2019.07.18TRAVEL
•• မိုးမှုန်တွေကြားမှ တောင်ကိုးလုံး ⛰

တောင်ကိုးလုံးလို့ပြောလိုက်တာနဲ့ U U Ye Kalawthar Trekking Service ကိုပြေးမြင်မိကြမှာပါ။ တစ်နှစ်တခါ မိုးတွင်းရောက်ပြီဆို တောင်ကိုးလုံးတက်ဖို့ ခရီးစဉ်လေးတွေ စပြီး booking ထားလို့ရပါတယ်။ ၂ ရက်တည်းဆိုတော့ ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေအတွက်လဲအဆင်ပြေ 😎 တောင်ကိုးလုံးဆိုပြီးလဲ မလန့်သွားနဲ့ဦးနော် 🤫 သူ့ရဲ့ ခရီးစဉ် Package ကိုတော့ အောက်မှာ Details Link ပေးထားပါတယ်နော် 🤗🤗
https://www.facebook.com/243151709372549/posts/910135812674132?s=100005221459205&sfns=xmo
ကလောကို ဘယ်လိုသွားပြီး ဘာတွေပြင်ဆင်ရမလဲ?
•••••••••••••••••••••••••••••••••••••••••••••
ပထမဦးဆုံး ရန်ကုန် – ကလော အသွားအပြန် ကားလက်မှတ်ဝယ်ရပါမယ်။ ဦးရဲရဲ့ ခရီးစဉ်မှာ ကားလက်မှတ်တော့မပါပါဘူး။ ရန်ကုန် – တောင်ကြီး ကားလက်မှတ်တွေကတော့ ဘယ်ကဝယ်ဝယ် ဝယ်လို့လွယ်ပါတယ်။ လက်မှတ် ဖြတ်ရင်တော့ ညနေ ၇နာရီကားကိုဖြတ်ပါ။ အဲ့ဒါမှ ကလောကိုမနက်စောစောရောက်ပြီး နားမယ့်အချိန် ပိုထွက်လာအောင်ပါ။ ကလောရောက်ရင် ကားသမားကို Winner Hotel ရှေ့ဆင်းမယ်လို့ကြိုပြောထားပါနော် 😉 ရောက်တာနဲ့ ဦးရဲကိုဖုန်းဆက်လိုက် သူလာကြိုပြီးသားပဲ။
ဂပီးရင်တော့ ခဏနားမယ့် Inn or Guest House တစ်ခုကိုလိုက်ပို့ပေးပါလိမ့်မယ်။တစ်နာရီအချိန်ပေးတယ် အဲ့မှာပဲ ရေမိုးချိုး အဝတ်အစားလဲပြီး ရွာမှာ ညအိပ်မယ့်ဝတ်စုံတစ်စုံရယ် နောက်နေ့ပြန်ထွက်လာမယ့် ဝတ်စုံတစ်စုံရယ် ထုတ်ထားပါ။ ဦးရဲတို့ ယူသွားပေးပြီး ရွာကိုပို့ပေးထားကြမှာပါ။ ကိုယ်တွေကတော့ Backpack လေးနဲ့ ရေဘူးလေးရယ် လိုတာလေးရယ်ပဲထည့်သယ်သွားတာပေါ့။ ကျန်တာတော့ အထုတ်တွေပိုသေးရင် တည်းတဲ့နေရာမှာပဲထားခဲ့လိုက်တယ်။ စိတ်ချရတယ် သူတို့သိမ်းထားပေးပါတယ်။
တောင်ကိုးလုံးဆီသို့
••••••••••••••••••
မနက် ၈နာရီထိုးတာနဲ့ တည်းတဲ့နေရာကို ကားလာခေါ်တယ်။ ပီးရင်တော့ ပျော်ပျော်ကြီး ကလောဈေးမှာ မနက်စာသွားစားကြတယ် 🤩 တစ်ယောက်တည်းသွားလဲ အေးဆေးပဲ ဟိုရောက်ရင် အပေါင်းအသင်းသစ်တွေရမှရပဲ😎 ကလောဈေးရောက်ရင်တော့ ရှမ်းစာတွေ ရှယ်ဆွဲပေါ့။ ပြီးရင် တောစီးဖိနပ်မပါလာတဲ့သူတွေက စစ်ဖိနပ်တွေလိုက်ဝယ်ကြတာပေါ့။ ၈ခွဲကျော်ကျော်လောက်မှာ ဈေးကပြန်ထွက်ပြီး တောင်စတက်မယ့် နေရာကို ကားနဲ့ ခရီးဆက်လာခဲ့ပါတယ်။ တောင်စတက်မယ့် နေရာရောက်တော့ ဦးရဲက မိုးကာတွေ Walking Stick တွေအကုန်ပေးပါတယ်။ ရေဘူးတွေလဲပေးပါတယ်။ အဲ့ရေဘူးကတော့ နောက်နေ့ ကလောကိုပြန်တဲ့အထိသုံးရမှာပါနော်။ လမ်းမှာ လွှင့်ပစ်လာလို့မရပါဘူး။ ရေထပ်ဖြည့်လို့ရပါတယ်။ 🤓
တောင်တက်ခရီး⛰
••••••••••••••••••••••
တောင်ကိုးလုံးရှိရာတောင်တန်းကြီးကတော့ တစ်ဖက်မှာ မန်းလေးတိုင်းနဲ့ တစ်ဖက်မှာ ရှမ်းပြည်နယ်ရှိတာ Border လိုင်းကြီးပေါ့။ဟိုဘက်ကိုကြည့်ရင်ရှမ်းပြည်၊ ဒီဘက်ကိုကြည့်ရင် မန်းလေး 🤩ဒီတောင်ကို ခဲဖြူတောင်လို့လဲ အရင်ကခေါ်ပါတယ်။ အဲ့တောင်က အရင်က ခဲထွက်တယ်တဲ့ 😱
ပြီးရင်တော့ ဦးရဲပြောတဲ့ စကားလေးတွေ နားထောင်ပြီး အားလုံး walking stick ကိုယ်စီကိုင်ကာ ပျော်ရွှင်စွာ တောင်တက်ကြပါပြီ 😻 ကဲ တောင်စစတက်ခြင်း တောင်ကမတ်ပါတယ်။ အဲ့တော့ နဲနဲပင်ပန်းပြီး မောတာပေါ့။ ဖြည်းဖြည်းပဲတက်ပါ အကုန်စောင့်ပေးကြပါတယ်။ Guide ကလဲ ၄ယောက်လောက်ပါတယ် အေးဆေးပဲ 🤗 အစနဲ့တင် တော်တော်ပင်ပန်းနေလို့ မကြောက်လိုက်ပါနဲ့ 😂 အပေါ်ရောက်သွားရင်လမ်းဖြောင့်လေးတွေ ဓာတ်ပုံရိုက်လိုက် ရှုခင်းကြည့်လိုက်နဲ့ လျှောက်သွားလိုက်တာများ တောင် ဘယ်နှစ်လုံး ရောက်လို့ ရောက်နေမှန်းတောင်မသိဘူးရယ်။
တစ်ယောက်ထဲ လာတာမလို့ ဓာတ်ပုံရိုက်ဖို့လား?? မပူပါနဲ့ ဦးရဲနဲ့ ကိုစည်သူ ဆိုတဲ့ Guide တွေရှိတယ်။ အကိုရေလို့ ခေါ်ပြီး ရီသာပြလိုက် 😝😝😝 post လေးအဆင်သင့်ပေးပြီးစောင့်နေ လာရိုက်ပေးပြီးသားပဲ။ အကုန်လုံးက Family type မလို့ ဘာမှစိတ်ပူစရာမလိုပါဘူး။ ဒီလိုနဲ့ ပေ ၆၀ဝ၀နီးပါး တစ်တောင်တက် တစ်တောင်ဆင်း ပျော်ပျော်ပါးပါးကြီးပါပဲ။ တောင်အောက်က view တွေကလဲ မြူတွေဖုံးသွားလိုက် ပြန်ပေါ်လာလိုက်နဲ့ မိုးမှုန်တွေကြားမှာ အားလုံးက အမှတ်ရစရာကောင်းနေမှာအမှန်ပါ😍 တောင် ၇ လုံးမြောက်လဲကျရော မိုးတွေပိုရွာပါလေရော။ မိုးတွင်း တောင်တက်ရတဲ့ Feeling လေးကတော့ so good ပေါ့ 😬
တောင်ကိုးလုံး ကုန်မှ အောက်ကရွာမှာ ထမင်းစားရမှာဆိုတော့ စားချင်စိတ်ကလေးနဲ့သာလျှောက်ပါ😝
ဓာတ်ပုံအရိုက်ကောင်းတာ ကိုယ်တွေ နောက်ဆုံးမှရောက်သွားပြီး စားရတယ် 🤣🤣🤣
တောင်ခြေကရွာဘုန်းကြီးကျောင်းမှာ နေ့လည်စာစား၊ ခဏနား အိပ်တဲ့လူကအိပ်ကြနဲ့ပေါ့။ ကျွေးတာတွေကလဲ ကျေးလက်အနံ့အသက်တွေနဲ့ ဖက်ထမင်းထုပ်၊ အချိုပွဲတွေနဲ့ရှယ်ပေါ့ 🤤 ပီးတာနဲ့ နေ့လည် ၃ နာရီလောက်မှာ အိပ်မယ့် ရွာကိုပြန်ထွက်ခဲ့ကြတယ်။ ဗိုက်တင်းနေတော့ အိပ်ချင်မူးတူးဖြစ်နေပေမယ့်လဲ ရွာလမ်းတွေ၊လယ်ကွင်းတွေ မြက်ခင်းစိမ်းစိမ်းတွေက ဦးနှောက်ကို ပြန်လန်းဆန်းစေတာတော့အမှန်ပဲ။ နေရာတိုင်းက ဓာတ်ဖမ်းချင်စရာ😻
ရွာကအိမ်လေးမှာတညအိပ်ကြမယ်
•••••••••••••••••••••••••••••••
လျှောက်ရင်းနဲ့ပဲ ညနေစောင်းတော့ ရွာကအိမ်ကိုရောက်ပါပီ 🤗 ကလောက ပေးလိုက်တဲ့အထုပ်တွေကလဲ ရွာကအိမ်ကိုကြိုရောက်နှင့်နေပီလေ။ ရောက်တာနဲ့ အထုပ်ချ ရေချိုးဖို့လုကြရင်း ပျော်စရာကြီး 😬
မိန်းကလေးတွေကို အခန်းပေးထားပါတယ်။ တစ်ချို့ကလဲ အပြင်မှာတန်းစီ အိပ်ကြပေါ့။ အင်တာနက်လိုင်းကလဲမမိ ဆက်သွယ်မှုဧရိယာ ပြင်ပဆိုတော့ တစ်ယောက်နဲ့ တယောက် ရင်းနှီးမှုနဲ့ ချစ်ခင်မှုကိုပိုရစေပါတယ် ☺️ သူငယ်ချင်းတွေ အဖွဲ့လိုက်လာရင်လဲ ပိုပြီး နွေးထွေးမှုရစေတာပေါ့။ ကဲ ရေမိုးချိုးပြီး ၇ နာရီလောက်ကြ ပြင်ဆင်ထားတဲ့ ညနေစာ စကောထမင်းကို အဝလွေးကြပါတော့တယ် 😁 တနေကုန်ပင်ပန်းထားတော့ ဘာစားစားကို အရသာရှိနေတာ။ အချိုပွဲလဲပါသေးနော် ငှက်ပျောသီးမီးတောက် 🤩 မီးတွေအကုန်ပိတ် ငှက်ပျောသီးမီးတောက်တာကိုကြည့်ပြီး မီးငြိမ်းရင်စား အိုး so good ပေါ့ 🤤 ဦးရဲက ကော့တေးလဲ တိုက်သေးတယ်ဗျ လောကစည်းစိမ်ဆိုတာ ဒါမျိုးကိုခေါ်တာထင်တယ်။ မြို့ပြရဲ့မွန်းကြပ်မှုတွေ social media တွေနဲ့ဝေးရာက တစ်ညတာလေးပေါ့။ ပီးရင် မအိပ်ကြသေးဘူး အကုန် ဂိမ်းတွေဆော့ကြ ရှုံးတဲ့လူနဖူးတောက်ကြ။ သရဲအကြောင်းတွေ ပြောကြနဲ့ ပါလာသမျှလူတွေနဲ့ အကုန်ခင်သွားကြတာပေါ့ 😁 ည ၁၀ နာရီလောက်ကြ မီးလဲပိတ် အကုန်ပင်ပန်းပီး တစ်ချိူးတည်းပဲ အိပ်ရော 🙄
ကလောသို့အပြန် ➡️
••••••••••••••••••
မနက်မိုးလင်းတာနဲ့ မျက်နှာသစ်သွားတိုက် မနက်စာစားပြီး ၈ နာရီလောက်မှာ အပြန်ခရီးဆက်ခဲ့ကြပါတယ် ☺️ အပြန်တောက်လျှောက်လဲ ကိုယ်တက်လာခဲ့ရတဲ့ တောင်ကိုးလုံးကိ်ုမြင်နေရတယ်။ ဖီလင် အမေးဇင်းပေါ့။ အပြန်လဲ နားကြ လျှောက်ကြ ရီကြ မောကြနဲ့ အရမ်းကိုပျော်ရပါတယ်။ ရာသီဥတုလေးကလဲ အုံ့မှိုင်းမှိုင်းနဲ့ လမ်းလျှောက်ရတာကလဲ အရမ်းမိုက်။ ဒီလိုနဲ့ ၂ နာရီလောက် လမ်းလျှောက်ပြီးတာနဲ့ လာကြိုတဲ့ ကားတွေနားရောက်လာပါတော့တယ်။ တောင်တန်းတွေကို နှုတ်ဆက်ရင်း လွမ်းစရာကြီးပေါ့။ ကလောရောက်တာနဲ့ ရေမိုးချိုး အနားယူပြီး နေ့လည်စာစားကာ ကလောမြို့အနှံလျှောက်လည်ခဲ့ပါတယ်။ ဦးရဲတို့ပဲလိုက်ပို့ပေးတာ။ ဓာတ်ပုံတွေလဲရိုက်ပေး ပျော်တာပေါ့နော်။ ညနေဆို ဟော့ပေါ့ဆိုင်ခေါ်သွားပေးတယ်။ အဝကြိတ်ပဲ ပြီးတော့ ညနေ ၇ နာရီကားနဲ့ ရန်ကုန်ပြန်ဆင်းလာခဲ့ပါတယ် 😎
တောင်ကိုးလုံးတက်ဖို့ ဘယ်လိုJoinမလဲ?
•••••••••••••••••••••••••••••••••••••
U U Ye Kalawthar ဆိုတဲ့ Page ရှိပါတယ်။ အပတ်စဉ် ခရီးစဉ်တွေရှိပါတယ်။ Details plan တွေ Discount တွေလဲရှိပါတယ်။ သဒ္ဓါတို့ဆို 50% discount နဲ့တိုးလို့ ရှယ်ပဲ။ 09258310379 ဦးရဲဖုန်းကိုဆက်ပြီးတော့လဲ Booking တင်လို့ရပါတယ်။ မိုးတွင်းသီးသန့်ခရီးလေးမလို့ မိုးရာသီမှာ ဘယ်သွားရမလဲစဉ်းစားနေတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ လူလဲအမြန်ပြည့်တက်လို့ သူ့ Page ကိုပဲစောင့်ကြည့်ပြီး မြန်မြန်လေးသာ ဒိုးလိုက်ပါ။ Recommend ပေးပါတယ်။ သူငယ်ချင်းတွေပဲအဖွဲ့လိုက်ဒိုးမလား? တစ်ယောက်ထဲပဲဒိုးမလား? Couple တွေပဲ Ro မလား အားလုံး အိုကေတယ်။ ကဲ မိုးမှုန်တွေကြားက တောင်ကိုးလုံးကို အခုပဲ သွားလိုက်တော့ ဘော်ဒါတို့ရေ 😎😎😎
ရှောင်ရန်/ဆောင်ရန်များ ✔️
••••••••••••••••••••••••
➡️ အမှိုက် လုံးဝ လုံးဝ ပစ်မချပါနဲ့
➡️ ဖြစ်နိုင်ရင် ရေစိုခံတဲ့ ကျောပိုးအိတ်ယူသွားပါ။
➡️ ဗိုက်ဆာတတ်ရင် အဆာပြေမုန့်လေးတွေယူသွား
ပါ။
➡️ ဓာတ်မီးယူသွားပါ။
➡️ အားသွင်းစရာနေရာလုံးဝမရှိပါဘူး power bank
ယူသွားပါ။
➡️ ဖြစ်နိုင်ရင် AirPlane Mood လုပ်ပြီး ဖုန်းအားကို
ချွေတာသုံးပါ။
➡️ ခြေအိတ်အပိုတစ်စုံယူသွားပါ။
➡️ ပေါ့ပေါ့ပါးပါးအဝတ်အစားများသာဝတ်သွားပါ။
❤️ အမှိုက်တွေကို မိမိ အိတ်ထဲပြန်ထည့်ပြီး ယူသွားခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ပါ ❤️
အဆုံးထိ ဖတ်ပေးလို့ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
#TDTravelNotes #9Mountains #UUYeKalawthar #Travelholic
#ခြေရာတွေပဲချန်ပြီးအမှတ်တရတွေပဲပြန်ယူလာမယ်
အတက်လမ်းကမတ်တော့ မောပြီလေ
နောက်မှာမြူတေဖုံးကုန်ပီ
မြူမရှိတော့ရင် အပြေးအလွှားသွားရိုက် မန်းလေးဘက်အခြမ်းပေါ့
မန်းလေးမှာ 😌😝😝
ဟိုးမှာ အတန်းလိုက်ကြီး ရှေ့ကအဖွဲ့
ခဏနား မုန့်စား
ဘာနဲ့မှမလဲနိုင်တဲ့ ကော်ဖီပူပူလေးတစ်ခွက်
နားပီးပြန်ထွက်ကြမယ်
ရွာအဝင်ကလယ်ကွင်းတွေ စိမ်းစို
တက်လာခဲ့တဲ့ တောင်ကိုးလုံးကို ပြန်မြင်ရတဲ့အခိုက်တန့်
ထမင်းစားဖို့ သွားနေတဲ့အဖွဲ့ရယ် ပဲပေးကောင်းနေတဲ့ ကိုယ်ရယ်
ထမင်းစားပြီးပြန်အထွက်နားလေး
မိုးရာသီဘာကြောင့်တောင်တက်သင့်လဲရှုခင်းတွေသာကြည့်တော့
No filter needed
စပါးခင်းကြီးကြိုက်လွန်းလို့
ခဏနားတဲ့ ဘုန်းကြီးကျောင်း
ဖက်ထမင်းနဲ့ နေ့လည်စာ
တောင်ကိုးလုံးက ကလောမရောက်မချင်းမြင်နေရတာ
ဒါကတော့ ရှယ် ညစာ
ကော့တေးနဲ့ ငှက်ပျောသီး မီးတောက်
မနက်စာ 🤩
ညအိပ်ခဲ့တဲ့ အိမ်လေးရဲ့အောက်မှာ
ဒါကတော့ ဆယ်လီ ယဲယဲပါ 😝
လက်ထဲက ငှက်ပျောသီး ၂ လုံးက အသက်ပါနော် U U Ye Kalawthar Trekking Service
ဟိုက်ရား ဒီတောင်တွေကိ်ု မေကျော်ကာဖြတ်ပမယ်
ဟိုးမှာကြည့် ကိုယ်တွေတက်လာခဲ့တဲ့ တောင်ပေါ့
ရထားလမ်းမြင်တော့ အပြေးအလွှားပဲပေး
ဘာတဲ့ Wanderlust Thader
ဒီလိုလမ်းလေးတွေ
ဟိုးမှာ ကားအဖြုလေး လာကြိုနေပီ
အဆုံးထိဖတ်ပေလို့ အားလုံးကိုကျေးဇူးအများကြီး တင်ပါတယ်ရှင့်
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ