bnr_tob_1

2019.11.27LIFE&TREND

Everyday Justice အနုပညာပြပွဲ

သင်သာ ဒီရက်ပိုင်းတွေမှာ ဆူးလေဘက်ကို ရောက်ဖြစ်ခဲ့တယ်ဆိုရင် MyJustice မှ ဦးစီးပြီး ကျင်းပပြုလုပ်နေတဲ့ Everyday Justice အနုပညာပြပွဲ ကို မဖြစ်မနေသွားရောက်သင့်ပါတယ်။ နို၀င်ဘာလ ၁၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး နို၀င်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ်မနက် ၁၀နာရီမှ ၇ နာရီအတွင်း အခမဲ့ သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။  အဆိုပါ အနုပညာပြပွဲကို မဟာဗန္နုလပန်းခြံတစ်ဖက်မှာရှိတဲ့ Old Tourist Burma Building မှာ ပြုလုပ်နေပါတယ်။

အဆိုပါ အနုပညာပြပွဲမှာဆိုရင်တော့ တရားမျှတမှုနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသော အကြောင်းအရာများကို အနုပညာရှင်များ၊ နယ်ပယ်မျိုးစုံ အလွှာမျိုးစုံမှ လူအသီးသီးတို့ကနေပြီး ပါ၀င်ဖော်ထုတ်ပြသထားပါတယ်။ အနုပညာရှင် ၅ ဦးမှပါဝင်ပြသထားတာဖြစ်တာကြောင့် ကျွန်မအနေနဲ့ သူတို့ရဲ့ အနုပညာလက်ရာတစ်ချို့ကို Myjustice Facebook Page မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) Ko Z ရဲ့ Two women ပြကွက်

Ko Z သည် တောင်ကြီး ဇာတိ၊ ကချင်လူမျိုးဖြစ်သည်။ ကချင်နှစ်ချင်းခရစ်ယာန်အသင်း၏ လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ပြီး ရန်ကုန်၊ မြစ်ကြီးနားတို့တွင် ကလေးငယ်များအတွက်အနုပညာ ပွဲများ ကျင်းပပြုလုပ်ပေးလေ့ရှိသည်။

Everyday Justice တရားမျှတနေ့စဉ်ဘ၀ ပြပွဲမှာ Ko Z ရဲ့ Two women အနုပညာလက်ရာမှာ အမျိုးသမီး ၂ ဦး ကို ငမ်းငမ်းတက်ဖြစ်နေတဲ့ လိင်စိတ်ကြွနေတဲ့ ခွေးများ ၀◌ိုင်းအုံနေတဲ့ အနုပညာလက်ရာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ အနုပညာကတော့ မတရားမှုကြုံတွေ့သောအမျိုးသမီးများ အပေါ် ကိုယ်ချင်းစာစိတ်များ ရှိလာစေရန် အနုပညာလက်ရာတစ်ခုနှင့်တင်ဆက်ထားသည်။

(၂) Kaung Su’s History/Story (Neon Lights)

Kaung Su သည် စက္ကူ၊ နီယွန်မီး တို့ကို အသုံးပြုပြီး ဖန်တီးသော အင်စတော်လေးရှင်း အနုပညာရှင်တစ်ယောက်ဖြစ်ပါသည်။

Everyday Justice တရားမျှတနေ့စဥ်ဘ၀ ပြပွဲတွင် ပြသထားသော Kaung Su ၏ History/Story (Neon Lights) မှာလည်း အမေရိကန် စာရေးဆရာ၊ သမိုင်းပညာရှင်ကြီး တစ်ဦးဖြစ်သည့် Will Durant ၏အတွေးအခေါ်၊ စကားလုံးများမှ တစ်ဆင့် ပေါက်ဖွားလာခြင်းဖြစ်ပါသည်။

(၃) Brang Li  ရဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတို့၏ကျေးရွာ (IDP village)

Brang Li သည် မြစ်ကြီးနားဇာတိဖြစ်ပြီး ကချင်လူမျိုးများ၏ ကြိုးစားရုန်းကန်ရမှုများ၊ အောင်မြင်မှုများ၊ ယဥ်ကျေးမှုအမွေအနှစ်များကို ဦးတည်တင်ဆက်သော အနုပညာရှင်တစ်ဦးဖြစ်သည်။

Everyday Justice တရားမျှတနေ့စဥ်ဘ၀ ပြပွဲတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသောသူများ၏ ဘ၀ကို Brang Li မှပုံဖော်ပြသသွားမည်ဖြစ်ပါသည်။ ကျောက်စိမ်း၊ ဆား စသည့် သယံဇာတပစ္စည်းတို့ အသုံးပြု၍ ကျေးရွာ ပုံစံငယ်တစ်ခုပြုလုပ်ထားကာ ပျက်စီးခဲ့ရသော နေအိမ်များကို အသွင်ယူပြသထားခြင်းဖြစ်ပါသည်။

(၄) Maung Yu Pie ရဲ့ ချားရဟတ်ကဗျာ

ဥပဒေဘွဲ့ရရှိခဲ့သူ Maung Yu Pie သည် ကဗျာ၊ စာပေများကို ထုတ်‌‌‌ဝေရေးသားလျက်ရှိပါသည်။ ယခုအနုပညာပြခန်းတွင် မြန်မာနိုင်ငံတောင်ဖက်စွန်းမှ သဘာ၀ အလှတရားများနှင့် ဒေသခံတို့ရင်ဆိုင်နေရသော ပြဿနာများကို သူ၏ကဗျာမှတစ်ဆင့် ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပါသည်။

(၅) ထိန်လင်းရဲ့ “ထောင်နှုတ်ခမ်း လမ်းလျှောက်” 

ထိန်လင်းသည် ၁၉၉၈ မှ ၂၀၀၄ ထိ နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်ခဲ့ပြီး အကျဉ်းထောင်ထဲတွင် ရရာပစ္စည်းများနှင့် အနုပညာဖန်တီးမှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။“ထောင်နှုတ်ခမ်း လမ်းလျှောက်” အနုပညာပြကွက်တွင် တရားရုံးတွင်းရှိ ပုံရိပ်ငယ်ကို ဖန်တီးပြုလုပ်ထားသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

(၆)  Emily Phyo ရဲ့ Being Womyn

Emily Phyo သည် နိုင်ငံတကာအနုပညာပြပွဲ အမျိုးမျိုးတွင် တင်ဆက်ခဲ့ပြီး WOMYN NOW လှုပ်ရှားမှုကို ဦးဆောင်ကာ အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများတိုက်ဖျက်ခြင်း ကိုအနုပညာတင်ဆက်မှုများမှတဆင့် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။ ယခုပြပွဲတွင်လည်း မြန်မာနိုင်ငံရှိအမျိုးသမီးများ တွေ့ကြုံနေရတဲ့ တရားမျှတမှုဆိုင်ရာအကြောင်းအရာများကို သုံးမြှောင့် ပုံ မှန်ကိုအသုံးပြု၍ ဖော်ထုတ်ပြသထားခြင်းဖြစ်ပါသည်။

ထူးခြားပြီး သတိပြုသင့်သည့် အကြောင်းအရာများဖြစ်သည့်အတွက် တစ်ခေါက်လောက်တော့ အရောက်သွားကြဖို့တိုက်တွန်းလိုက်ပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img