2020.09.24LIFE&TREND
Facebook Cele တွေလည်းကြိုက်ကြသလို လူသုံးလည်းအရမ်းများနေတဲ့ Jayjun Mask

လက်ရှိအချိန်မှာ facebook cele တော်တော်များများကလည်း ကြော်ငြာပေးနေသလို အမျိုးသမီးတွေတော်တော်များများကလည်း လမ်းညွှန်နေကြတဲ့ face mask တစ်မျိုးရှိပါတယ်။ သူကတော့ Jayjun Face Masks တွေပဲဖြစ်ပါတယ်။ တော်တော်များမျာ သိကြတာကတော့ Intensive mask နဲ့ Real Shining mask တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ Mask အမျိုးအစား ဆယ်ခုကျော်ရှိပါတယ်။ အားလုံးလည်း ကိုယ်နဲ့သင့်တော်တဲ့ Mask တွေကို သိရအောင်လို့ သူ့တို့ရဲ့အကြောင်းကို အကျဉ်းရုံးပြောပြပေးပါမယ်နော်။

Real Water Brightening Black Mask
သူ့မှာ Moisture , Brighten & Wrinkle effect 3မျိုးပါဝင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့သဘာဝကုန်ကြမ်းတွေ နဲ့ Vitamins တွေက အသားအရည်ကို အားပြည့်စေပြီး သန့်စင် ကြည်လင်တဲ့ အသားအရည် ဖြစ်စေပါတယ်။ Moisturizing အတွက် အဓိကထားတဲ့ Intergradient လေးတွေ ထည့်ထုတ်ထားတဲ့ Emulsion Mask လေးက အသားထဲကို ချောချောမွေ့မွေ့ စိမ့်ဝင်စေပြီး အဆီနဲ့ ရေဓာတ်ကို Balance လုပ်ပေးပြီး skin ကို Shine, Moist and Smooth ဖြစ်စေပါတယ်။

Collagen Skin Fit mask
သူ့မှာတော့ အစိုဓာတ်ကြွယ်ဝတဲ့ Hyaluronic Acid ပါတဲ့ Essence လေးနဲ့အတူ Plant Stem Cell Mask လေးက Whitening နဲ့ Anti-Wrinkle Effect ပါဝင်ပါတယ်။ဒါကြောင့် အသားအရည် ဖြူဝင်းပြီး အရေးကြောင်းဖြစ်ခြင်း အသားတွန့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကြမ်းတမ်း ခြောက်သွေ့တတ်တဲ့ အသားအရည် ပိုင်ရှင်အတွက် အရေပြားကို စိုပြေ ချောမွေ့ နူးညံ့စေမယ့် Mask လေးပါနော်။

Anti – Dust mask (Therapy Mask , Whitening mask)
အပြင်က harmful Environment ကြောင့် အသားအရည် ပျက်စီးဆုံးရှုံးမှုတွေကို သက်သာ လျော့နည်းစေမယ့် Soothing Effect ပါဝင်ပီး Skin barrier ကို ကြံ့ခိုင်အောင် အထောက်အကူပြုပေးပါတယ်။ အစိမ်းက အဖုလေးတေ သက်သာစေကာ တင်းရင်းကြည်လင်တဲ့ အသားအရေကို ပေးစွမ်းမှာပါနော်။ အဖြူက whitening effect ပါ ပါဝင်ပီး အမဲစက် နေလေောင်တာကို သက်သာစေပါတယ်ရှင့်။

Jayjun Rose Bloosm Mask
နှင်းဆီအရည်အစွမ်းသတ္တိနဲ့အတူ Camellia Oil နဲ့ နှင်းဆီပွင့်ဖတ် အနံ့လေးတွေကြောင့် အသားအရည်ကို လန်းဆန်းတောက်ပချောမွေ့ ကာ relax ဖြစ်စေပါတယ်
Betaine နဲ့ Ceramide က အသားအရည် အားအင်ဖြည့်ပေးပြီး All skin types အတွက် အပြင် Sensitive Skin အတွက် အကောင်းဆုံး Mask sheet လေးပါနော်

Dry and Sensitive skin တွက် အထူး mask ၂မျိုး
– Aloe Pink Mask
ရှားစောင်းပါတာကြောင့် အသားရည် နီမြန်းခြင်း ရောင်ရမ်းခြင်း ဓါတ်မတည့်ဖြစ်ခြင်းကို သက်သာစေပါတယ်ရှင့်
– Okra Green Mask
ရုံးပတီသီးပါဝင်တဲ့ ထူးခြား mask လေး… သူက ဝက်ခြံ အဖုလေးတေ သက်သာစေပီး ကြည်လင်လန်းဆန်းစေပါတယ်
Multi – Vita Tone Up Mask
Vitamin C , Vitamin E, B3, B5, B6 စတဲ့ ပါဝင်ပစ္စည်းတွေက မွဲညစ်နေတဲ့ အသားအရည်ကို ကြည်လင် တောက်ပလာအောင် ပြောင်းလဲပေးမှာ နော် Water Type လေးလို အေးအေးလေးနဲ့ ခွာလိုက်တာနဲ့ တစ်ခုဆို တစ်ခု သိသာပြီး Moisture အပြည့်နဲ့ အသားကြည်တက်လာတာ ခံစားရမှာပါ
အသားအရောင် မညီညာတာတွေ ပျောက်ပြီး အမဲကွက်လေးတွေလည်း လျော့နည်း သက်သာလာမှာ အသေအချာပါရှင်
Skin Essential Oil ပါဝင်တဲ့ Essential mask Type 3မျိုး
– Firming Up mask
Lavender oil ပါဝင်တာမို့ အသားရည်ခြောက်သွေ့ကြမ်းတမ်းခြင်းအပါဝင် အရေးကြောင်းလေးနဲ့ အသားရေ လျော့တွဲလာတာကို ပြုပြင်ပေးပါတယ်
– Calming up mask
Grapefruit oil ပါဝင်ပြီး breakout ဖြစ်တာ အဖုထွက်ခြင်း နီရဲယောင်ယမ်းခြင်းတို့ကို ဖြေလျော့သက်သာစေပါတယ်
– Brightening Up mask
Glow တာကြိုက်တဲ့ မမတွေတွက်
အသားရည်ညစ်ခြင်း , နေလောင်ထားခြင်းတို့အတွက် Rosemary Oil ပါဝင်တဲ့ ဒီ mask sheet ကို Try ကြည့်သင့်ပါတယ်ရှင်
Jayjun Mask တစ်ချပ်ကို ၃၀၀၀ မှ ၃၅၀၀ကျပ် ၀န်းကျင်မှာရှိပါတယ်။ Jayjun Mask ကို ဘယ်လိုသုံးရမလဲ ??
မျက်နှာသစ် cleansing လုပ်ပြီးချိန် Mask sheet ကပ်လိုက်ပါ။
10 – 20 mins ကြာတဲ့အခါမှာ ခွာချလိုက်ပြီး မျက်နှာပေါ်တင်ကျန်နေတဲ့ essence တွေကို စိမ့်ဝင်အောင် ညင်သာစွာပုတ်လိမ်းလိုက်ပါ။ လိမ်းပြီးသွားရင် ရေနဲ့ဆေးချစရာမလိုဘူးနော်။
အတုအပကို သတိပြုပါ။ hologram လေးပါမှသာ ပစ္စည်းမှန်ကန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 4U International Co.,Ltd တစ်မျိုးတည်းက သာတင်သွင်းလျက်ရှိပါတယ်။ ၀ယ်ယူဖို့အသေးစိတ်ကိုတော့ Jayjun Myanmar_Official Facebook page (https://www.facebook.com/jayjunmyanmar) မှာသွားရောက်စုံစမ်းနိုင်ပါတယ်။
By : Theingi Kyaw
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ