bnr_tob_1

2020.11.19SOCIAL

လျှပ်စစ်ရုံးစာရေး သေဆုံးချိန်တွင် မီတာခကြွေးကျန် ကျပ်သိန်း ၈၀ ပေါ်ပေါက်

မီတာခပေးဆောင်ထားပြီးဖြစ်သော်လည်း ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သူများ မီတာခကြွေးကျန် တောင်းခံထားရသည်။ ဓာတ်ပုံ - မိုးထက်လျှမ်း/ Myanmar Now

By ဇော်ရဲသွေး

မီတာခပေးဆောင်ထားပြီးဖြစ်သော်လည်း ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သူများ မီတာခကြွေးကျန် တောင်းခံထားရသည်။ ဓာတ်ပုံ – မိုးထက်လျှမ်း/ Myanmar Now

ယုဇနဥယျာဉ်မြို့တော်အိမ် ရာတွင် နေထိုင်သူ ၂၀၀ ကျော် သည် မြို့နယ်လျှပ်စစ်ရုံး ငွေကိုင် စာရေးမှတစ်ဆင့် မီတာခပေး ဆောင်ထားပြီး ဖြစ်သော်လည်း Covid-19 ကြောင့် အဆိုပါစာ ရေးသေဆုံးချိန်တွင် မီတာခကြွေး ကျန်ရှိသည်ဆိုကာ တောင်းခံရ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ရာ တွင် နေထိုင်သူ ၂၀၀ ကျော်သည် မြို့နယ်လျှပ်စစ်ရုံး ငွေကိုင်စာ ရေးမှတစ်ဆင့် မီတာခ (လျှပ်စစ် ဓာတ်အားခ) ပေးဆောင်ထားပြီး ဖြစ်သော်လည်း မီတာခကြွေးကျန် ကျပ်သိန်း ၈၀ ခန့် ကျန်ရှိနေသည် ဆိုကာ တောင်းခံထားရသည်ဟု သိရသည်။

ယုဇနဥယျာဉ်မြို့တော်တန် ဖိုးနည်းအိမ်ရာ အပိုင်း (၁) ရှိ ၈၆၄ ခန်းအနက် အခန်း ၂၀၀ ကျော်ကို လျှပ်စစ်မီတာခကြွေး ကျန်များရှိနေကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အောက် တိုဘာ ၁၉ ရက်တွင် အသိပေးအ ကြောင်းကြားခဲ့သည်ဟု ဆိုသည်။

မြို့နယ်လျှပ်စစ်ရုံးမှ ငွေကိုင် စာရေး (၂) ဒေါ်စိုးစိုးမာမှတစ်ဆင့် မီတာခပေးဆောင်ထားပြီးဖြစ် သော်လည်း အောက်တိုဘာလ ဆန်းပိုင်းတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဖြင့် ဒေါ်စိုးစိုးမာ ဆုံးပါးချိန်တွင် အဆို ပါမီတာခကြွေးကျန် ပေါ်ပေါက် လာခြင်းဖြစ်သည်။

‘‘ဒေါ်စိုးစိုးမာလည်း ဆုံးပြီး ကျွန်တော်တို့ကို မီတာစာရွက် လာပေးတော့ လေးလစာ ကျန်တယ်၊ ငါးလစာကျန်တယ် ဆိုပြီးတော့ စာရွက်ပေါ်မှာ လအ မည်တွေ မဖော်ဘဲနဲ့ ကြွေးကျန်ဆို ပြီးတော့ ရေးချလိုက်တယ်။ မင်နီ နဲ့ ရေးချလိုက်တယ်။ အဲဒီလို ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို တောင်း တာ’’ ဟု မီတာခကြွေးကျန် ကျပ် နှစ်သိန်းကျော် တောင်းခံရသည့် အိမ်ရာအပိုင်း (၁) ရာအိမ်မှူး ဦးအောင်ခိုင်က Myanmar Now ကို ပြောသည်။

မီတာစာရွက်ပေါ်တွင် လက် ရေးဖြင့်ရေးကာ လျှပ်စစ်မီတာခ ကြွေးကျန်ကျသင့်ငွေဟုဆိုကာ လအမည်မဖော်ပြဘဲ မြို့နယ် လျှပ်စစ်ရုံးက တောင်းခံခဲ့ခြင်း ဖြစ်သည်။

မီတာစာရွက် ဖြတ်ပိုင်းများ တွင် ငွေရှင်းပြီးကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ၏တံဆိပ်တုံး ရိုက်နှိပ်ထားသော်လည်း စာရွက် အတုသာဖြစ်ကြောင်း မြို့နယ် လျှပ်စစ်ရုံးဘက်က ဆိုသည်ဟု ဦးအောင်ခိုင်က ပြောသည်။

‘‘ရှင်းပြီး လက်မှတ်ထိုးတာ လည်း ရှိတယ်။ တံဆိပ်တုံးရိုက် တာလည်းရှိတယ်။ တံဆိပ်တုံး ရိုက်တာလည်း သူတို့တံဆိပ်တုံး မဟုတ်ဘူးလို့ ပြောတယ်။ အတု ဆိုပြီး ပြောထည့်တာ’’ ဟု ၎င်းက Myanmar Now ကို ပြောသည်။

မီတာခကြွေးကျန်တောင်းခံ ရသူများသည် အနည်းဆုံး ကျပ် ၃၀,၀၀၀ ကျော်မှ ကျပ်လေးသိန်း ကျော်အထိ တောင်းခံရခြင်းဖြစ် ပြီး ယခုနှစ်ကုန် နောက်ဆုံးထား ပေးသွင်းရန် YESC က နောက်ဆုံး အကြိမ် သတိပေးစာပေးပို့ထား သည်ဟု သိရသည်။

အဆိုပါအိမ်ရာတွင်‌ နေထိုင် သူအများစုသည် မြို့နယ်လျှပ်စစ် ရုံးမှ ငွေကိုင်စာရေးမှတစ်ဆင့် မီတာခပေးဆောင်ကြခြင်းဖြစ်ပြီး မီတာခပေးဆောင်ထားသည့် အ ထောက်အထားများလည်း ရှိ သည်ဟု ဆိုသည်။

လျှပ်စစ်ရုံး ငွေကိုင်စာရေး ဒေါ်စိုးစိုးမာမှတစ်ဆင့် မီတာခ ပေးဆောင်သူများတွင် မီတာခ ကြွေးကျန် အတောင်းမခံရသူများ လည်းရှိနေပြီး ယင်းအိမ်ရာ အပိုင်း (၁)၊ တိုက်နံပါတ် (၈) တွင် နေထိုင်သူ ဦးထွန်းအောင် သည် ကြွေးကျန်တောင်းခံရသူ များတွင် ပါဝင်ခြင်းမရှိပေ။

‘‘ဒေါ်စိုးစိုးမာသေတော့မှ ဒီ ပြဿနာပေါ်တာ။ ကြွေးကျန်ရှိ တယ်၊ ကျွန်မတို့ မဆောင်ဘူးဆို ရင် အရင်လတွေကတည်းက သူ တို့ကြွေးကျန် ရေးရမယ်လေ။ အဲဒီထဲက ကြွေးကျန်ပါလို့ရှိရင် လူသက်ရှိထင်ရှားရှိလို့ ရှင်းလို့ လွယ်တယ်။ အခုက လူသေတော့ ကြွေးကျန် ငါးလစာတွေ၊ လေးလ စာတွေဆိုပြီးတော့မှ လာတယ်’’ ဟု အဆိုပါအိမ်ရာတွင် နေထိုင် သူတစ်ဦးဖြစ်သူ ဒေါ်မြင့်သက် ကျော်က ပြောသည်။

ဒေါ်မြင့်သက်ကျော်သည် မီ တာတစ်စောင်လျှင် ဝန်ဆောင်ခ ကျပ် ၃၀၀ ယူ၍ လျှပ်စစ်ရုံး ငွေကိုင်စာရေးဖြစ်သူ ဒေါ်စိုးစိုးမာ မှတစ်ဆင့် ကြားခံမီတာခပေး ဆောင်နေသူလည်းဖြစ်ပြီး ယုဇန ဥယျာဉ်အိမ်ရာတွင် ထိုသို့ဆောင် ရွက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ် သည်။  မီတာခပေး ကြွေးကျန် တောင်းခံရခြင်းနှင့်ပတ်သက်၍ ယုဇနဥယျာဉ်အိမ်ရာ အပိုင်း(၁) တိုက်အမှတ် (၉) တွင် နေထိုင်သူ ဦးသောင်းလွင်နှင့် တိုက်အမှတ် (၁၁) တွင် နေထိုင်သူ ပန်းချီဆရာ မောင်ရူပါတို့က ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ပြီး တိုင်ကြားခံရသူများတွင် မြို့နယ် လျှပ်စစ်ရုံးမန်နေဂျာ ဦးတင်ထက် စိန်နှင့် လက်ထောက်အထွေထွေ မန်နေဂျာ ဦးမြင့်ရွှေအပါ ရုံးဝန် ထမ်းအားလုံးပါဝင်သည်။

မီတာခ ကြွေးကျန်အဖြစ် ၇၆,၀၀၀ ကျပ်ကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပေးသွင်းရန် YESC က တောင်းခံလွှာကို ရရှိ ထားသည်ဟုလည်း ပန်းချီဆရာ မောင်ရူပါက ပြောသည်။

‘‘စာရေး (ဒေါ်စိုးစိုးမာ) လုပ် တယ်ဆိုတာ သူတို့ လုံးဝငြင်းမရ ဘူး။ ဘာကြောင့်လဲဆိုတော့ စာရွက်မှာ မန်နေဂျာလက်မှတ် တွေပါနေတယ်’’ ဟု ပန်းချီဆရာ မောင်ရူပါက Myanmar Now ကို ပြောသည်။

‘‘မီတာနဲ့ပတ်သက်ပြီးတော့ သူတို့က ဆုံးသွားတဲ့အစ်မကြီး ဆီမှာ သွားသွားဆောင်တာ။ ကျွန် တော်တို့ဌာနကလည်း သတ်မှတ် ထားတာ ရှိတယ်လေ။ အခြားသူ ဘယ်သူမှ ပေးဆောင်လို့မရဘူး ဆိုတာ။ အကုန်လုံးနီးပါးက ကိုယ်တိုင်လာမဆောင်ဘူး’’ ဟု တိုင်ကြားခံထားရသူ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးတင်ထက် စိန်က ပြောသည်။

လျှပ်စစ်ရုံးမှ လျှပ်စစ်ဓာတ် အားခတောင်းခံစာအရ ဓာတ် အားခပေးဆောင်ရာတွင် သတ် မှတ်ထားသော ငွေလက်ခံဌာန များသို့ တိုက်ရိုက်ပေးသွင်းကြ ရန်နှင့် မီတာစာရေးကိုဖြစ်စေ၊ အခြား လျှပ်စစ်ဝန်ထမ်းကိုဖြစ် စေ၊ ပြင်ပပုဂ္ဂိုလ်တစ်ဦးဦးထံ ပေးသွင်း၍ ငွေကြေးပြဿနာပေါ် လာပါက ပေးဆာင်သူများ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြ ထားသည်။

လက်ရှိတွင် အဆိုပါတိုင် ကြားချက်ကို ရန်ကုန်တိုင်းအစိုး ရအဖွဲ့က စိစစ်နေဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ် နီလာကျော်က နိုဝင်ဘာ ၁၆ ရက် တွင် Myanmar Now ကို ပြော သည်။  

‘‘ကျွန်မတို့က YESC ဘက် ကို စိစစ်တင်ပြရန်ဆိုပြီးတော့မှ ကျွန်မတို့က စာချပေးရမှာ။ သူ တို့ဘက်က စိစစ်တင်ပြလာတော့ မှ အစိုးရအဖွဲ့မှာ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဲဒါကို စိစစ်ခိုင်း ထားပါတယ်’’ ဟု ၎င်းက ပြော သည်။

Credit : https://7day.news

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img