bnr_tob_1

2019.08.09SOCIAL

လက်ရှိ ပညာသင်နှစ်ကစ၍ အထက်တန်းမအောင်မြင်သူများကို ပြီးမြောက်ကြောင်း လက်မှတ်များပေးမည်

By သတင်းအဖွဲ့
အထက်တန်း စာ မေးပွဲမအောင်မြင်သူများကို ယခု ပညာသင်နှစ်ကစတင်၍ အထက် တန်းပြီးမြောက်ကြောင်း လက် မှတ် (High School Certificate) လက်မှတ်ပေးအပ်မည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

ထိုသို့သင်ယူပြီးမြောက်ခြင်း လက်မှတ်ရရှိရန် ကျောင်းခေါ် ကြိမ်ပြည့်မီခြင်း၊ ပညာရည်စစ် ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ် အလိုက် တတ်မြောက်မှုအဆင့် သတ်မှတ်ခြင်း၊ စာပေအနုပညာ လှုပ်ရှားမှုနှင့် စာကြည့်တိုက်ဆိုင် ရာ ကဏ္ဍလှုပ်ရှားမှုတွင် ပါဝင်ရ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ လူမှုရေးပြစ် ချက်ကင်းကာ ကျောင်းစည်းကမ်း လိုက်နာခြင်းနှင့် အားကစားကာ ယလှုပ်ရှားမှုများ ဆောင်ရွက် ခြင်းစသည့်စံသတ်မှတ်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

‘‘အထက်တန်း ပြီးမြောက် ကြောင်းလက်မှတ် (High School Certificate) ရရှိပြီးပါက ၎င်း သည် National Qualification Frameworkရဲ့ Level-3 အဆင့် ပြီးမြောက်မည်ဟု သတ်မှတ်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

Level-3 လက်မှတ်ရရှိပြီးမှ သာ Level-4၊ Level-5 အဆင့် တွင်ရှိသော Certificate (တရား ဝင်အထာက်အထားစာ၊ လက် မှတ်)၊ Diploma(အောင်လက် မှတ်၊ ဒီပလိုမာ)၊ Advanced Diploma (not more than 1year 0r 2years)များသို့တက်ရောက် နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြသည်။

ယမန်နေ့ အမျိုးသားလွှတ် တော် တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ကိုယ်စား လှယ် ဦးကျော်တုတ်က တက္က သိုလ်ဝင်ခွင့်ကို အခြေခံပညာ အ ထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ တက် ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီတက္က သိုလ်ဝင်ခွင့်စနစ် မည်သည့်အချိန် ၌ စတင်နိုင်မည်ကို သိရှိလို၍ မေးခွန်းထုတ်ခဲ့သည်။

၂၀၂၂-၂၃ ပညာသင်နှစ် တွင် စတင်သင်ကြားမည့် ဒွါဒ သမတန်း (Grade 12) ပြီး မြောက်သူများသည် ပုံမှန်တက္က သိုလ်ဝင်စားမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ကြောင်း ဒေါက် တာမျိုးသိမ်းကြီးက ပြောသည်။

ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်း သား၊ ကျောင်းသူများ၏ လှုပ်ရှား မှုများကို ဩဂုတ်ကစကာ သက် ဆိုင်ရာဆရာ၊ ဆရာမများက မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ကျောင်းသားသည် ကျောင်းခေါ် ကြိမ် ၇၅ ရာခိုင်နှုန်း၊ ကျောင်း တွင်းစာမေးပွဲဖြေဆိုမှုလေးကြိမ်၊ ဘာသာရပ်အလိုက် ပျမ်းမျှအ ဆင့်အနည်းဆုံး အဆင့်(C)၊ စာ ပေအနုပညာနှင့် Project Activities များတွင် ပါဝင်မှု၊ အားက စားနှင့် ကာယပညာလှုပ်ရှားမှု များ၌ ပါဝင်မှု၊ ကျောင်းကောင်စီနှင့် လူမှုရေးအသင်းအဖွဲ့များ တွင် ပါဝင်မှု၊ ကျောင်းစည်းကမ်း လိုက်နာမှုစသည့်အချက်ခုနစ် ချက်၌ သတ်မှတ်ချက်ပြည့်ပါက ပညာသင်နှစ် ပြီးဆုံးချိန်တွင် အခြေခံပညာအထက်တန်းအ ဆင့်ပြီးမြောက်ကြောင်း လက် မှတ်ထုတ်ပေးမည်ဖြစ်သည်။

‘‘ဩဂုတ်လကစပြီးတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ လုပ် ဆောင်မှုတွေကို Record လုပ် ထားရမယ်။ နယ်ပယ်ကြီး ခုနစ် ရပ်နဲ့ပေးဖို့လုပ်ထားတယ်။ဆရာ၊ ဆရာမက ဒီဟာကိုကြည့်လိုက် တာနဲ့ ဘယ်ဟာကို ဘယ်လို Assessment (အကဲဖြတ်မှု)လုပ်မ လဲ၊ မှတ်တမ်းထားမယ်ဆိုတာကို လမ်းညွှန်ချက်တွေ သေချာရေး နေတယ်။ ဒီနှစ်တက္ကသိုလ်ဝင် တန်းကို ကျောင်းတွင်းက ဖြေတဲ့ ကျောင်းသားတွေကို ဒီ Completion Certificate ပေးမယ်’’ ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသာ စာမေးပွဲ အောင်လက်မှတ်ရရှိသော်လည်း မအောင်မြင်သည့် ၇၀ ရာခိုင်နှုန်း သောကျောင်းသားအများစုသည် ၁၁ နှစ်တာပညာသင်ယူခဲ့သော် လည်း အသိအမှတ်ပြုလက်မှတ် မရဘဲ ကျောင်းထွက်ရခြင်းကြောင့် နစ်နာသည်ဟုအမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ ၂၀၁၈ ခြောက်လတာလုပ်ငန်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img