစ်စရာကောင်းပီးလှနေတာ
ဒီအိမ်လေးသဘောတွေကျ
☘️

မှင်သက်ရှုမောဖွယ် View နဲ့ကော်ဖီဆိုင်လေးရှိတဲ့မြို့

အမှန်တော့အဲ့အောက်ထိဆင်းကြည့်ချင်တာ
☘️

ဆေးရုံဝန်းတောင်မှ လှတဲ့မြို့

☘️

ချယ်ရီပွင့်ချိန်ဆို တစ်မြို့လုံးချယ်ရီလွှမ်းနေတဲ့ မြို့

☘️

ပေးထားတဲ့လမ်းနာမည်လေးတွေတောင်မှ ချစ်ဖို့ ကောင်းတဲ့ မြို့

☘️

မြို့ခံတွေကအစအရမ်းချစ်ဖို့ကောင်းတဲ့မြို့

☘️

နောက်ဆုံး သုဿန်ကအစလှတဲ့မြို့လေးပေါ့ဖလမ်းရောက်ရင် ဘယ်တွေလည်မလဲ?••••••••••••••••••••••••••••••••••••

🌸

ဖလမ်းကနာမည်ကြီးတဲ့ Falam Baptist Church

ဖလမ်းမြို့ကြီးရယ် Church ကျောင်းကြီးရယ်
ဘုရားကျောင်းကအကြီးကြီးပဲ ခန့်ထည်နေရော
Postမပေးတတ်တော့ဘူးလေ
Photo spot တွေမှအများကြီး
Falam Baptist Church
ဖလမ်း Church
Church ကျောင်းနားမှာပဲ
🌸

အလှဆုံးဆိုတဲ့ တောင်ပေါ်ရှူခင်းကိုကြည့်ရင်း ကော်ဖီသောက်လို့ရတဲ့ Beauty Land ကော်ဖီဆိုင်

🌸

တောင်ပေါ်ဘုရား

🌸

ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဖလမ်းမြို့လည်ခေါင်က အိမ်ရောင်စုံလေးတွေရယ်

🌸

အေးဆေးလည်မယ့်လူတွေကတော့ ဖလမ်းမြို့အနီးမှာရှိတဲ့ တာရွှန်းရွာလေးကိုလဲ သွားလည်လို့ရတယ်နော်။ တာရွှန်းရွာဆိုတာ သမိုင်းဝင် ချင်းသူရဲကောင်း ဗိုလ်ကြွန်ဘိခ် နေခဲ့တဲ့ရွာလေးပေါ့။ အဲ့ရွာမှာ ချင်းလူမျိုးတွေရဲ့ရိုးရာအိမ်၊ ဗိုလ်ကြွန်ဘိခ်ရဲ့ အူတ်ဂူ၊ ပြတိုက်စတဲ့နေရာတွေကို လည်ပတ်လို့ရပါတယ်။

တောင်ဇလပ်လမ်းတဲ့
အိမ်ရှေ့က စာထည့်တဲ့နေရာလေးလှလို့
ရပ် ကြည့် သွား
🌸

တောင်တက်ရတာကြိုက်သူအဖို့ ချင်းပြည်နယ်ရဲ့ တတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ Mt. Zinhhmuh (ဇိန်မှု)တောင်ကိုလဲတက်လို့ရပါတယ်။ သဒ္ဓါတို့တော့မရောက်ခဲ့ပါဘူး

ချင်းပြည်နယ်ရဲ့ ပထမဆုံးလေဆိပ် ဆူရ်ဘုန်
photo crd
ဆူရ်ဘုန်လေဆိပ်တစ်နေရာ
🌸

လိုင်ဘားဆည်ဆိုတာလဲရှိသေးတယ်နော်။ သဒ္ဓါတို့က ညမအိပ်လို့ သွားမလည်ခဲ့ရဘူး။ဖလမ်းကိုသွားမယ်ဆိုရင် ဘယ်လိုသွားလို့ရမလဲ?••••••••••••••••••••••••••••••••••••••••••••••• ဖလမ်းကိုသွားဖို့ လမ်းကြောင်း ၂ ခုရှိပါတယ်။ရန်ကုန် – ကလေး ကား (သို့) လေယာဉ်စီးပြီး ကားငှားပြီး သိုင်းငင်းလမ်းခွဲကနေသွားလို့ရပါတယ်။ အချိန်အားဖြင့် ကလေး – သိုင်းငင်း ၁ နာရီခွဲနီးပါး၊သိုင်းငင်း- ဖလမ်း လေးနာရီခွဲ၊ ငါးနာရီနီးပါးစီးရပါတယ်။ နောက်လမ်းကြောင်းတစ်ခုကတော့ ရန်ကုန် – ဟားခါး ကားစီးပြီး ဟားခါးကတစ်ဆင့်သွားလို့ရပါတယ်။ ဟားခါး – ဖလမ်း ကားစီးချိန်ကတော့ ၄ နာရီခွဲနီးပါးလောက်ကြာပါတယ်။ ၂၀၂၀ နှစ်ကုန်ပ်ိုင်းလောက်မှာတော့ ချင်းပြည်နယ်ရဲ့ ပထမဆုံးတောင်ပေါ်လေဆိပ်ဖြစ်တဲ့ ဆူရ်ဘုန် လေဆိပ်ကြီးကိုဖွင့်လှစ်တော့မှာတဲ့။ အဲ့လိုဆိုရင်တော့ ချင်းပြည်နယ်ကြီးဟာ Tourism ဖွံ့ဖြိုးပီး ဒီထက်ပိုပြီး လွယ်လွယ်ကူကူနဲ့ ခရီးသွားလာနိုင်တော့မှာပေါ့

အဆုံးထိဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
🤗

နေစရာကတော့ မြို့လည်မှာ Family Guest House ရှိပါတယ်။ ဖုန်း – 09400335729, 07040468 ကိုဆက်ပြီး Booking လုပ်လို့ရပါတယ်ကပ်ကြီးပြီးရင်ချင်းပြည်နယ်က ဝေးလံခေါင်ပါးတဲ့နေရာတွေရယ် ဖလမ်းမြို့လေးရယ်ကိုထပ်ပြီးသွားဦးမှာမို့ Blog လေးတွေလဲထပ်ရေးပေးမယ်နော်။တစ်ရက်တာပဲသွားလည်ခဲ့တာမို့ နောက်တစ်ခေါက် ပိုပြီး စုံလင်တဲ့ Blog လေးနဲ့ပြန်လာခဲ့မယ်နော်.

♥️

#TDsTravelNotes#TDinFalam#FalamBlog

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img